Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-18 / 2:45 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၈

ကုလသမဂ္ဂအဖွဲ့အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ်ရဲ့တိုက်ခိုက်မှု များနဲ့ပတ်သက်ပြီး ပါလက်စတိုင်းပြည်သူတွေအပေါ် စုပေါင်းအပြစ်ပေးခြင်းမျိုး မဖြစ်သင့်ကြောင်း၊ ဂါဇာဆေးရုံတိုက်ခိုက်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အစ္စရေးစစ်ဘက်က ဂါဇာမြို့တောင်ပိုင်းကို ပြောင်းရွှေ့သွားတဲ့ပါလက်စတိုင်းလူမျိုးတွေကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပေမယ့် အသေးစိတ်အခြေအနေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိကြောင်း သိရပါတယ်။ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်ဟာ အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဟာ ဟားမက်စ်အဖွဲ့ရှိနေတဲ့ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁ဝ နိုင်ငံဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းပါဝင်တဲ့ထုတ်ပြန်ချက်မျိုး မထုတ်နိုင်ဘဲ သီးခြားထုတ်ပြန်မှုမျိုးသာ ထုတ်ပြန်နိုင်ခဲ့ကြောင်း သိရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မွတ်စလင်များတဲ့ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဘရူးနိုင်းနိုင်ငံတို့ဟာ အစ္စရေးကို တရားဝင်အသိအမှတ်မပြုထားတဲ့နိုင်ငံတွေ မဟုတ်သလို အစ္စရေးနဲ့ သံတမန် ဆက်ဆံရေး တရားဝင်တည်ထောင်ထားခြင်းမျိုးမရှိကြောင်း သိရပါတယ်။ 


ဂါဇာကမ်းမြောင်ဒေသရှိ  Al-Ahli Baptist ဆေးရုံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနဲ့ပတ်သက်ပြီး အစ္စရေးကို ကနေဒါ၊ တူရကီနိုင်ငံတို့အပါအဝင် ကမ္ဘာတဝန်းရှိ နိုင်ငံအများအပြား ပြစ်တင်ရှုတ်ချထားကြောင်း သိရပါတယ်။ အနည်းဆုံးလူပေါင်း ၅ဝဝ ကျော်သေဆုံးစေခဲ့တဲ့ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ကနေဒါ၊ တူရကီ၊ ယူအေအီး၊ အီရန်၊ ကာတာ၊ ဂျော်ဒန်၊ ပြင်သစ်နိုင်ငံတို့က အစ္စရေးကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရပါတယ်။ 

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က ပါလက်စတိုင်းလူမျိုး ရာချီသေဆုံးစေခဲ့တဲ့ ဂါဇာဒေသရှိ ဆေးရုံ တိုက်ခိုက်ခံရမှုများအတွက် အမေရိကန်နိုင်ငံမှာ တာဝန်ရှိကြောင်း၊ အမေရိကန်နိုင်ငံဟာ အစ္စရေးကို ကျူးကျော် တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ နောက်ကွယ်ကနေ မြှောက်ပေးခဲ့ကြောင်း ပြောပါတယ်။

ပါလက်စတိုင်းပြည်သူများအနေနဲ့ အပြင်ကိုထွက်ပြီး ကျူးကျော်သူများနဲ့ ထိပ်တိုက်တွေ့ဆုံမှုများလုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် အာရပ်နိုင်ငံအားလုံးနဲ့ မွတ်စလင်နိုင်ငံအားလုံးဟာ အစ္စရေးရဲ့လုပ်ရပ်တွေအပေါ် ဆန့်ကျင် ဆန္ဒပြကြရမှာဖြစ်ကြောင်း ဟားမက်စ် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Haniyeh က ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် သတင်းများ စုစည်းတင်ဆက်ခြင်း

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved