Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးနဲ့ ဟားမက်စ်လက်ကိုင်အဖွဲ့စစ်ပွဲမှာ ပါဝင်ဖို့ အလုံးစုံပြင်ဆင်နေဟု ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ပြော

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၄

ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူက သင့်တော်တဲ့အချိန်မှာ အစ္စရေးကို ဟားမက်စ်အဖွဲ့ နဲ့အတူ ပူးပေါင်းတိုက်ခိုက်ဖို့ အလုံးစုံပြင်ဆင်နေတယ်လို့ ပြောခဲ့ပါတယ်။

ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က "ကျွန်တော်တို့တွေဟာ အစ္စရေးနဲ့ထိပ်တိုက်တွေ့ဆုံရေး လုပ်ဆောင်မှာပါ။ စစ်ပွဲမှာ ပါဝင်ရမယ့်အချိန်အခါမျိုးရောက်လာတယ်ဆိုရင်တော့ ပါဝင်တိုက်ခိုက်သွားမှာပါ။ လက်ရှိအချိန်မှာတော့ အပြည့်အဝ ပြင်ဆင်နေတယ်။ အခွင့်အရေးတွေ ရရှိမယ်ဆိုရင်တော့ စစ်ပွဲထဲကို တိုက်ရိုက် ပါဝင်လာမှာပါ" လို့ပြောပါတယ်။ 


အမေရိကန်အစိုးရဟာ ဟစ်ဘိုလာအဖွဲ့ကို ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ် နဲ့ အစ္စရေးကြားဖြစ်နေတဲ့ စစ်ပွဲကို မပါဝင်ဖို့ သတိပေးထားပေမယ့် အဲဒီတောင်းဆိုမှုတွေကို ဟစ်ဘိုလာအဖွဲ့က ငြင်းဆန်ပယ်ချထားပါတယ်။ ဟစ်ဘိုလာအဖွဲ့ လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့  Naim Qassem က "ကျွန်တော်တို့ကို အာရပ်နိုင်ငံတွေနဲ့ ကုလသမဂ္ဂကိုယ်စားလှယ်တွေကတော့ စစ်ပွဲမှာ မပါဝင်ဖို့ ပြောဆိုထားတယ်။ အဲဒီပြောချက်တွေက ကျွန်တော်တို့ အပေါ် သက်ရောက်မှာမဟုတ်ဘူး။ ဟစ်ဘိုလာအဖွဲ့ဟာ ကိုယ်တာဝန်ကိုယ်သိပါတယ်" လို့ ပြောပါတယ်။ 


အစ္စရေးဟာ ဟစ်ဘိုလာအဖွဲ့ကို အောက်တိုဘာ ၉ ရက်က  တိုက်ခိုက်ခဲ့ရာ ဟစ်ဘိုလာအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဟစ်ဘိုလာ အဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်တွေနဲ့ပစ်ခတ်တာတွေ လုပ်ခဲ့ဖူးပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်းရာချီကို ပြန်ပေးဆွဲခဲ့ ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒုတိယအကြိမ်အဖြစ် သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများသို့ အရန်ဆန်အိတ် (၅)သိန်း ပို့ဆောင်မည်

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved