သီပေါမြို့ နှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရ
Pearl (NSS) - ဒီဇင်ဘာ ၂၉
သီပေါမြို့ နှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့မြောက်ဘက် (၉) မိုင်ကျော်အကွာ၊ မိုးတေရွာ မြောက်ဘက်၊ သီပေါမြို့ နှင့် နမ္မတူမြို့ကြားရှိ ဒုဌဝတီမြစ်(မြစ်ငယ်) ပေါ်တွင် တည် ဆောက်ထားသည့် မိုးတေတံတားသည် ဒီဇင်ဘာလ (၂၈) ရက်၊ ညနေ ၆ နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
"မနေ့က ညပိုင်းလောက်က အချိုးခံရတာပေါ့။ သီပေါကနေ နမ္မတူကိုလည်း တိုက်ရိုက်သွားလို့ရတယ်။ မိုးတေတံ တားက သီပေါ- နမ္မတူကြား၊ လားရှိုး-နမ္မတူကြားပေါ့။ လားရှိုးကနေ မန္တလေးဘက်ကို သွားမယ်ဆိုရင် (၂)လမ်းရှိတာပေါ့။ အဲဒီတစ်လမ်းရယ်၊ နောက်ထပ် နမ့်ပေါင်တံတားရယ်။ အခု တစ်လမ်းပျက်သွားတော့ လားရှိုးကထွက်ရင် တစ်လမ်းပဲ ကျန်တော့တာပေါ့" ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
အဆိုပါမိုးတေတံတားသည် သီပေါ - နမ္မတူ - မန်တုံ - နမ့်ဆန်မြို့ တို့ကို အဓိက ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ပြီး မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားခဲ့သဖြင့် ကားကြီးများသွား၍ မရတော့ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် အတွက် ပျက်စီးသွားသည့် နေရာများအား ဒေသခံများမှ ပြုပြင်လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၇ ရက်မှစတင်ကာ နမ္မတူမြို့ရှိ အမှတ် (၃၂၄)ခြေမြန်တပ်ရင်း နှင့် နမ္မတူမြို့ရှိ နေရာအချို့အား TNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းတွင် နမ္မတူတစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ကြောင်းသိရသည်။
ပြီးခဲ့သော နိုဝင်ဘာလတွင်လည်း TNLA ပူပေါင်းအဖွဲ့က ကျင်သီတံတားအနီးရှိ လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျင်သီတံတားအား မိုင်းခွဲဖျက်ဆီးသွားခဲ့သည်။ ရှမ်းမြောက်တွင်လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တံတားအများစုသည် ချိုးဖျက်ခံထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၃ ခုနှစ် အကယ်ဒမီဆုပေးပွဲကို လာမည့်ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပနိုင်ရန်လျာထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ