Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါလက်စတိုင်းတို့ ဂါဇာမြေအား စွန့်ခွာမည် မဟုတ်ကြောင်း ဟားမတ်စ်ခေါင်းဆောင် ပြောဆို

Htay Oung (NSS) - အောက်တိုဘာ ၁၅ 

ကမ်းမြှောင်ဒေသနေထိုင်သူ ၁.၁ သန်းကျော်တို့အနေနဲ့ လက်ရှိနေထိုင်ရာမှ စွန့်ခွာပြီး (အီဂျစ်နိုင်ငံတည်ရှိရာ) တောင်ဘက်သို့ ထွက်ခွာပေးကြရန် အစ္စရေးစစ်တပ်က ရာဇသံပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဂါဇာ (သို့မဟုတ်) အနောက်ဘက်ကမ်းမှ ပါလက်စတိုင်းတို့ဟာ အီဂျစ်နိုင်ငံကို ရွေပြောင်းနေထိုင်မှာ မဟုတ်ကြောင်း စနေနေ့မှာ အစ္စလာမ်မစ် ဟားမတ်စ်အဖွဲ့ခေါင်းဆောင်က ပြောဆိုတယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

သူတို့ရဲ့ဆုံးဖြတ်ချက်ဟာ သူတို့မြေပေါ်မှာဆက်လက် နေထိုင်ရန်ဖြစ်တယ်လို့ အီစမိုင် _ဟန်နီယာက အီဂျစ်နိုင်ငံ ကိုရည်ညွှန်းတဲ့ သူ့ရဲ့ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ 


အီဂျစ်ဟာ ဂါဇာကမ်းမြောင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီးပါတယ်။ ဟားမတ်စ်စစ်သွေးကြွများရဲ့ ဖျက်ဆီး ကျုးကျော်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ကမ်းမြှောင်ဒေသကို အစ္စရေးတို့က ဝိုင်းရံပိတ်ဆို့ပြီး အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေပါတယ်။ ဒီအတွက် ဂါဇာဒေသနေသူများ  ရွှေ့ပြောင်းခံရနိုင်ခြေရှိတဲ့အတွက် အီဂျစ်နိုင်ငံမှာလည်း စိုးရိမ်ထိတ်လန့်နေရပါတယ်။

စစ်ပွဲအရှိန်မြင့်လာပေမယ့်  ပါလက်စတိုင်းတွေအနေနဲ့ သူတို့ရဲ့မြေပေါ်မှာပဲ ဆက်လက်နေသင့်ကြောင်း၊ အခြား အာရပ်နိုင်ငံများနည်းတူ ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေပေးအပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အီဂျစ်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသနေထိုင်သူများ တောင်ဘက်သို့ထွက်ခွာဖို့ မိမိတို့ရဲ့သတိပေးချက်ကို ပါလက်စတိုင်း အရပ်သားများက လိုက်နာရမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအတ်_ဂယ်လန့်က သောကြာနေ့မှာ ပြောပါ တယ်။


ယခုဖြစ်ပွားနေတဲ့ ၂ဝ၂၃ ခုနှစ် ဟားမတ်စ်-အစ္စရေးစစ်ပွဲဟာ ယခင် ပါလက်စတိုင်းစစ်ပွဲများနဲ့ အကြောင်းရင်းခံချင်း အတော် တူညီပါတယ်။

ပါလက်စတိုင်းနဲ့ ဂျူးတို့အကြား (နယ်မြေပိုင်ဆိုင်ခွင့်) ပဋိပက္ခဟာ ရာစုနှစ်ချီကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရန်ဘက် တိုင်းပြည်များပတ်လည်ဝိုင်းနေတဲ့နေရာမှာ နိုင်ငံတည်ထောင်ခြင်းအားဖြင့် အာရပ်တို့နဲ့မလွဲမသွေ စစ်ဖြစ်ရလိမ့် မယ်ဆိုတာ ဂျူးလူမျိုးတို့ ကြိုတင်တွက်ဆထားပြီး ဖြစ်ပုံရပါတယ်။ စစ်ပွဲတိုင်းမှာ အစ္စရေးတို့က နယ်မြေတိုးချဲ့ သိမ်းယူနိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲ တတိယအကြိမ်မှာ ပါလက်စတိုင်းတို့ကို အနောက်ဘက်ကမ်းနဲ့ ဂါဇာ ကမ်းမြှောင်အတွင်း မောင်းထုတ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်ခဲ့ပါတယ်။ စတုတ္ထအကြိမ် နှစ်ဘက်အင်အားပြည့် အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ ၁၉၇၃ ခုနှစ် ယွန်ကစ်ပူစစ်ပွဲအပြီးမှာ ယခင်သိမ်းယူထားတဲ့ နယ်မြေများနဲ့ အလဲအလှယ် လုပ်ခြင်း ဂျော်ဒန် အပါအဝင် အိမ်နီးချင်းအာရပ်နိုင်ငံအချို့နဲ့ အစ္စရေးတို့အကြား အပစ်အခတ်ရပ်စဲ နိုင်ခဲ့ပါတယ်။


အီဂျစ်နဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်တဲ့အတွက် ဆိုင်းနိုင်းဒေသကို သိမ်းယူထားတဲ့ အစ္စရေးတပ်များကို ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဘက်ကမ်းတို့မှာ အရပ် အုပ်ချုပ်ရေးကို ပြောင်းလဲပေးခဲ့ပေမယ့် ဂိုလန်ကုန်းမြင့်နဲ့ ဂျေရုဆလင်မြို့ အရှေ့ပိုင်းကို အစ္စရေးပိုင်နက်အတွင်း သွတ်သွင်းခဲ့ပါတယ်။ အဲဒီလိုတစ်နေရာလျော့ တစ်နေရာတင်း လုပ်ခြင်းအားဖြင့် စစ်ပွဲဖြစ်ပွားတိုင်း ပါဝင်နေကျ အာရပ်နိုင်ငံအချို့ကို ဖယ်ထုတ်ခဲ့ကြောင်း ဂျူးတို့ရဲ့ စစ်ရေး-အုပ်ချုပ်ရေး လိမ်မာပါးနပ်ပုံကို တွေ့မြင်ရပါတယ်။ 

ဆိုင်းနိုင်းကျွန်းဆွယ် အီဂျစ်နယ်မြေမှ အစ္စရေးတပ်များ စတင်ဆုတ်ခွာခြင်းနဲ့အတူ ပါလက်စတိုင်းနဲ့ တင်းမာမှုဟာ မြင့်တက်လာခဲ့ပါတယ် ယာဆာအာရဖတ်ရဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးတပ် PLO တို့ဟာ လက်ဘနွန်နိုင်ငံ ဒုက္ခသည်စခန်းများအတွင်း အခိုင်မာခြေကုပ်ယူပြီး၊ အစ္စရေးခရီးသည်တင်လေယာဉ်များကို ဗုံးခွဲ (သို့မဟုတ်) အပိုင်စီးခြင်း၊ ပြည်ပမှာ ခရီးသွားလာနေတဲ့ အစ္စရေး အရပ်သားများ၊ အားကစားသမားများကို အကြမ်းဖက် သတ်ဖြတ်ခြင်းဖြင့် အစ္စရေးနိုင်ငံအပေါ် လက်နက်ကိုင်ဆန့်ကျင်ခဲ့ကြပါတယ်။

ဒီအတွက် ပါလက်စတိုင်းတို့ရှိရာ လက်ဘနွန်နိုင်ငံတောင်ပိုင်းနဲ့ ဘေရွတ်မြို့တော်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်။ ၁၉၈၂ ပဉ္စမနဲ့ ၂ဝဝ၆ ခုနှစ် ဆဋ္ဌမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲကိုတော့ လက်ဘနွန်နိုင်ငံအတွင်းအဖြစ် ဂျူးတို့က ကန့်သတ်နိုင်ခဲ့ပြီး ပါလက်စတိုင်း PLO များ၊ ဒေသတွင်း မွတ်စလင်ဗော်လံတီယာများ၊ လက်ဘနွန် တရားဝင် ပြည်သူ့စစ်ဟစ်ဇ်ဘိုလာတို့နဲ့ အကြိတ်အနယ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာရပ်-အစ္စရေးစစ်ပွဲဟာ ပါလက်စတိုင်း-အစ္စရေးစစ်ပွဲအဖြစ် ဘောင်ကျဉ်းသွားပါတယ်။ 

အဲဒီအချိန် လက်ဘနွန်တောင်ပိုင်း PLO တို့၀င်ရောက်နေတဲ့ ဒုက္ခသည်စခန်းများကို အစ္စရေးက ဝိုင်းပတ် ပိတ်ဆို့ခဲ့ပါတယ်။ အီဂျစ်-‌ဂျော်ဒန် အပါအဝင် နိုင်ငံတကာကြား၀င်စေ့စပ်မှုဖြင့် ခရစ်ယာန်ဘာသာဝင်အများစု လက်ဘနွန်အစိုးရနဲ့ အစ္စရေးတို့အကြား မကြာမီ ပုံမှန်ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် အော်စလိုသဘောတူစာချုပ်အရ အစ္စရေးနိုင်ငံတည်ရှိမှုကို PLO တို့က အသိအမှတ်ပြုလိုက်ရပြီး အကြမ်းဖက်မှုကို စွန့်လွှတ်လိုက်ရပါတယ်။ အပြန်အလှန်အားဖြင့် လက်နက်ကိုင်ဆန့်ကျင်ခြင်း မရှိတော့တဲ့ PLO တို့ကို ပါလက်စတိုင်းရဲ့ တရားဝင်အုပ်ချုပ်သူအဖြစ် အစ္စရေးက အသိအမှတ်ပြုခဲ့ပါတယ်။ 

အစ္စရေးဝန်ကြီးချုပ်များဖြစ်ကြတဲ့ ရှီမွန်_ပီရက်စ်၊ ယစ်ဇက်_ရာဘင်တို့နဲ့အတူ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲရရှိခဲ့သူ ယာဆာအာရဖတ်ကိုတော့ ပါလက်စတိုင်းအချို့နဲ့ သဘောထားတင်းမာသူ အာရပ်နိုင်ငံအချို့က အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်လိုက်ကြပါတယ်။

ဟားမတ်တို့ဟာ အစ္စရေးတို့ရဲ့ သိမ်းပိုက်မှုကို ဆန်ကျင်တဲ့ ပါလက်စတိုင်းလူထုအုံကြွမှု ၁၉၈၇-၁၉၉၃ ခုနှစ်မှ “ပထမအကြိမ်_အင်တီဖာဒါ” နဲ့ “ ၂ဝဝဝ-၂ဝဝ၅-ခုနှစ် “ဒုတ်ိယအကြိမ်_အင်တီဖာဒါ” အပြီးမှာ ပေါ်ပေါက်လာတဲ့ မွတ်စလင် ဘရားသားဟုဒ်များဖြစ်ကြပါတယ်။

၂ဝဝ၆ ခုနှစ်မှာ ဂါဇာကမ်းမြှောင်မှ ဟားမတ်စ်တို့ နယ်ခြားအတားအဆီးများကိုဖြတ်ကျော်ကာ အစ္စရေးတင့်ကား တစ်စီးကို ဖျက်ဆီးပြီး တပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခြင်းဖြင့်  ၆ ကြိမ်မြောက်အာရပ်-အစ္စရေးစစ်ပွဲ (ခေါ်)  ပါလက်စတိုင်း-အစ္စရေးစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ ၂ဝ၂၃ ယခုလက်ရှိစစ်ပွဲနဲ့ နှိုင်းယှဉ်လျှင် နှစ်ဖက် ထိခိုက်သေဆုံးမှု အလွန်နည်းခဲ့ပေမယ့် ဂါဇာဒေသကို အစ္စရေးတို့က အီလက်ထရောနစ်စည်းရိုးများ၊ ကွန်ကရစ်တံတိုင်းများ ကာရံပြီး ပြင်ပကမ္ဘာနဲ့ အဆက်ဖြစ်ပစ်ခဲ့ပါတယ်။  

အဲဒီနှစ်မှာပဲ ဟားမတ်စ်တို့ဟာ ဂါဇာကမ်းမြှောင်ဒေသအတွင်း အုပ်ချုပ်သူအဖြစ် ပါလက်စတိုင်းလူထုက ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။


#ဂါဇာကမ်းမြှောင် #ဟားမတ်စ်ခေါင်းဆောင် #အီစမိုင် _ဟန်နီယာ #ယာဆာအာရဖတ် #အီဂျစ် #အနောက်ဘက်ကမ်း #ဂျော်ဒန် #လက်ဘနွန်ကို #အင်တီ_ဖာဒါ #ရှီမွန်_ပီရက်စ် #ယစ်ဇက်_ရာဘင်

(Reuters., 14 October 2023,” Hamas leader Haniyeh: Palestinians will not leave Gaza” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၈)နှစ်ပြည့် NCA ညီလာခံနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း မြင်သမျှ၊ ကြားသမျှ၊ တွေးမိသမျှအထွေထွေ (၁၅-၁ဝ-၂ဝ၂၃)

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved