သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တစ်လုံးအတွင်းသို့ လူ(၃)ဦးက ဝင်ရောက်ကာ အနုကြမ်းစီးလုယက်စဉ် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီး
Pearl (NSS) - နိုဝင်ဘာ ၂၄
သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တစ်လုံးအတွင်းသို့ လူ (၃)ဦးက ဝင်ရောက်ကာ အနုကြမ်းစီးလုယက်စဉ် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်)၊ နေ့လည်(၂)နာရီခန့်တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ နီလာလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"အိမ်ရှင်အမျိုးသားရဲ့ လည်ပင်း နဲ့ မျက်နှာမှာ ပြတ်ရှဒဏ်ရာရတယ်။ အခု ဖမ်းဆီးရမိတဲ့လူကတော့ သူတို့မှာ လက်နက်မပါပါဘူး။ အိမ်ထဲက ကတ်ကြေးနဲ့ပဲ ထိုးလိုက်တာလို့ ဝန်ခံတယ်"ဟု အထက်ပါပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် အိမ်ရှင်ဖြစ်သူအမျိုးသားတစ်ဦး၏ လည်ပင်း နှင့် မျက်နှာတို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ရပ်ကွက်နေပြည်သူများက အနီးရှိ Taxi ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အနုကြမ်းစီးမှုဖြစ်စဉ်အတွင်း ရပ်ကွက်နေပြည်သူများက အနုကြမ်းစီးလုယက်သူ(၃)ဦးအား ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ (၁)ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် သုဝဏ္ဏရဲစခန်းသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူသည် အသက် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မရမ်းကုန်းမြို့နယ်၌ ကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွား
RELATED POSTS
29 Sep 2024 | မှုခင်း,နိုင်ငံတကာ