Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းသမ္မတဇီလန်စကီး၏ လာရောက်လည်ပတ်ရန်ဖိတ်ကြားချက်ကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ

Pika (NSS) - နိုဝင်ဘာ ၇ 

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတဇီလန်စကီး၏ ယူကရိန်းသို့လာရောက်လည်ပတ် ရန်ဖိတ်ကြားချက်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် ယူကရိန်းတို့ကြားဆက်ဆံရေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ကြီးကြပ်နေစဉ်အချိန်အတွင်း ယူကရိန်းသို့ သွားရောက်လည်ပတ်ခြင်းသည် မသင့်လျော်သောအချက်တစ်ခုဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။


ဒေါ်နယ်ထရမ့်က "ယူကရိန်းသမ္မတဇီလန်စကီးကို ကျွန်တော် တကယ်လေးစားပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ ယူကရိန်းသို့သွားရောက်လည်ပတ်ဖို့က သင့်လျော်တဲ့ကိစ္စတစ်ခု မဟုတ်ဖူးလို့ ကျွန်တော်ထင်ပါတယ်။ ဂျိုးဘိုင်ဒန် အစိုးရဟာ လက်ရှိအချိန်မှာ ဇီလန်စကီးနဲ့ ပြောဆိုဆက်ဆံမှုတွေရှိနေတာဖြစ်ပြီး ကျွန်တော်အကျိုးစီးပွားပဋိပက္ခ တွေ မဖန်တီးချင်ပါဘူး" ဟု ပြောခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခကို (၂၄)နာရီအတွင်း ဖြေရှင်းနိုင်သည်ဆိုသည့် ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်မှာ မှားယွင်း ကြောင်း သက်သေပြချင်သောကြောင့် ယခုကဲ့သို့ ဖိတ်ခေါ်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဇီလန်စကီးက ပြောဆိုခဲ့ သည်။

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းသည် ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးချယ်ခံရမည်ဆိုပါက ယူကရိန်းသမ္မတဇီလန်စကီး နှင့် ရုရှားသမ္မတတို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ဖိအားပေးကာ ပဋိပက္ခကို အလျင်အမြန်အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ဖော်ပြောခဲ့ဖူးသည်။

ဇီလန်စကီး က "အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူဟာ (၂၄)နာရီအတွင်း ရုရှား-ယူကရိန်းပဋိပက္ခကို စီမံခန့်ခွဲပြီး အဆုံးသတ်အောင်လုပ်ပေးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဒေါ်နယ်ထရမ့်ကို ဒီကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ ဒေါ်နယ်ထရမ့် ယူကရိန်းကို လာရောက်လည်ပတ်ခဲ့မယ်ဆိုရင် ကျွန်တော် သူနဲ့စကားပြောဖို့ အချိန်(၂၄)မိနစ်ပဲ လိုပါတယ်။ ဒီစစ်ပွဲကို သူစီမံခန့်ခွဲမှုတွေ မလုပ်ဆောင်နိုင်ဘူး ဆိုတာကိုရှင်းပြဖို့ အချိန်(၂၄)မိနစ်ပဲ လိုပါတယ်။ ပူတင်ကြောင့် ဒေါ်နယ်ထရမ့်ဟာ ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်မှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းသည် ယူကရိန်းသမ္မတဇီလန်စကီး၊ ရုရှားသမ္မတပူတင် တို့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း ပြောခဲ့သည်။ ထို့အပြင် ၂ဝ၂ဝ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန် အနိုင်မရရှိခဲ့ပါက ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားလာခြင်းမျိုးလည်း ရှိမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စပါးအသင်းကို အနိုင်ရရှိမှုက ထိုက်တန်သော အနိုင်ရရှိမှုတစ်ခုဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ ပြော

RECENT POSTS
ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် (၄) ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း(၄၀) နီးပါး ဖမ်းမိ
25 Oct 2024
မန္တလေးတွင် အကြော်ဆရာက ဓားဖြင့်ခုတ်သောကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ဇနီးနှင့် စားပွဲထိုးသေဆုံးပြီး (၂)ဦးပြင်းထန်ဒဏ်ရာရ
25 Oct 2024
PDF များက အခြေခံပညာအလယ်တန်းကျောင်းကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများအပါအဝင် (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိမှု မြိုင်မြို့၌ ဖြစ်ပွား
25 Oct 2024
လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ
25 Oct 2024
မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုး
25 Oct 2024
ကလေးဘဝကူးစက်တတ်သောရောဂါများ (ကျန်းမာရေးဆောင်းပါး)
25 Oct 2024
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သားမက်ဟောင်း ဒေါက်တာနေစိုးမောင်ကို နစက ဖမ်းဆီးအမှုဖွင့်
25 Oct 2024
အမေရိကန် မင်းသား တွမ်ဟော်လန်က Spider-Man 4 ကို ၂ဝ၂၅ ခုနှစ်မှာ စတင်ရိုက်ကူးမယ်လို့ အတည်ပြု
25 Oct 2024
အမေရိကန် ရက်ပ်အဆိုတော် မီဂန်၊ တောင်ကိုရီးယား K Pop အဖွဲ့ Twice၊ BTS အဖွဲ့ဝင် RM တို့နဲ့ collaborate သီချင်းထွက်မည်
25 Oct 2024
လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ ကိုရင်(၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွား
24 Oct 2024
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved