Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အမေရိကန်ခရီးစဉ်မတိုင်မီ လူ့အခွင့်အရေးဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

Htay Oung (NSS) - ဇွန် ၂၂

ယခုသီတင်းပတ်အတွင်း အလည်အပတ်ရောက်ရှိလာမယ့် အိန္ဒိယဝန်ကြီးချုပ်အတွက် နိုင်ငံတော် ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံဖို့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့အစိုးရအဖွဲ့က ပြင်ဆင်နေပါတယ်။ ဒါပေမယ့် မိုဒီရဲ့ လက်ယာယိမ်း အစိုးရလက်ထက် အိန္ဒိယနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုနေကြောင်း ဝေဖန်နေသံတွေအပေါ် နည်းနည်းလေးတောင် စိတ်ပါဝင်စားပုံ မရဘူးလို့ Al Jazeer က ယမန်နေ့ (ဇွန်လ ၂၁ ရက်)မှာ ရေးသားပါတယ်။

မိုဒီရဲ့ အမေရိကန်ခရီးစဉ်ဟာ “နက်ရှိုင်းပြီး နီးကပ်” တဲ့ မိတ်ဖက်ဆက်ဆံရေးကို အတည်ပြုမှာဖြစ် ကြောင်း အင်္ဂါနေ့ (ဇွန်လ ၂ဝ ရက်)သတင်းစာရှင်းလင်းပွဲမှာ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် “ဂျွန်ကာဘီ” က သတင်းထောက်တွေကို ရှင်းပြပါတယ်။ နာရင်ဒြာမိုဒီဟာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ယခင် ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်ကို ရောက်ရှိခဲ့ဖူးပေမယ့် လမ်းကြုံ တစ်ထောက်နား ခရီးစဉ်သာ ဖြစ်ခဲ့ပါတယ်။ 

ခရီးစဉ်အတွင်း အိန္ဒိယရဲ့ မီဒီယာလွတ်လပ်ခွင့်အတွက် မိုဒီအပေါ် ဖိအားပေးရန် အမေရိကန်အခြေစိုက် သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ က အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။ အမေရိကန်အစိုးရကတော့ သူတို့ရဲ့ လက်နက်တင် ဒရုန်းလေယာဉ်တွေကို ဝယ်ယူဖို့ မိုဒီရောက်လာချိန် တွန်းအားပေးရန် စိတ်အား ထက်သန်နေပါတယ်။ 

ကာဘီရဲ့ မှတ်ချက်မှာ အိန္ဒိယရဲ့လူ့အခွင့်အရေးမှတ်တမ်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိကြောင်းဖော်ပြဖို့ အကြီးအကျယ်ပျက်ကွက်နေပါတယ်။ မိုဒီအစိုးရဟာ “ဟိန္ဒတ်ဗာ"လို့ လူသိများတဲ့ လက်ယာစွန်း ဟိန္ဒူအမျိုးသားရေးဝါဒကို ဆုပ်ကိုင်ထားတဲ့အတွက် နိုင်ငံရှိ လူနည်းစု အထူးသဖြင့် မွတ်စလင်များအတွက် ရန်လိုတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးရာရောက်ရှိနေတယ်လို့ ဝေဖန်သူများက ဆိုကြပါတယ်။

အမေရိကန်ဟာ အာရှနဲ့ ပစိဖိတ်ဒေသတစ်ခွင်ရှိ နိုင်ငံများနဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံများမှတစ်ဆင့် တရုတ်ရဲ့ အသက်ဝင်လူးလွန့်လာမှုကို တန်ပြန်ရန် ကြိုးပမ်းနေချိန်မှာ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ အတွက် ကွန်ဂရက်လွှတ်တော်ရှိ ပါတီနှစ်ရပ်စလုံးက ထောက်ခံခဲ့ကြပါတယ်။ ဥပမာအားဖြင့် ခရီးစဉ်အတွင်း မိုဒီက ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်ခေါင်းဆောင်များက ဖိတ်ကြားထားပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့  အရပ်ဘက်လွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့် မှတ်တမ်းများကို ထောက်ပြဖို့ ဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီထဲမှာပဲ အမတ်အချို့က စိစစ်နေကြပါတယ်။

မိုဒီနဲ့ တွေ့ဆုံရာမှာ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများအကြောင်းကို ပြောကြားဖို့ အထက်-အောက် လွှတ်တော် နှစ်ရပ်မှ အဖွဲ့ဝင် ၇ဝ ကျော်တို့က လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဘိုင်ဒန်အစိုးရထံ အင်္ဂါနေ့မှာ ပေးပို့ထားပါတယ်။

မိုဒီရဲ့ ကွန်ဂရက်လွှတ်တော် မိန့်ခွန်းကို သပိတ်မှောက်မယ်လို့ အဲဒီစာကို လက်မှတ်ရေးထိုးထားခြင်း မရှိသူ ပါလက်စတိုင်းနွယ်ဖွား ဒီမိုကရက်တစ် အမျိုးသမီးကွန်ဂရက်အမတ် “ရာရှီဒါတာလစ်" က အင်္ဂါနေ့ သူ့ရဲ တွစ်တာစာမျက်နှာမှာ ရေးသားပါတယ်။

မိုဒီအတွက် ရှည်လျားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေ၊ ဒီမိုကရေစီကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ၊ မွတ်စလင်တွေနဲ့ ဘာသာရေး လူနည်းစုတွေအပေါ် ပစ်မှတ်ထားပြီး သတင်းသမားတွေကို ဆင်ဆာဖြတ် တောက်တာဟာ လက်ခံနိုင်စရာ မရှိကြောင်း၊ အမေရိကန်နိုင်ငံရဲ့ မြို့တော်မှာ မိုဒီအတွက် စကားပြောစင်မြင့် တစ်ခုပေးထားရတာ ရှက်စရာကောင်းတယ်လို့ ဆိုပါတယ်။ 

အဲဒီ စိုးရိမ်မှုများနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အခြားနိုင်ငံ့ခေါင်းဆောင်များနဲ့ ဆက်ဆံတဲ့အခါ  သဘောထားကွဲလွဲမှုများကို သမ္မတကြီးအနေနဲ့ ထုတ်ဖော်ပြောဆိုလေ့ရှိကြောင်း၊ လူ့အခွင့်အရေးဟာ အမေရိကန်အစိုးရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အခြေခံအချက်များဖြစ်ကြောင်း၊ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံကို သတင်းစကားပေးပို့ခြင်း မဟုတ်ပဲ၊ အမေရိကန်-အိန္ဒိယ ဆက်ဆံရေးကို ခိုင်မာစေရန်ဖြစ်ကြောင်း ဂျွန်ကာဘီက ပြန်လည်ဖြေဆိုပါတယ်။ ဒီအတွက် လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး ဘိုင်ဒန်က မိုဒီကို လက်ချာရိုက်စရာ မရှိကြောင်း အိမ်ဖြူတော်က ဆိုလိုတယ်လို့ Reuters က ယနေ့ (ဇွန်လ ၂၂ ရက်) မှာရေးသားပါတယ်။

တရုတ်ကို အလေးအနက်ထားကြောင်း ကာဘီက ပြောဆိုပေမယ့် ယခုခရီးစဉ်ဟာ နှစ်နိုင်ငံကြား တိုးမြင့်နေတဲ့ ဆက်ဆံရေးကို ပြသခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို သတင်းစကား ပေးပို့ခြင်းနဲ့ မပတ်သက်ဘူးလို့ မှတ်ချက်ပေးပါတယ်။ ဒါပေမယ့် လက်နက်ရောင်းချတဲ့ ကိစ္စမျိုးလို နယ်ပယ်များမှာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် စနစ်တကျအခွင့်အရေးချိုးဖောက်မှုများကို ဝါရှင်တန်က လျစ်လျူရှုထားတယ်လို့ အမေရိကန်အခြေစိုက် အဖွဲ့များက ပြောကြပါတယ်။

"ကျွန်တော်တို့ စိုးရိမ်တာက အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို ဖြူစင်အောင် ဘိုင်ဒန်အစိုးရက ခဝါချပေးနေတဲ့ ကိစ္စပါပဲ၊ ယခင် ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အမေရိကန်ကို ဝင်ရောက်စဉ် ခင်းပေးလိုက်တဲ့ ကောဇောနီအတူ ပျောက်ကွယ်သွားပါပြီ ”လို့ မိုဒီရဲ့ ခရီးစဉ်အတွင်း ကန့်ကွက်ဆန္ဒပြပွဲများကို ဆက်တိုက်စီစဉ် ပေးခဲ့သူ အိန္ဒိယ အမေရိကန် မွတ်စလင်ကောင်စီ (IAMC)  အမှုဆောင်ဒါရိုက်တာ ရာရှစ်အာမက်က ပြောပါတယ်။ 

အဲဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ၂ဝဝ၂ ခုနှစ် ဂူဂျာရတ် မွတ်စလင်အကြမ်းဖက်မှုများ ဖြစ်ပွားစဉ် ရပ်တန့်ရန် ပျက်ကွက်ခဲ့သူ ပြည်နယ်ဝန်ကြီးချုပ် မိုဒီအပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက တားမြစ်ခဲ့တဲ့ ၂ဝဝ၅ ခုနှစ်မှ စတင်ခဲ့ပါတယ်။ တားဆီးပိတ်ဆို့မှုဟာ မိုဒီဝန်ကြီးချုပ်ဖြစ်လာချိန် ၂ဝ၁၄ ခုနှစ်မှာ အဆုံးသတ်သွားပါတယ်။ 

မည်သို့ပင်ဆိုစေကာမူ လူနည်းစုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများနဲ့ မွတ်စလင်တွေကို လူမျိုး သုဉ်းပြုမှု အပါအဝင် ဘာသာရေးလွတ်လပ်ခွင့်များအပေါ် ခြိမ်းခြောက်မှုများ တိုးမြင့်လာတယ်လို့ ပြီးခဲ့တဲ့လမှာ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ ဒီနေရာမှာ ပြောဆိုမှု အချို့ဟာ မိုဒီဦးဆောင်နေတဲ့ “ဘာရတ်တီယာဂျာနာတာပါတီ“ (BJP) အရာရှိများအတွင်းမှ ဖြစ်နေပါတယ်။ 

ဒါပေမဲ့ မိုဒီနဲ့ BJP တို့က အခိုင်အမာ အာဏာရလာတဲ့အတွက် တရုတ်ကို ထိန်းချုပ်ဖို့ မဟာမိတ်ရှာဖွေရေး စျေးဗန်းခင်းနေတဲ့ အမေရိကန်အတွက် (လူ့အခွင့်အရေး) စိုးရိမ်မှုများကို အကြီးအကျယ် ဘေးချိတ်ထားလိုက် တယ်လို့ လေ့လာသူများက သုံးသပ်ကြပါတယ်။

ရုရှားနဲ့ တရုတ်တို့လိုတိုင်းပြည်တွေရဲ့ အာဏာရှင်ဆန်ဆန်ကိစ္စတွေကို  ကောင်းကောင်း  မှတ်တမ်းတင်ထား နိုင်ကြောင်း၊ မိုဒီလက်ထက် အိန္ဒိယဟာ တစ်ပါတီနိုင်ငံအဖြစ်သို့ ကူးပြောင်းသွားခဲ့ပေမဲ့  ဒီမိုကရေစီတိုင်းပြည် အဖြစ် ရပ်တည်နေခြင်းကြောင့် တသမတ်တည်း စိစစ်ခြင်းမှ လွတ်မြောက်နိုင်ခဲ့တယ်လို့ တောင်အာရှနိုင်ငံရေး ကျွမ်းကျင်သူ မိုဟာမက်ဂျင်းနတ်က ပြောပါတယ်။ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရ်ှမီးယားရဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ရုတ်သိမ်းခြင်းဟာ ဟိန္ဒူအမျိုးသားရေးဝါဒီများရဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီကြောင်း၊ ကက်ရ်ှမီးယားနေ ပြည်သူများရဲ့ အခွင့်အရေးတွေကို ဂရုမစိုက်ပဲ အစိုးရရဲ့လက်ယာယိမ်း သွားပုံကို မြင်သာတဲ့ ဥပမာတစ်ခုဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ ပတ်သက်တဲ့ စာတစ်စောင်မှာ ကွန်ဂရက်အမတ် ဒါဇင်နဲ့ချီပြီး လက်မှတ်ရေးထိုးခဲ့ကြပေမယ့် ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ပေါ်လစီဖန်တီးတဲ့အထိ အခိုင်အမာ လုပ်ဆောင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဂျင်းနတ်က ပြောပါတယ်။

(Al Jazeera., 21 June 2023, "India’s Modi faces human rights criticism ahead of US visit" ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျန်ရှိနေသည့် မူပိုင်ခွင့်ဥပဒေ(၃)ရပ်ကို အာဏာတည်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် နစကဝန်ကြီး တိုက်တွန်း

RELATED POSTS
RECENT POSTS
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved