Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားက ရုရှားအတွက် စစ်လက်နက်ပစ္စည်းများထည့်ထားသော ကွန်တိန်နာ(၁)ထောင်ကျော် ပေးပို့ခဲ့ ဟု အမေရိကန်ပြော

Pika (NSS) - အောက်တိုဘာ ၁၄ 

မြောက်ကိုရီးယားသည် ယူကရိန်းနှင့်စစ်ပွဲတွင် အသုံးပြုရန်အတွက် စစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်းမီးကျောက် များ ပါဝင်သည့် ကွန်တိန်နာ(၁)ထောင်ကျော်ကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ရုရှားဆီသို့ ပေးပို့ခဲ့ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပြီးခဲ့သည့်လတွင် ရုရှားသမ္မတပူတင်နှင့်သွားရောက်တွေ့ဆုံခဲ့ပြီး နောက် ဖြစ်နိုင်ခြေရှိသော လက်နက်သဘောတူညီချက်များနှင့်ပတ်သက်ပြီး ယူကရိန်း၏ မိတ်ဖက်နိုင်ငံများ ကြားတွင် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာစေခဲ့ကြောင်း သိရသည်။


အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဂျွန်ကီဘိုင်က "ယူကရိန်းမြို့တွေကို တိုက်ခိုက်ဖို့၊ ယူကရိန်းပြည်သူတွေကို သတ်ဖို့ နဲ့ တရားမဝင်ကျူးကျော်စစ်ပွဲကို အားပေးသလိုဖြစ်စေတဲ့ စစ်လက်နက်ပစ္စည်း တွေ ရုရှားကိုပေးအပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ်ကို ကျွန်တော်တို့ ပြစ်တင်ရှုတ်ချပါတယ်။ မြောက်ကိုရီးယား ဟာ ရုရှားကို နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ ပေးပို့ခြင်း ရှိ/မရှိ ဆိုတာကို ကျွန်တော်တို့ သေချာစောင့်ကြည့်် သွားမှာပါ။ အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားဟာ တိုက်လေယာဉ်တွေ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေ၊ သံချပ်ကာယာဉ်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ကိရိယာတွေ (သို့မဟုတ်) အခြားပစ္စည်းတွေနဲ့ အခြားအဆင့်မြင့်နည်းပညာတွေပါဝင်တဲ့ စစ်ရေးအကူအညီတွေကို ရုရှားထံကနေ ရယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ရုရှားမှ မြောက်ကိုရီးယားသို့ နည်းပညာလွှဲပြောင်းပေးတာတွေ အပါအဝင် နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ တိုးချဲ့တာဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကို ထိခိုက်စေပါတယ်" ဟု ပြောခဲ့သည်။ 

စက်တင်ဘာလ(၁)ရက်မှ အောက်တိုဘာလ(၁)ရက်အတွင်း မြောက်ကိုရီးယားနိုင်ငံ Najin မြို့မှ ရုရှားနိုင်ငံ Dunay မြို့သို့ ကွန်တိန်နာအများအပြား ပေးပို့ခဲ့သည်ကို  အမေရိကန်အစိုးရက ထုတ်ပြန်ထားသည့်ဓါတ်ပုံများတွင် တွေ့ရှိခဲ့ ရသည်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း လာရောက်လည်ပတ်သည့်ခရီးစဉ်အတွင်း သဘောတူညီချက် များအတွက် လက်မှတ်ရေးထိုးခြင်းများ မရှိခဲ့သော်လည်း နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ဖြစ်နိုင်ခြေများကို တွေ့ခဲ့ရကြောင်း ပူတင်က ထုတ်ဖော်ပြောဆိုထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ အောက်တိုဘာလ ၁၄ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved