Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ပွဲထဲကို ဟစ်ဘိုလာအဖွဲ့ တိုက်ရိုက်ပါဝင်လာမယ်ဆိုရင်တော့ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေ နဲ့ရင်ဆိုင်ရဖွယ်ရှိနေဟု အစ္စရေးဝန်ကြီးချုပ် ထပ်မံသတိပေး

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၃ 

အစ္စရေးဝန်ကြီးချုပ်က ဟစ်ဘိုလာအဖွဲ့တွေဟာ သတိပေးထားရက်ကြားကနေ ဟားမက်စ်နဲ့ အစ္စရေးစစ်ပွဲမှာ ပါဝင်လာမယ်ဆိုရင်တော့ မျှော်လင့်မထားတဲ့ကြီးမားတဲ့ပျက်စီးထိခိုက်မှုတွေ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်နေတန်ရာဟုကအစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲထဲကို ဟစ်ဘိုလာအဖွဲ့ တိုက်ရိုက်ပါဝင်လာမယ်ဆိုရင် ဘဝအတွက် ကြီးမားတဲ့အမှားမျိုးကို လုပ်ဆောင်လိုက်ခြင်းမျိုးဖြစ်လာနိုင်ဖွယ်ရှိနေပြီး ကြီးမားတဲ့ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။ 

ဝန်ကြီးချုပ်နေတန်ရာဟုက "ဟစ်ဘိုလာအုပ်စုတွေဟာ စစ်ပွဲကို ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ လက်ဘနွန်ရဲ့ဒုတိယမြောက်စစ်ပွဲဟာ အချိန်ပိုကြာဖွယ်ရှိနေပါတယ်" လို့ပြောပါတယ်။ 


အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့တွေဟာ ၂ဝဝ၆ ခုနှစ်တုန်းက ပထမမြောက် လက်ဘနွန်စစ်ပွဲဖြစ်ခဲ့ဖူးပြီး အဲဒီအချိန် တုန်းက အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်တောင်ပိုင်းကို ကျူးကျော်တိုက်ခိုက်ခဲ့သလို မြို့တော်ဘေရွတ်ကို လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဟစ်ဘိုလာအဖွဲ့ဟာ ၂ဝဝ၆ ခုနှစ်တုန်းက အစ္စရေးနိုင်ငံကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အစ္စရေး နဲ့ ဟစ်ဘိုလာ ကြား စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးနိုင်ငံသား ၁၆၅ ဦးသေဆုံးကာ လက်ဘနွန်နိုင်ငံသား ၁ဝဝဝ ကျော် သေဆုံးခဲ့ကာ စစ်ပွဲသက်တမ်းက အချိန်တစ်လကျော်ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "စစ်ပွဲထဲ ပါဝင်လာမယ်ဆိုရင်တော့ ဟစ်ဘိုလာအုပ်စုတွေဟာ ကြီးမားတဲ့ အမှားတွေ ထပ်မံလုပ်ဆောင်ခဲ့တာမျိုးဖြစ်တယ်။ လက်ဘနွန်နိုင်ငံဟာ ဘေးဒုက္ခကြီးတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်" လို့ ပြောပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးပိုင်နက်တွေကို ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ လက်ဘနွန်နဲ့ အစ္စရေး နိုင်ငံနယ်စပ်ဒေသ တစ်မိုင်ကျော်အတွင်းနေထိုင်နေတဲ့ဒေသခံတွေကို လက်ရှိအချိန်မှာ ဘေးလွှတ်ရာကို ရွှေ့ပြောင်းထားကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာမည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးပြည်သူလာရောက်မှု ပြန်လည်များပြား လာနိုင်ဟုဆို

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved