Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-27 / 4:15 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၆

ကုလသမဂ္ဂအဖွဲ့၏ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့အကြီးအကဲဖြစ်သူ မာတစ် ဂရစ်ဖစ်ချ်က ကမ္ဘာကြီးသည် ဂါဇာဒေသခံများကို ကာကွယ်ပေးရန် နှင့် လူသာချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးနိုင်ရန် လုပ်ဆောင်ရမည့်တာဝန်များကို ပျက်ကွက်နေကြောင်း ဝေဖန်ပြောဆိုလိုက်သည်။


နိုင်ငံတကာအစိုးများနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့၏ အကူအညီပေးမှုပစ္စည်းများသည် ဂါဇာဒေသကို ရောက်ရှိမှုနည်းပါးနေကြောင်း ပြောသည်။

အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲ ၂၁ ရက်တာ ကာလအတွင်း အစ္စရေး နိုင်ငံသား ၁၄ဝဝ ကျော်သေဆုံးထားကာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၇ဝဝဝ သေဆုံးထားကြောင်း သိရသည်။ အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသရှိ မြို့လယ်ခေါင်ရှိပစ်မှတ်များကို စီနင်းတိုက်ခိုက်ခဲ့ပြီး ဟားမက်စ် အဖွဲ့ထောက်လှမ်းရေးခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်သော ဟားမက်စ်အဖွဲ့က အစ္စရေးနှင့် အပစ်ခတ်ရပ်စဲရေးရယူနိုင်မှုမရှိဘူး ဆိုလျှင် ပြန်ပေးဆွဲထားသူများကို ပြန်လွတ်ပေးမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အစ္စရေး၏ အဆိုအရက ဟားမက်စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်သားတွေ အပါအဝင် အနည်းဆုံးလူပေါင်း ၂၂၆ ဦး ဖမ်းဆီးခဲ့ကြောင်း ဆိုထားသည်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုနေကြောင်း သိရသည်။ 

အစ္စရေးအစိုးရက ရုရှားနိုင်ငံအနေဖြင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များကို နှင်ထုတ်သင့်ကြောင်း တိုက်တွန်းတောင်းဆိုလိုက်သည်။ ရုရှားသည် အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခံထားရသော ပြန်ပေးဆွဲခံရသူများ ကို ပြန်လွှတ်ပေးရန်အတွက် ကြားဝင်စေ့စပ်လျက်ရှိနေကြောင်း သိရသည်။


အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "ဟားမက်စ်အဖွဲ့ကို ဖိတ်ခေါ်ခဲ့တဲ့ ရုရှားအစိုးရရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပါတယ်။ ရုရှားအစိုးရဟာ ဟားမက်စ်အဖွဲ့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို တရားဝင်ထောက်ခံနေတာ မျိုးဖြစ်တယ်။ ဒါကြောင့် ရုရှားအစိုးရဟာ ဟားမက်စ်အဖွဲ့ကိုယ်စားလှယ်တွေကိုချက်ချင်း နှင်ထုတ်သင့်တယ်" ဟု ပြောသည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသူများထဲတွင် ထိုင်းနိုင်ငံသား ၅၄ ဦး ပါဝင်နေသည်ဆိုသောသတင်းများ မှန်ကန်မှုမရှိကြောင်း၊ ဟားမက်စ်အဖွဲ့ ဖမ်းဆီးခံရသူများထဲတွင် ထိုင်းနိုင်ငံသား ၁၈ ဦးသာ ပါဝင်ကြောင်း ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က ထုတ်ဖော်ပြောဆိုလိုက်သည်။


ဟားမက်စ် နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ထိုင်းနိုင်ငံသား ၃၃ ဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရထားကြောင်း ထိုင်းအစိုးရအဖွဲ့က ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကြည့်မြင်တိုင်၌ YBS ယာဉ် (၂)စီးနှင့် ကွန်တိန်နာကား တိုက်မှုဖြစ်ပွား

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved