အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 5 / 3:00 PM)
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၅
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ နိုဝင်ဘာ ၄ ရက် ညပိုင်းက ပါလက်စတိုင်း ထောက်ခံဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့ပြီး ဂါဇာဒေသမှာအပစ်ခတ်ရပ်စဲဖို့၊ တောင်းဆိုခဲ့သလို လူမျိုးသုန်းသတ်ဖြတ်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်း ဆန္ဒပြခဲ့ပါတယ်။
အမေရိကန်အစိုးရအဖွဲ့ရုံးအပြင်ဘက်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း တက်ကြွလှုပ်ရှားသူအုပ်စုတွေဟာ အစိုးရအဖွဲ့ ရုံးခြံစည်းရိုးတွေကို အနီရောင်ဆေးတွေ ပက်ဖြန်းကာ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြအုပ်စုတွေဟာ အစိုးရ အဖွဲ့ရုံး ဂိတ်တံခါးကို ချိုးဖျက်ဖို့ ကြိုးပမ်းခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောပါတယ်။
ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲများအတွင်း ဗြိတိန်နိုင်ငံကို ထိခိုက်အောင် ကြိုးပမ်းမယ့် တက်ကြွလှုပ်ရှားသူအားလုံးကို ထောင်ချသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဆန္ဒပြပွဲများ အတွင်း ကျဆုံးသွားတဲ့ ဗြိတိန်စစ်သားများအတွက် ပြုလုပ်ထားတဲ့အထိမ်းအမှတ်များကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်မယ်ဆိုရင် ပါလက်စတိုင်းလိုလားတဲ့တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးထောင်ချခံရမှာဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့များအနေနဲ့ မြေပြင်ထိုးစစ်ဆင်ချိန်အတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဖြစ်သူ Yahya Sinwar ကို ရှာဖွေသုတ်သင်သွားမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး က ပြောပါတယ်။ ဂါဇာ ဒေသခံများအနေနဲ့ ဟားမက်စ်ခေါင်းဆောင်ကို ရှာဖွေနိုင်အောင်ကူညီပေးမယ်ဆိုရင် စစ်ပွဲကြာချိန် လျော့နည်းသွား မှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့အကြီးအကဲအန်တိုနီယိုဂူတာရက်စ်က ဂါဇာဒေသရှိ အရေးပေါ် ကားယာဉ်တန်းကို အစ္စရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဟာ ဆိုးရွားလွန်းကြောင်း ဝေဖန်ပြစ်တင်လိုက်ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်အုပ်စုကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ရမှာဖြစ်ကြောင်း၊ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်က ပြောပါတယ်။
ပါလက်စတိုင်းကြက်ခြေနီအဖွဲ့က ၎င်းတို့ယာဉ်တန်းရဲ့အရေးပေါ်ကားတစ်စီးဟာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ အဲဒီတိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံးကာ အနည်းဆုံး ၆ဝ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။
အာရပ်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ ဂါဇာဒေသမှာ ဖြစ်ပွားနေတဲ့စစ်ပွဲကို ယာယီအပစ်ခတ်ရပ်စဲဖို့ တိုက်တွန်း တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ အာရပ်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျော်ဒန်နိုင်ငံ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ပွဲအပစ်ခတ်ရပ်စဲဖို့ အစ္စရေးကို ဖျောင်းဖျစည်းရုံးရေး အမေရိကန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁ဝ၅) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂစာလျှောက်မေးပွဲ ကျင်းပမည်
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ