ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့လိုဏ်ခေါင်းဆောင်တွေကိုတွေ့ရှိခဲ့ပြီးနောက် အယ်ရှီဖာဆေးရုံအကြီးအကဲကို အစ္စရေးစစ်တပ် ဖမ်းဆီး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၄
အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေဟာ ဂါဇာဒေသရှိ အယ်ရှီဖာဆေးရုံရဲ့အကြီးအကဲကို ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေနဲ့ ဆက်နွယ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေဟာ အဆိုပါဆေးရုံကို ၎င်းတို့ရဲ့အမိန့်ပေးကွပ်ကဲမှုစင်တာအဖြစ် အသုံးပြုတာ တွေနဲ့ပတ်သက်ပြီး ဆေးရုံအကြီးအကဲကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဆေးရုံကို စီးနင်းရှာဖွေ ချိန်အတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တဲ့လိုဏ်ခေါင်းတွေ၊ သေနတ်တွေ၊ ပေါက်ကွဲစေတဲ့ပစ္စည်း တွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ ဆေးရုံတာဝန်ရှိသူတွေကတော့ အစ္စရေးစစ်ဘက်ရဲ့ပြောဆိုချက်တွေကို ငြင်းဆန် ထားပါတယ်။ အစ္စရေးစစ်တပ်ဟာ ဆေးရုံအကြီးအကဲဖြစ်သူ Abu Salmiya အပြင် အခြားဆရာဝန်တစ်ဦးနဲ့ သူနာပြုနှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဆိုပါတယ်။
အစ္စရေးစစ်ဘက်က "ရှီဖာဆေးရုံဟာ ဆေးရုံအကြီးအကဲဖြစ်သူရဲ့စီမံခန့်ခွဲမှုအောက်မှာ ရှိနေတာပါ။ အဲဒီဆေးရုံ ဝန်းကျင်နားက လိုဏ်ခေါင်းတွေမှာ ဟားမက်စ်အဖွဲ့ရဲ့အမိန့်ပေး ထိန်းချုပ်ရေးစင်တာတွေကို တွေ့ရှိခဲ့တယ်။ ဒါကြောင့် ဆေးရုံအကြီးအကဲကို စစ်ဆေးဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်" လို့ ပြောပါတယ်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ နဲ့ အခြားလူအခွင့်အရေးအဖွဲ့အစည်းတွေက ဆေးရုံအကြီးအကဲကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အစ္စရေးအစိုးရကို တောင်းဆိုထားပါတယ်။ အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ ဆေးရုံတွေလည်း ဗုံး ထိမှန်တာတွေရှိနေကြောင်း ဂါဇာဒေသ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာဒေသ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Ashraf al-Qudra က "အစ္စရေး ကြဲချလိုက်တဲ့ ဗုံးဆံတွေ ထိမှန်တာကြောင့် ဆေးရုံတွေ ပျက်စီးနေတယ်။ အဲဒီအတွက် ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေအတွက် စိုးရိမ်ရတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တစ်လုံးအတွင်းသို့ လူ(၃)ဦးက ဝင်ရောက်ကာ အနုကြမ်းစီးလုယက်စဉ် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီး
RELATED POSTS
31 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
30 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
28 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ