Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် လက်နက်ကိုင်အဖွဲ့ဝင် အနည်းဆုံး(၄ဝ)ဦးသေဆုံးဟုဆို

Pika (NP News) - မေ ၂၉

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့်လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ လက်နက်ကိုင်အဖွဲ့ဝင် အနည်းဆုံး(၄ဝ)ဦးသေဆုံးခဲ့ကြောင်းသိရသည်။

မဏိပူရပြည်နယ်အတွင်းရှိ Meitei လူမျိုးစုအပေါ် အထူးအခွင့်အရေးပေးမည့်အစီအစဉ်နှင့်ပတ်သက်ပြီး မေလ(၃)ရက်တွင် လူမျိုးစုများကြား အကြမ်းဖက်မှုများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆို ပါ အကြမ်းဖက်မှုများအတွင်း လူဒါဇင်ချီသေဆုံးခဲ့ပြီး လူထောင်ချီ အိုးအိမ်များကို စွန့်ခွါကာ ထွက်ပြေးခဲ့ရကြောင်းသိရသည်။ မေလ(၂၈)ရက်တွင် ရဲတပ်ဖွဲ့များ၏ ဖြိုခွင်းမှုများကြောင့် လက်နက်ကိုင်အဖွဲ့ဝင် အနည်းဆုံး(၄ဝ)ဦးသေဆုံးခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုအတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ N Biren Singh က"လက်နက်ကိုင်အဖွဲ့တွေက အရပ်သားတွေကို M-16 နဲ့ AK-47 တို့လို ရိုင်ဖယ်သေနတ်တွေ၊ စနိုက်ပါတွေကို အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။ သူတို့က နေအိမ်တွေကို မီးရှို့ဖို့ ရွာတော်တော်များများကို ရောက်လာကြတာပါ။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ သူတို့ကို လက်တုံ့ပြန်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့ဝင်(၄ဝ)လောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သတင်းရရှိထားပါတယ်"ဟုပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် မြန်မာနိုင်ငံကြားတွင်ရှိသော အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိပြည်နယ်များတွင် မတူညီသောလူမျိုးစုများကြား တင်းမာမှုများ ကာလရှည်ကြာစွာရှိနေကြောင်းသိရသည်။အကြမ်း ဖက်မှုများဖြစ်ပွားပြီးနောက် အိန္ဒိယအစိုးရသည် ထောင်နှင့်ချီသော အရန်တပ်ဖွဲ့များနှင့် စစ်တပ်မှတပ်ဖွဲ့များကို မဏိပူရပြည်နယ်သို့ စေလွှတ်ခဲ့ရကြောင်းသိရသည်။ Imphal မြို့အနီးတစ်ဝိုက်တွင်နေထိုင်သော Meitei မျိုးနွယ်စုနှင့် တောင်ကုန်းများတွင် နေထိုင်သော Kuki လူမျိုးစုများကြား တိုက်ပွဲများစတင်ဖြစ်ပြီးနောက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်းလည်းသိရသည်။

ထို့ပြင် အဆိုပါဒေသရှိ မိုလ်ဘိုင်းအင်တာနက်များကိုလည်း သီတင်းပတ်အတန်ကြာ ဖြတ်တောက်ခဲ့ကြောင်းသိရသည်။ မဏိပူရပြည်နယ်တွင် Meitei လူမျိုးစုအပေါ် အထူးအခွင့်အရေးတစ်ရပ်ပေးခြင်းနှင့်ပတ်သက်ပြီး Meitei လူမျိုးစုနှင့် Kuki လူမျိုးစုများကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


zawgyi version

အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျဖစ္ပြားခဲ့ေသာတိုက္ပြဲမ်ားေၾကာင့္ လက္နက္ကိုင္အဖြဲ႕ဝင္ အနည္းဆုံး(၄ဝ)ဦးေသဆုံးဟုဆို

Pika (NP News) - ေမ ၂၉

အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ မဏိပူရျပည္နယ္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္လက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ လက္နက္ကိုင္အဖြဲ႕ဝင္ အနည္းဆုံး(၄ဝ)ဦးေသဆုံးခဲ့ေၾကာင္းသိရသည္။

မဏိပူရျပည္နယ္အတြင္းရွိ Meitei လူမ်ိဳးစုအေပၚ အထူးအခြင့္အေရးေပးမည့္အစီအစဥ္ႏွင့္ပတ္သက္ၿပီး ေမလ(၃)ရက္တြင္ လူမ်ိဳးစုမ်ားၾကား အၾကမ္းဖက္မႈမ်ားစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။အဆို ပါ အၾကမ္းဖက္မႈမ်ားအတြင္း လူဒါဇင္ခ်ီေသဆုံးခဲ့ၿပီး လူေထာင္ခ်ီ အိုးအိမ္မ်ားကို စြန႔္ခြါကာ ထြက္ေျပးခဲ့ရေၾကာင္းသိရသည္။ ေမလ(၂၈)ရက္တြင္ ရဲတပ္ဖြဲ႕မ်ား၏ ၿဖိဳခြင္းမႈမ်ားေၾကာင့္ လက္နက္ကိုင္အဖြဲ႕ဝင္ အနည္းဆုံး(၄ဝ)ဦးေသဆုံးခဲ့ေၾကာင္း မဏိပူရျပည္နယ္ဝန္ႀကီးခ်ဳပ္ N Biren Singh ကေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ျဖစ္ပြားခဲ့ေသာ ဆူပူအုံႂကြမႈအတြင္း ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးေသဆုံးခဲ့ေၾကာင္း ၎ကထပ္မံေျပာၾကားခဲ့သည္။ N Biren Singh က"လက္နက္ကိုင္အဖြဲ႕ေတြက အရပ္သားေတြကို M-16 နဲ႔ AK-47 တို႔လို ႐ိုင္ဖယ္ေသနတ္ေတြ၊ စႏိုက္ပါေတြကို အသုံးျပဳၿပီး တိုက္ခိုက္ေနပါတယ္။ သူတို႔က ေနအိမ္ေတြကို မီးရႈိ႕ဖို႔ ႐ြာေတာ္ေတာ္မ်ားမ်ားကို ေရာက္လာၾကတာပါ။ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ အကူအညီနဲ႔ သူတို႔ကို လက္တုံ႔ျပန္မႈေတြ လုပ္ႏိုင္ခဲ့ပါတယ္။ လက္နက္ကိုင္အဖြဲ႕ဝင္(၄ဝ)ေလာက္ ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရတယ္လို႔ သတင္းရရွိထားပါတယ္"ဟုေျပာဆိုခဲ့သည္။

ဘဂၤလားေဒ့ရွ္၊ တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံၾကားတြင္ရွိေသာ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိျပည္နယ္မ်ားတြင္ မတူညီေသာလူမ်ိဳးစုမ်ားၾကား တင္းမာမႈမ်ား ကာလရွည္ၾကာစြာရွိေနေၾကာင္းသိရသည္။အၾကမ္း ဖက္မႈမ်ားျဖစ္ပြားၿပီးေနာက္ အိႏၵိယအစိုးရသည္ ေထာင္ႏွင့္ခ်ီေသာ အရန္တပ္ဖြဲ႕မ်ားႏွင့္ စစ္တပ္မွတပ္ဖြဲ႕မ်ားကို မဏိပူရျပည္နယ္သို႔ ေစလႊတ္ခဲ့ရေၾကာင္းသိရသည္။ Imphal ၿမိဳ႕အနီးတစ္ဝိုက္တြင္ေနထိုင္ေသာ Meitei မ်ိဳးႏြယ္စုႏွင့္ ေတာင္ကုန္းမ်ားတြင္ ေနထိုင္ေသာ Kuki လူမ်ိဳးစုမ်ားၾကား တိုက္ပြဲမ်ားစတင္ျဖစ္ၿပီးေနာက္ ညမထြက္ရအမိန႔္ကို ထုတ္ျပန္ခဲ့ေၾကာင္းလည္းသိရသည္။

ထို႔ျပင္ အဆိုပါေဒသရွိ မိုလ္ဘိုင္းအင္တာနက္မ်ားကိုလည္း သီတင္းပတ္အတန္ၾကာ ျဖတ္ေတာက္ခဲ့ေၾကာင္းသိရသည္။ မဏိပူရျပည္နယ္တြင္ Meitei လူမ်ိဳးစုအေပၚ အထူးအခြင့္အေရးတစ္ရပ္ေပးျခင္းႏွင့္ပတ္သက္ၿပီး Meitei လူမ်ိဳးစုႏွင့္ Kuki လူမ်ိဳးစုမ်ားၾကား တိုက္ပြဲမ်ားစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းကုမ္ပဏီ၌ အတင်းအကြပ်အလုပ်စေခိုင်းခြင်းခံနေရသည့် မြန်မာနိုင်ငံသား (၄ဝ)ကျော်ကို မြန်မာသံရုံးကယ်တင်

RELATED POSTS
RECENT POSTS
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved