Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“ရွှေတိဂုံစေတီတော်ကြီးနဲ့ပတ်သက်တဲ့ ငွေဆိုရင် အစိုးရကဖြစ်စေ၊ တစ်ဖွဲ့ဖွဲ့ကဖြစ်စေ ယူချင်တိုင်းယူ၊ သုံးချင်တိုင်းသုံးစွဲခွင့် မရှိပါဘူး” (အင်တာဗျူး)

NSS - ဒီဇင်ဘာ ၁၃

ရွှေတိဂုံစေတီ‌တော်ကြီး၏ အလှူငွေများကို အစိုးရအနေဖြင့် By Force ဖြင့် အတင်းယူသွားရန် မရသည့်အပြင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်(၆)ဦးကို ငွေထုတ်သည့်အခါ လက်မှတ်ရေးထိုးခွင့်ကို သက်ဆိုင်ရာဘဏ်များ၌ စာရင်းသွင်းပေးထားကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဒီဇင်ဘာလ ၁၂ ရက်တွင် NSS မှ အယ်ဒီတာချုပ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုရာ၌ ထည့်သွင်းဖြေကြားထားသည်။ 


မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက မီဒီယာတစ်ခုမှာဖော်ပြထားတာရှိပါတယ်။ ရွှေတိဂုံဘုရားရဲ့အလှူငွေ ဒေါ် လာတွေကို တပ်မတော်က ၂၁၀၀ ကျပ်နဲ့ဖြတ်ပြီးယူသွားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေနဲ့ ဘယ်လိုများပြောချင်ပါလဲ ဗျ။


ဖြေ ။ ။ ဒီသတင်းကို ခေတ်သစ်ကတင်ထားတာကျွန်တော်တို့တွေ့လိုက်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ မဟုတ်မမှန်တဲ့သတင်းတွေတင်နေတယ်လို့ ပြောချင်ပါတယ်။ ဒီသတင်းကမ ဟုတ်မမှန်ပါဘူးလို့ ပြောချင်ပါတယ်။ ရွှေတိဂုံစေတီတော်မှာရှိတဲ့ အလှူငွေတွေ နိုင်ငံခြားငွေ၊ မြန်မာငွေအားလုံးဟာ မြန်မာ့ စီးပွားရေးဘဏ်နဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်တွေရဲ့ အကောင့်တွေထဲမှာ လက်ရှိအတိုင်းရှိနေပါတယ်။

¬¬

မေး ။ ။ အဲဒီသတင်းမှာ ဂေါပကအဖွဲ့ဝင်တွေနဲ့နီးစပ်တဲ့လူကပြောပါတယ်ဆိုပြီး ရေးထားတာတွေ့ ရပါတယ်။ အဲဒါကြောင့် ကိုယ့်အဖွဲ့အစည်းထဲမှာမဟုတ်မမှန်သတင်းဖြန့်တဲ့လူတွေရှိတယ်ဆိုတဲ့ သံသယမျိုး တွေ့ရတယ်ဆိုတဲ့ အနေအထားမျိုးကို ဘယ်လိုမျိုးများပြောချင်ပါလဲဗျ။


ဖြေ ။ ။ လက်ရှိအခြေအနေအရဆိုရင် သတင်းအမှန်ကိုမသိဘဲနဲ့ ပြောချင်နေတဲ့ပုဂ္ဂိုလ်တွေကတော့ ရှိနေမယ်ဆိုတာကို နားလည်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရွှေတိဂုံစေတီတော်မှာ ရွှေနဲ့ပတ်သက်ပြီး အလှူငွေနဲ့ပတ်သက်ပြီး တပ်မတော်ကယူဆောင်သွားတယ်ဆိုတဲ့သတင်းတွေဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်း ကလည်း ကျွန်တော်တို့အနေနဲ့တရားဝင်ထုတ်ပြန်ရှင်းလင်းတာမရှိပေမယ့် ကာလတစ်ခုမှာတော့ ပြန်ပြီးမှေးမှိန်သွားတာကိုတွေ့ရပါတယ်။ လက်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ နိုင်ငံခြားငွေနဲ့ပတ်သက်ပြီး ပြောနေတာတွေဟာလည်း မဟုတ်မမှန်ပါဘူးလို့ ခိုင်ခိုင်မာမာပြော ချင်ပါတယ်။


မေး ။ ။  ရှင်းရှင်းလင်းလင်းသိချင်တာတစ်ခုရှိပါတယ်ဗျ။ တပ်မတော်က ၂၁၀၀ နှုန်းနဲ့ဒေါ်လာသန်း ၂၀ လောက်ကိုယူသွားတယ်ဆိုပြီး အတိအကျရေးထားတာကိုတွေ့ရတယ်။ ဒါကို မဟုတ်ဘူးဆိုတဲ့ခိုင်မာတဲ့ အချက်အလက်လေးပြောပြပေးပါဗျ။


ဖြေ ။ ။ ဘုရားကနေပိုင်ဆိုင်တဲ့ နိုင်ငံခြားငွေက နိုင် ငံခြားကုန်သွယ်မှုဘဏ်မှာအကောင့်နဲ့ထားပါတယ်။ နိုင်ငံခြားငွေနဲ့သုံးစွဲဖို့လိုအပ်လာတဲ့အခါမှာ လုပ်ငန်းတွေမှာ အနည်းအကျဥ်းသုံးစွဲခဲ့ဖူးတဲ့ အစဥ်အလာ ရှိပါတယ်။


မေး ။ ။  ဘယ်လိုမျိုးနေရာတွေမှာ သုံးစွဲခဲ့တာပါလဲဗျ။


ဖြေ ။ ။ ကျွန်တော်တို့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ သီရိလင်္ကာနိုင်ငံက စွယ်တော်နဲ့ MoU ထိုးထားတာတွေရှိပါတယ်။ အဲဒီအတွက် အပြန်အလှန်ဖိတ်ခေါ်သွားလာတာတွေရှိတယ်။ ဒါမျိုးနေ ရာတွေမှာ ဒေါ်လာငွေသုံးရမယ်ဆိုရင် ဒီထဲကနေသုံးစွဲပါတယ်။ နောက်ပြီး စက်လှေကားတွေနဲ့ပတ် သက် ပြီး နိုင်ငံခြားငွေသုံးစွဲရမယ့်လုပ်ငန်းတွေပေါ်လာရင်လည်း သုံးစွဲနေရတာတွေရှိပါတယ်။ ဒီကာလမှာ ဒေါ်လာနဲ့ပတ်သက်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် သတ္ထုတွင်းဝန်ကြီးဌာနကနေ ရွှေဝယ် ယူရတာတွေရှိတယ်။ ၂၀၂၄ - ၂၀၂၅ ခုနှစ်မှာဆိုရင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ဖို့ရှိပါတယ်။ ဒီလိုကာလမှာ ရွှေဝယ်ယူဖို့ ဝယ်ယူတဲ့နေ့မှာ အစိုးရဆီကနေ ကမ္ဘာ့ရွှေ၊ ဒေါ်လာပေါက်စျေးပေါ်မူတည်တွက်ချက်ပြီး ပေးချေရတာပါ။ အခုလို ရွှေစျေးတွေ အဆမတန်တက်နေတဲ့ ကာလမှာ ကမ္ဘာ့ပေါက်စျေးအတိုင်းဒေါ်လာနဲ့ချေရင် ဖြစ်နိုင်ပါ့မလားဆိုတာစဥ်းစားရတယ် ငွေလဲနှုန်းနဲ့ မဆိုင်ပါဘူး။ ဒီအပေါ်မှာ သတင်းအမှားပေးဖို့ ယူဆသွားတယ်လို့ထင်ပါတယ်။


မေး ။ ။ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ အများပြည်သူလှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ပတ်သက်ရင် သတ်မှတ်ထားတဲ့မူဘောင်ရှိပါလားဗျ။ ဘာကြောင့်လဲဆိုတော့ အစိုးရတစ်ရပ်တက်လာတိုင်း ဒီလိုမျိုးတွေ သတင်းထွက်လာတော့ ဂေါပကအဖွဲ့ဝင်တွေအနေနဲ့သတ်မှတ်ထားတဲ့ မူဘောင်လေးကို ပြောပြပေး စေချင်ပါတယ်။


ဖြေ ။ ။ အလှူငွေနဲ့ပတ်သက်ပြီး ရွှေတိဂုံစေတီတော်မှာ ဘဏ္ဍာရေးဌာနဆိုပြီးရှိတယ်။ ငွေစာရင်း ခေါင်းစဥ်အလိုက် အလှူငွေတွေကဝင်ရောက်လာတာပါ။ ရင်ပြင်တော်ပေါ်မှာ သက်ဆိုင်ရာခေါင်းစဥ် အလိုက် အလှူခံမဏ္ဍပ်တွေရှိပါတယ်။ အဲဒီအလှူငွေတွေကို ည ၈ နာရီဘုရားပိတ်သိမ်းချိန်မှာ ဘ ဏ္ဍာရေး ဌာန၊ အဲဒီနေ့မှာတာဝန်ကျတဲ့တာဝန်မှူး၊ လုံခြုံရေးရယ် ရွှေတိဂုံစေတီတော်စောင့်ရှောက်ရေးသံဃာတော် ၁၀ ပါးရယ်က အလှူငွေတွေကိုလိုက်သိမ်းပါတယ်။ သက်ဆိုင်ရာခေါင်းစဥ်အလိုက် အိတ်တွေထဲကို အလှူ ငွေတွေထည့်ပါတယ်။ မနက် ၉ နာရီခွဲရုံးဖွင့်တာနဲ့ အလှူငွေတွေကိုရေတွက်တယ်။ ၁၁ နာရီခွဲကျော် လောက်မှာ ဘဏ်ကိုသွားပြီး ငွေစာရင်းခေါင်းစဥ်အလိုက်အပ်တယ်။ ဒါက ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ နေ့စဥ်လုပ်နေတဲ့ ဘဏ္ဍာငွေထိန်းသိမ်းတဲ့လုပ်ငန်းစဥ်တစ်ခုပါ။ လက်ထဲမှာငွေမထားပါဘူး။ စနေ၊ တနင်္ဂ နွေပိတ်ရက်ဆိုရင်သိမ်းထားပြီး တနင်္လာနေ့မှာအပ်တယ်။ သုံးစွဲတဲ့အခါမှာလည်း ငွေသားနဲ့မသုံးဘဲ "ချက်"နဲ့ ပေးချေတဲ့စနစ်ကိုပဲသုံးပါတယ်။ ငွေနဲ့ပတ်သက်ရင် ဘဏ်အကောင့်ထဲဝင်သွားတာဖြစ်တဲ့ အတွက် ငွေထုတ်ကြီးဟာ ဘုရားမှာလည်းမရှိပါဘူး။ သက်ဆိုင်ရာဘဏ်မှာရှိပါတယ်။ ငွေစုဘဏ် အမှတ်(၁)၊ (၂) ၊ (၄) နဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်တွေမှာ ခေါင်းစဥ်အလိုက်ထားပါတယ်။


မေး ။ ။ ရွှေတိဂုံစေတီတော်ကြီးနဲ့ပတ်သက်တဲ့ ငွေဆိုရင် အစိုးရကဖြစ်စေ၊ တစ်ဖွဲ့ဖွဲ့ကဖြစ်စေ ယူချင်တိုင်းယူ၊ သုံးချင်တိုင်းသုံးစွဲခွင့်ရှိပါလားဗျ။ အကျယ်တဝင့်လေးရှင်းပြပေးပါဗျ။


ဖြေ ။ ။ အဲဒီလိုမျိုးမရပါဘူး။ ရှိလည်းမရှိပါဘူး။ ကျွန်တော်တို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်(၆) ယောက်ကို ငွေထုတ်တဲ့အခါ လက်မှတ်ရေးထိုးခွင့်ကို သက်ဆိုင်ရာဘဏ်တွေမှာ စာရင်းသွင်းပေးထား ပါတယ်။ ငွေအထုတ်အသွင်းလုပ်တိုင်း ဂေါပကအဖွဲ့ဝင် (၃)ယောက်က လက်မှတ်ထိုးပြီး ဆောင်ရွက်ရပါတယ်။ ဂေါပကအဖွဲ့ဝင် (၃)ယောက်ရဲ့လက်မှတ်မပါဘဲ ငွေထုတ်လို့မရပါဘူး။


မေး ။ ။ လူတွေထင်ယောင်ထင်မှားဖြစ်နေတဲ့အချက်တစ်ခုက အစိုးရတွေက Force to အနေနဲ့အ တင်းယူသွားတာမျိုးလုပ်လို့ရလားဗျ။


ဖြေ ။ ။ အဲဒီလိုမျိုးမရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘဏ်ကိုရောက်သွားပြီဆိုရင် ဒီဟာက ရွှေ တိဂုံစေ တီတော်မြတ်ကြီးရဲ့ အလှူငွေဆိုပြီး အထုတ်လိုက်ရှိနေတာမဟုတ်ပါဘူး။ စာရင်းထဲကိုဝင်သွားတာပါ။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ငွေထုတ်ကြီးဆိုပြီးယူလို့လည်းမရပါဘူး။


မေး ။ ။ အခုဆိုရင် လူတွေအထင်အမြင်မှားနေတာက ရွှေတိဂုံဘုရားရဲ့အလှူငွေတွေကို တပ်မတော်က ၂၁၀၀ နဲ့ဖြတ်ယူသွားတယ်။ ဒါကြောင့် ဘုရားကိုမလှူတော့ဘူး။ မသွားတော့ဘူးလို့ စိုးရိမ်စိတ်တွေ ပေါ်လာတယ်။ ဖြန့်ဝေတာတွေလည်း ပိုဖြစ်လာတယ်။ ဒီအပေါ်မှာ ဘုရားဖူးပြည်သူတွေအ ပေါ်ဘယ်လိုမျိုးများပြောချင်ပါလဲဗျ။


ဖြေ ။ ။ ဘုရားဖူးပြည်သူလူထုတွေအနေနဲ့ အဲဒီသတင်းအမှားကို ယုံတဲ့လူလည်းရှိမယ်။ မယုံတဲ့လူလည်း ရှိမယ်။ အရင်က ထွက်ပေါ်ခဲ့ဘူးတဲ့ကောလာဟလတွေလိုပဲ အချိန်တစ်ခုမှာနားလည် သဘောပေါက်သွား ပါလိမ့်မယ်။ ရွှေနဲ့ဆိုရင်လည်း ရွှေနဲ့ပတ်သက်ပြီး ငွေနဲ့ဆိုရင်လည်း ငွေနဲ့ပတ်သက်ပြီး ဘုရားကြီးက ပြောခံနေရတာ ခလုတ်တိုက်ခံနေရတာပါ။


မေး ။ ။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းစတဲ့အချိန်တုန်းကလည်း တစ်ကြိမ်ကြားခဲ့ရပါတယ်။ တပ်မတော်မှာ ပိုက်ဆံချေစရာမရှိတော့လို့ ရွှေတိဂုံဘုရားက ပိုက်ဆံတွေယူသွားတယ်ဆိုတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီး အခုလိုအချိန်မျိုးမှာဆိုရင်ရော ဘယ်လိုမျိုးပြန်ပြောမလဲဗျ။


ဖြေ ။ ။ ကျွန်တော်ပြောသလို ဒါတွေဟာ အချိန်တစ်ခုမှာ ပျောက်ပျက်သွားမှာပါ။ အဲဒီတုန်းကလည်း ရှိပါတယ်။ ကျွန်တော့်မိတ်ဆွေတွေက ဖုန်းတွေဆက်ပြီးမေးကြတယ်။ ဖိတ်ခေါ်ပါတယ်။ လာခဲ့ပါ။ ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ထုတ်ပြန်လို့ရပါတယ်။ ဒီနှစ် ဒီဇင်ဘာလ ၅ ရက်နေ့စာရင်းအရဆိုရင် ကျွန်တော်တို့မှာ အလှူငွေက မြန်မာငွေအနေနဲ့ ၉၉ ဒသမ ၆၀၄ ဘီလျံ နဲ့ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ သန်းရှိပါတယ်။ ဒါတွေကတိုးပွားလာအုံးမှာပါ။ဒီ နှစ်ဘတ်ဂျက်နှစ်ကုန်ရင် မြန်မာငွေ ဘီလီယံရာချီ သွားဖို့ပဲရှိပါတယ်။ ကိုဗစ်(၁၉)ရောဂါစဖြစ်တဲ့အချိန်တုန်းကဆိုရင် မြန်မာငွေ ၉၁ ဘီလျံလောက်ရှိတယ်။ ဒီ ၃ နှစ်အတွင်းမှာ ၉၉ ဘီလျံလောက်ဖြစ်သွားပြီ။ စုဆောင်းတဲ့ငွေမှာလည်း ငွေစုလက်မှတ်နဲ့ထားတာရှိ တယ်။ Fix Deposit နဲ့ထားတာရှိတယ်။ အဲဒီအပေါ်ကနေလည်း အတိုးတွေရနေပါတယ်။ ဒါကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အလှူငွေတွေက တိုးပွားလာနေပါတယ်။


မေး ။ ။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာငွေရှင်းတမ်းတွေကို မကြာခင်မှာအများပြည်သူသိအောင် Online ကနေ Website ကနေ တင်တာမျိုးတွေလုပ်သွားမယ်လို့ သိရပါတယ်။ အဲဒါကိုလည်း ပြောပြပေးပါအုံးဗျ။


ဖြေ ။ ။ ဘဏ္ဍာငွေတစ်ခုတည်းတင်မဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်နေတဲ့ PPT လို့ခေါ်တဲ့ ဘုရားဖူးတွေ လာတဲ့အခါ ဘုရားပေါ်ရောက်ရင် သင့်တော်တဲ့နေရာမှာထားထားတဲ့ Touch Screen မှာ ဘုရားနဲ့ပတ်သက် တာတွေကို အသေးစိတ်ကြည့်ရှုနိုင်အောင် ပြုစုနေပါတယ်။ ပြီးသလောက်ဖြစ်နေပါပြီ။ အဲဒီမှာလည်း အချက်အလက်တွေထုတ်ပြန်ပေးသွားဖို့ရှိပါတယ်။ စဥ်းလည်းစဥ်းစားထားပြီးသားပါ။


မေး ။ ။ ဂေါပကအဖွဲ့အနေနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြမယ့် ဘုရား ဖူးပြည်သူလူထုကို ရွှေတိဂုံစေတီတော်ကြီးနဲ့ပတ်သက်ပြီး ပြေပြချင်တဲ့အကြောင်းအရာလေးတွေရှိရင် ပြောပြပေးပါအုံးဗျ။


ဖြေ ။ ။ ရွှေတိဂုံစေတီတော်မြတ်ကြီးကို မနက် ၅ နာရီကနေ ည ၈ နာရီအထိ ဘုရားဖူးပြည်သူတွေ အတွက် ဖွင့်ထားပေးပါတယ်။ အဲဒီတော့ မည်သူမဆိုလာရောက်ဖူးမြော်နိုင်ပါတယ်။ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးကလည်း အမြဲတမ်းဖွင့်ထားပါတယ်။ ၂၄ နာရီအလှည့်ကျတာဝန်ပေးထားတဲ့ ဂေါပကအဖွဲ့ ဝင်တစ်ယောက်ကလည်း အမြဲတမ်းရှိပါတယ်။ ဘုရားနဲ့ပတ်သက်ပြီး မေးမြန်းချင်တာတွေရှိရင် ဂေါပကရုံးမှာ လာရောက်ပြီးမေးမြန်းနိုင်ပါတယ်။ ဒါမှလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးက မှန်မှန်ကန် ကန် ဖွင့်လှစ်နေတယ်ဆိုတာကို ပြည်သူတွေသိပြီး ဘုရားကြီးကိုကြည်ညိုမှုမပျက်ပြားစေနိုင်မှာပါ။


ကျေးဇူးတင်ပါတယ်ခင်ဗျ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း သတင်းထူးများ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved