Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-20 / 12:00 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂ဝ

အောက်တိုဘာ ၁၉ ရက်က ဟားမက်စ်အဖွဲ့ ဖမ်းဆီးထားခြင်းခံထားရသူများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နယူးယောက်မြို့ ရင်ပြင်မှာ ပြည်သူရာချီဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရပါတယ်။ 


အစ္စရေးနဲ့ ဟားမက်စ်စစ်ပွဲဟာ အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒန်အတွက် ဖိအားတွေဖြစ်လာစေခဲ့ပြီး ဟားမက်စ်တို့ ဖမ်းဆီးခံထားခြင်းခံရတဲ့ အမေရိကန်နိုင်ငံသားတွေပြန်လွှတ်ပေးဖို့ သံတမန်ရေးအရ ဖိအားတွေ ပိုမိုရှိလာခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေဟာ ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ရုပ်ပုံတွေပါဝင်တဲ့ Billboards တွေကိုင်ဆောင် ဆန္ဒပြ ခဲ့တာဖြစ်ပြီး အဲဒီ Billboards တွေထဲမှာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်နေကာ အဲဒီသူတွေအားလုံးကို မိခင်နိုင်ငံရှိ အိမ်ကို အမြန်ဆုံးပြန်လာအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပါလက်စတိုင်း ဂျာနယ်လစ် အနည်းဆုံး ၁၆ ဦး သေဆုံးထားကြောင်း ပါလက်စတိုင်း ဂျာနယ်လစ်အစည်းအရုံးက ပြောပါတယ်။

ဒါ့အပြင် ဟားမက်စ်နဲ့ အစ္စရေးတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အောက်တိုဘာ ၇ ရက်နေ့ နောက်ပိုင်းကတည်းက ပါလက်စတိုင်းဂျာနယ်လစ် ဒါဇင်ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖွဲ့ခေါင်းဆောင်တစ်ဦး Khaled Meshaal က ၎င်းတို့အနေနဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ခုခံတိုက်ခိုက်မှုမလုပ်ဆောင်နိုင်ဘူးဆိုရင် အသတ်ခံရမှာဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးကို တိုက်ခိုက်ချိန်အတွင်း ဖမ်းဆီးထားတဲ့ဓါးစာခံတွေထဲမှာ အစ္စရေးစစ်သားတွေလည်း ပါဝင်ခဲ့ပြီးအဲဒီအရေ အတွက် အစ္စရေးနိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းအားလုံး ပြန်လွှတ် အောင် စေ့စပ်ဆွေးနွေးဖို့ လုံလောက်တဲ့အရေအတွက်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ လက်ရှိအချိန်မှာ မြေပြင်ထိုးစစ်ဆင်နွဲဖို့ တွက်ချက်နေပြီး ဟားမက်စ်အဖွဲ့တွေကလည်း ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ကြိုတင်သိရှိထားဖို့ လိုအပ်နေကြာင်း ပြောပါတယ်။ 


အစ္စရေးကာကွယ်ရေးဝန်ကြီးက  ဂါဇာနယ်စပ်ဒေသမှာ စုရုံးရောက်ရှိနေတဲ့အစ္စရေးတပ်ဖွဲ့တွေကို မကြာမီအချိန် အတွင်း ပါလက်စတိုင်း ပိုင်နက်အတွင်းမှာ တွေ့မြင်ရမှာဖြစ်ကြောင်း၊ ဟားမက်စ်အဖွဲ့ကို သုတ်သန်ချေမှုန်းမယ့် မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေဟာ မကြာခင် စတင်တော့မှာဖြစ်ကြောင်း ပြောပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားတွေ အပါအဝင် အစ္စရေးနိုင်ငံသား အနည်းဆုံး ၁၄ဝဝ ကျော် သေဆုံးထား ကြောင်း သိရပါတယ်။ 

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးနိုင်ငံအပေါ် ဟားမက်စ်အဖွဲ့တိုက်ခိုက်ခြင်းဟာ အရှေ့အလယ်ပိုင်း ဒေသငြိမ်းချမ်းရေးတိုးချဲ့မယ့်အစီအစဉ်တွေကို ဟန့်တားဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံအနေနဲ့ ဟားမက်စ်ကိုတိုက်ခိုက်မယ့် အစ္စရေးရဲ့စစ်ရေးအစီအစဉ်တွေကို အားပေးထောက်ခံစေလိုကြောင်း တောင်းဆို လိုက်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဆူနက်ဟာ အောက်တိုဘာ ၁၉ ရက်က အစ္စရေးနိုင်ငံကိုရောက်ရှိလာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အီဂျစ်သမ္မတ အယ်စီစီ နဲ့ ဂျော်ဒန်ဘုရင် အဒူလာတို့က ဂါဇာဒေသရှိ ပါလက်စတိုင်းတွေကို စုပေါင်း ပြစ်ဒဏ်ပေး နေခြင်းများကို ပြစ်တင်ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွား နေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အီဂျစ်သမ္မတ နဲ့ ဂျော်ဒန်ဘုရင်တို့ဟာ ဂါဇာဒေသကို အစ္စရေးရဲ့ကျူးကျော်မှုတွေကို တားဆီးဖို့ အဓိကထားဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနိုင်ငံ၏ ကင်ဆာကုသဆေးများဖြင့် မြန်မာနိုင်ငံရှိ ကင်ဆာဝေဒနာရှင်များကို ကုသရန် နှစ်နိုင်ငံအကြား စီစဉ်နေ

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved