ဂါဇာဒေသမှာစစ်ပွဲမှာ အစ္စရေးတို့ ရည်မှန်းချက်များရယူနိုင်ခြင်းမရှိဘဲ ပါလက်စတိုင်းပြည်သူတွေ နိုင်ပွဲရခဲ့ဟု အီရန်သမ္မတ ချီးကျူး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၄
အီရန်သမ္မတ အီဘရာဟင်ရိုင်စီက အစ္စရေးနိုင်ငံဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ဖြစ်ပွားတဲ့စစ်ပွဲမှာ ၎င်းတို့ ရည်မှန်းချက်များကို ရယူနိုင်ခြင်းမရှိခဲ့ကြောင်း ယာယီအပစ်ခတ်ရပ်စဲရေးက ပါလက်စတိုင်းပြည်သူများရဲ့အောင်ပွဲ တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းက "အစ္စရေးနိုင်ငံဟာ စစ်ပွဲနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေကို ရယူနိုင်တာမျိုးမရှိဘူး။ အစ္စရေးဟာ ခုခံတိုက်ခိုက်မှုတွေကို ချေဖျက်လိုတယ်။ ဒါပေမယ့် အဲဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး" လို့ ပြောပါတယ်။
ဂါဇာဒေသကိုတိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်တွေဟာ အစ္စရေးနိုင်ငံအပေါ် ကမ္ဘာကြီးက ပိုမိုမုန်းတီးအောင်ဖြစ် လာစေခဲ့ကြောင်း အီရန်သမ္မတက ပြောပါတယ်။ ၎င်းက "အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီ အပစ်ခတ်ရပ်စဲရေးကြေညာခဲ့တယ်။ ဒါဟာ ပါလက်စတိုင်းပြည်သူတွေရဲ့နိုင်ပွဲဖြစ်စေခဲ့တယ်" လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကာတာနိုင်ငံရဲ့ကြားဝင် စေ့စပ်ပေးမှုကြောင့် ယာယီအပစ်ခတ်ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါသဘောတူညီမှု အရ အစ္စရေးဟာ ဖမ်းဆီးထားသူ ပါလက်စတိုင်းအကျဉ်းသား ၁၅ဝ ကို ပြန်လွှတ်ပေးရမှာဖြစ်သလို ဟားမက်စ် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ လူပေါင်း ၅ဝ ကို အနည်းဆုံးပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၄ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို နိုင်ငံတစ်နိုင်ငံအဖြစ်အသိအမှတ်ပြုဖို့ ငြင်းဆန်ထားပြီး ပါလက်စတိုင်းတွေကို အားပေးထောက်ခံထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းထူးများ
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ