Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘာလင်မြို့နဲ့ နိုင်ငံတစ်ဝှမ်းရှိ ဟားမတ်စ်ထောက်ခံသူတွေရဲ့နေအိမ်များကို ရာနဲ့ချီသော ဂျာမန်ရဲတပ်ဖွဲ့ဝင်တို့ ဝင်ရောက်စီးနင်း

Htay Oung (NSS) - နိုဝင်ဘာ ၂၄

ဂျာမနီနိုင်ငံအတွင်း ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ကို ဝန်းရံ (သို့မဟုတ်) ထောက်ခံအားပေးရာ ရောက်ရှိတဲ့ လှုပ်ရှားမှုမှန်သမျှကို တရားဝင် တားမြစ်လိုက်ပြီးနောက် ဂျာမနီရောက် ဟားမတ်စ်အဖွဲ့ဝင်များနဲ့ နောက်လိုက်တွေ ရဲ့ပိုင်ဆိုင်ရာ နေရာမှန်သမျှကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်များက ကြာသပတေးနေ့မှာ တစ်ပြိုင်နက်တည်း စီးနင်းရှာဖွေ ခဲ့ကြတယ်လို့ အေပီသတင်းအေဂျင်စီက ယမန်နေ့ ရေးသားပါတယ်။

နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့တဲ့တားမြစ်ချက်ကို ထပ်မံအတည်ပြုလိုက်တဲ့ ဂျာမနီအစိုးရဟာ အောက်တိုဘာ ၇ ရက် အစ္စရေးနိုင်ငံအတွင်း တိုက်ခိုက်ခဲ့စဉ် ဘာလင်မြို့မှာ အောင်ပွဲခံတဲ့ “ဆမ်မစ်ဒွန်” အမည်ရှိ ဟားမတ်စ်အဖွဲ့ရဲ့ နောက်ကွယ်အဖွဲ့အစည်းကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

အာရဗီဘာသာ “တည်ကြည်သော” လို့ အဓိပ္ပါယ်ရတဲ့ ဆမ်မီဒွန်အဖွဲ့ဟာ ပါလက်စတိုင်းအကျဉ်းသားများ သွေးစည်း ညီညွတ်ရေးကွန်ရက်လို့ လူသိများပါတယ်။ ၂ဝ၁၂ ခုနှစ် အမေရိကန်နိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်မှုကြောင့် ဖမ်းဆီးခံထားရသူများ အထူးသဖြင့် ပါလက်စတိုင်းလွတ်မြောက်ရေးလူထုတပ်ဦး (PFLP) နဲ့ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရသူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြသူများဖြစ်ပါတယ်။ 

နိုင်ငံတကာကွန်ရက်အသွင်ဖြင့် အစ္စရေးဆန့်ကျင်ရေးနဲ့ ဂျူးမုန်းတီးရေးဝါဒဖြန့် လှုပ်ရှားနေကြောင်း အကြောင်း ပြချက်နဲ့ ဂျာမနီနိုင်ငံအတွင်း ဆမ်မစ်ဒွန်အဖွဲ့ကို ယခုလဆန်းပိုင်းမှာ ပိတ်ပင်ခဲ့ပါတယ်။ 

ဟားမတ်စ်အဖွဲ့ဟာ နိုင်ငံအတွင်း အဖွဲ့ဝင်ပေါင်း ၄၅ဝ ခန့်ရှိလိမ့်မယ်လို့ ဂျာမန်ပြည်တွင်း ထောက်လှမ်းရေးဌာနက ခန့်မှန်းထားပါတယ်။ အဲဒီလူတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ အဖွဲ့အစည်းရဲ့တည်ရှိမှုကို ခိုင်မာအားကောင်းစေရန် ဘဏ္ဍာငွေရှာဖွေခြင်း၊ ရန်ပုံငွေကောက်ခံခြင်းမှအစ ထပ်တူစာနာခြင်းနဲ့ ဝါဒဖြန့်ခြင်းများအထိ လှုပ်ရှားမှုများနေ ကြပါတယ်။

အစွန်းရောက် အစ္စလာမ်မစ်တွေအပေါ် တသမတ်တည်း အရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီးက မှတ်ချက်ပေးပါတယ်။ ဂျာမနီမှာ ဟားမတ်စ်နဲ့ ဆမ်မစ်ဒွန် လှုပ်ရှားမှုများကို ပိတ်ပင်လိုက်ခြင်းအားဖြင့် အစ္စရေးအပေါ် ဟားမတ်စ်တို့ရဲ့ရိုင်းစိုင်းတဲ့ရက်စက်ကြမ်းကြုတ်မှုကို ချီးမွမ်း ဒါမှမဟုတ် ထောက်ခံအားပေးမှုမှန်သမျှ ဘာလင်က သည်းခံမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြသ လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဘာလင်မြို့မှာ အများဆုံးအဖြစ်တွေ့ရှိရတဲ့စီးနင်းမှုဟာ တားမြစ်ချက်များကို လိုက်နာဖို့ နဲ့ အုပ်စုများကို ထပ်မံ စစ်ကြောဖို့ ရည်ရွယ်ထားကြောင်း ဂျာမန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဝင်အင်အား ၅ဝဝ ကျော်တို့က ဘာလင်နဲ့ အခြားပြည်နယ် ၃ ခုတို့ရှိ နေအိမ်ဥပစာ ၁၆ နေရာတို့ကို တစ်ပြိုင်နက်တည်း ရှာဖွေခဲ့ကြကြောင်း၊ ဘာလင်တစ်မြို့တည်းမှာ ရဲတပ်ဖွဲ့ဝင် ၃ဝဝ ကျော်တို့က အထောက်အ ထားနဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းဖို့အတွက် နေရာပေါင်း ၁၁ ခုမှာ ရှာဖွေမှုများ ပြုလုပ်ခဲကြောင်း၊ ရှာဖွေမှု ၇ ခုဟာ ဟားမတ်စ်နဲ့ ဆက်နွယ်နေပြီး ၄ ခုမှာ ဆမ်မစ်ဒွန်အဖွဲ့နဲ့ပတ်သက်ကြောင်း၊ ထောက်ခံသူများရဲ့နေအိမ် များနဲ့ ပါလက်စတိုင်းအသင်းအဆောက်အအုံများမှာ အဓိက ရှာဖွေမှုများကို ပြုလုပ်ခဲ့တယ်လို့ “ဒီပီအေ” ဂျာမန် သတင်းဌာနက ဖော်ပြပါတယ်။

ယခုနောက်ဆုံး အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ကတည်းက ဂျူးဘာသာဝင်တို့အပေါ်ဆန့်ကျင်တဲ့အုပ်စုများကို ဂျာမန်အစိုးရက ခပ်ကြမ်းကြမ်း ကိုင်တွယ်နေပါတယ်။ ဂျူးများအပေါ် အမုန်းစကားနဲ့ အမုန်းပွားဖွယ်များ အွန်လိုင်း ဖြန့်ဝေသူ ဂျာမန်တောင်ပိုင်း ဗာဗေးရီးယားပြည်နယ်နေ လူ ၁၇ ဦးတို့ရဲ့နေအိမ်များကို ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့တုန်းကလည်း နိုင်ငံတစ်ဝှမ်းရှိ နေရာ ၅၄ ခုကို ဂျာမန်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး အီရန်ခေါင်းဆောင်ရဲ့အတွေးအခေါ်နဲ့ ဟစ်ဇ်ဘိုလာလှုပ်ရှားမှုများကို ပံ့ပိုးကူညီသူများအဖြစ် သံသယရှိတဲ့ ဟမ်းဘတ်အခြေစိုက် အဖွဲ့အစည်းတစ်ခုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါ တယ်။


အစ္စလာမ်မစ်တို့ရဲ့လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဂျာမန်ပြည်ထဲရေး၀န်ကြီးက ပြောပါတယ်။ အစ္စလာမ်မစ်များနဲ့ ဂျူးမုန်းတီးရေးတည်ရှိနေတဲ့ နေရာမှန်သမျှ လုံခြုံဘေးကင်းဖို့လည်း မဖြစ်နိုင် ခံစားရခြင်းလည်း မရှိကြောင်း၊ ဂျာမနီရှိ ဟားမတ်စ်အဖွဲ့ဝင်များနဲ့ ထောက်ခံသူတွေဟာ ပြည်တွင်း နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ အစဉ်အလာများအပေါ် သြဇာလွှမ်းမိုးဖို့ ဆုံးဖြတ်ထားသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဟားမတ်စ်တို့ဟာ အစ္စရေးကို ချေမှုန်းရန် ကတိပြုထားပြီး အသေခံ ဗုံးခွဲမှုများ၊ အစ္စရေးအရပ်သားများနဲ့ စစ်သား များကို သွေးထွက်သံယို တိုက်ခိုက်မှုအများအပြားအတွက် တာဝန်ရှိနေပါတယ်။ အောက်တိုဘာ ၇ ရက် အစ္စရေး နိုင်ငံအတွင်း အုပ်စုဖွဲ့ ကျုးကျော်ဝင်ရောက်ပြီးနောက် အစ္စရေးကလည်း ဟားမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းပစ် မယ်လို့ သံဓိဌာန် ချမှတ်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် ၁၉၉၇ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ၁၉၃ နိုင်ငံတို့ဟာ ကုလသမဂ္ဂအဖွဲ့၀င်များဖြစ်ကြပါ တယ်။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားအနောက်နိုင်ငံ စုစုပေါင်း ၃၅ ခုတို့က ဟားမတ်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။

ဟားမတ်စ်အပေါ် အကြမ်းဖက်အဖြစ် သတ်မှတ်ခြင်းကိုတောင် အမေရိကတိုက်မှာ အာဂျင်တီးနား၊ ဘိုလစ်ဗီးယား၊ မက္ကဆီကိုတို့က ဆန့်ကျင်ပါတယ်။ အလားတူ ဗင်နီဇွဲလားနိုင်ငံ နီကိုလပ်စ်_မဒူရို အစိုးရကလည်း ဆန့်ကျင်ပါတယ်။ ဒါပေမယ့် ဝှမ်း_ဂွိုက်ဒို ဗင်နီဇွဲလားပြည်ပြေး အရိပ်အစိုးရတော့ ထောက်ခံပါတယ်။


အသက် ၄ဝ အရွယ် အတိုက်အခံ ဝှမ်ဂွိုက်ဒိုဟာ ဗင်နီဇွဲလား အမျိုးသားလွှတ်တော် ဒုတိယ-ဥက္ကဋ္ဌ တာ၀န်ယူစဉ် သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ကြေညာခဲ့ပါတယ်။ ဗင်နီဇွဲလားလွှတ်တော်က သူ့ကိုဖယ်ရှားလိုက်တဲ့အခါ တိုင်းပြည်မှ ထွက်ပြေးသွားပြီး အမေရိကန်နိုင်ငံမှာ အဝေးရောက်အစိုးရအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ဥရောပသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၆ဝ ခန့်တို့က အသိအမှတ်ပြုခံရတဲ့ ဂွိုက်ဒို အစိုးရဘက်က ပြောင်ပြောင်တင်းတင်း ထောက်ခံရပ်တည်လျက်ရှိသူက အမေရိကန်နိုင်ငံဖြစ်ပါတယ်။

မဒူရို ဗင်နီဇွဲလားအစိုးရကို အသိအမှတ်ပြုဖို့ငြင်းဆန်ပြီး ဂွိုက်ဒိုကိုယ်စားလှယ်များကို နေရာပေးဖို့အတွက် ဝါရှင်တန်ဗင်နီဇွဲလားသံရုံးကို ရေ-လျှပ်စစ်ဖြတ်တောက်ခြင်း ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ပြီး မဒူရိုအစိုးရအပေါ်မှာ လည်း ဒဏ်ခတ်အရေးယူခြင်း၊ ဗင်နီဇွဲလားနိုင်ငံ ဘဏ်အပ်နှံငွေများကို ထိန်းချုပ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

#ဟားမတ်စ်ထောက်ခံသူများ #ဆမ်မီဒွန် #အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခြင်း #ဂျာမနီနိုင်ငံ 

#ပါလက်စတိုင်း_အကျဉ်းသားများ_သွေးစည်းညီညွတ်ရေး_ကွန်ရက်

(AP., 23 November 2023,” Hundreds of German police raid properties of Hamas supporters in Berlin and across the country” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂါဇာဒေသမှာစစ်ပွဲမှာ အစ္စရေးတို့ ရည်မှန်းချက်များရယူနိုင်ခြင်းမရှိဘဲ ပါလက်စတိုင်းပြည်သူတွေ နိုင်ပွဲရခဲ့ဟု အီရန်သမ္မတ ချီးကျူး

RELATED POSTS
RECENT POSTS
လေကြောင်းဒဏ်နဲ့ MNDAA ရဲ့ ညည်းတွားသံ၊ ရန်ကုန်မှာ PDF ၁၂ ဦး ဖမ်းမိ၊ မန္တလေးက လုပ်ငန်းရှင်ပေါင်း ၅၀၀ ကျော်ကို PDF တွေက ပစ်စာနဲ့ ဆက်ကြေးတောင်းနေ၊ ဇေကမ္ဘာဦးခင်ရွှေ ပြန်လွတ်လာ၊ အာရှလမ်း ပြန်ဖွင့်ဖို့ ဆွေးနွေးနေ (၂၉-၉-၂ဝ၂၄)
30 Sep 2024
ဂျပန်တွင် အာဏာရပါတီ နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အသစ် ထွက်ပေါ်
29 Sep 2024
“ သွေးပျက်နေတဲ့ မင်းမော်ကွန်းရဲ့အဖြစ် အပါအဝင် ရေဘေးသင့် အိမ် ထောင်စု(၂၀ဝ)အတွက် NP News အလှူ ”
29 Sep 2024
ရန်ကုန်နှင့် မန္တလေးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား(၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်း
29 Sep 2024
ဇေကမ္ဘာဦးခင်ရွှေ ပြန်လည် လွတ်မြောက်လာ
29 Sep 2024
အငြိမ်းစားဝန်ထမ်းများ Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်မည်
29 Sep 2024
လက်ဘနွန်နိုင်ငံကိုမကြာခင် မြေပြင်ထိုးစစ်ဆင်မယ်လို့ အစ္စရေးဗိုလ်ချုပ်ကြီးပြော
29 Sep 2024
ဟစ္စဘိုလာအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးရယူရန် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့များ၏ ကမ်းလှမ်းချက်ကို အစ္စရေးဝန်ကြီးချုပ် ငြင်းဆန်
29 Sep 2024
နောက်ဆုံးပေါ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော နစ်မြုပ်သွားသည့် ကိစ္စ တရုတ်အစိုးရ ဖုံးကွယ်
29 Sep 2024
နီပေါနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေ
29 Sep 2024
အနောက်ဘက်မှရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် အောက်တိုဘာ(၁)ရက်မှစ၍ ဒေသအချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်
29 Sep 2024
နစကရဲ့တီးလုံးအောက်မှာ လိုက်ကနေရတဲ့ အကြမ်းဖက်များ၊ လားရှိုးတိုက်ပွဲထဲက လောက်ကောင်၊ ဒေါ်လာသန်း ၂၀၀ မရဘူးလို့ အသည်းအသန်ငြင်းတဲ့ NUG နဲ့ MNDAA ၊ ခိုင်နှင်းဝေ ကို စတင် ထိုးနှက်ဖို့ ပြင်လာတဲ့ ပြည်ပြေးမီဒီယာအချို့ (၂၈-၉-၂ဝ၂၄)
29 Sep 2024
အမေရိကန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ ဩစတြေးလျ နဲ့ ဂျပန်တို့က တောင်တရုတ်ပင်လယ်အတွင်းမှာ ပူးတွဲရေကြောင်းလှုပ်ရှားမှုတွေကို လုပ်ဆောင်မယ်
29 Sep 2024
ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း နစကထုတ်ပြန်
29 Sep 2024
ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ငွေကျပ် (၁ဝ) ဘီလျံကျော်ကို ဒုတိယအကြိမ်ထပ်မံလှူဒါန်း
29 Sep 2024
ရေတပ်စွမ်းရည်မြှင့်တင်မည့် အင်ဒိုနီးရှားက အိန္ဒိယ၏ ရေငုပ်သင်္ဘောများကို မျက်စိကျနေ
29 Sep 2024
တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ နဲ့ အီရန်ကို ခြိမ်းခြောက်လိုက်တဲ့ အစ္စ ရေးဝန်ကြီးချုပ် နေတန်ရာဟု
29 Sep 2024
နစကရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်နဲ့ သူပုန်အုပ်စုရဲ့တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းတည်ထားတဲ့ NLD ရဲ့ (၃၆)နှစ်ပြည့် ကြေညာချက်၊ နေပြည်တော် ထန်းတပင် VIP နားက သတိပြုဖွယ်ဖြစ်ရပ်နဲ့ စစ်မှုထမ်းကိစ္စ၊ ကုမ္ပဏီ(၁၄ဝ)နီးပါးထဲက (၅၉)ခု (၂၇-၉-၂ဝ၂၄)
28 Sep 2024
ဟီလီနီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၄၃ ဦးသေဆုံးပြီး လူပေါင်းများစွာ အခက်အခဲ ကြုံနေ
28 Sep 2024
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် သေဆုံး
28 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved