Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်ဘုရင်၏သရဖူတွင် တပ်ဆင်ထားသော စိန်အပါအဝင် အခြားရတနာများကို ပြန်လည်တောင်းဆိုမည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

Pika (NP News) - မေ ၁၄

အိန္ဒိယနိုင်ငံကို ဗြိတိန်တို့ ရာစုနှစ်နှင့်ချီ ကိုလိုနီပြုခဲ့သည့်အချိန်အတွင်း သိမ်းယူခဲ့သော Kohinoor စိန်နှင့် အခြားရတနာ ထောင်ပေါင်းများစွာကို ပြန်လည်ရယူရန် သံတမန်ရေးရာလှုပ်ရှားမှုတစ်ရပ်ကို စတင်တော့မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။

အိန္ဒိယ ယဉ်ကျေးမှုဝန်ကြီးဌာန အတွင်းရေးမှူး Govind Mohan က"ဒီရတနာတွေဟာ အိန္ဒိယအစိုးရအတွက်အရေးကြီးပါတယ်။ အိန္ဒိယရဲ့ ရှေးဟောင်းရတနာတွေကို ပြန်ပို့ဖို့ကြိုးပမ်းမှုရဲ့ တွန်းအားပေးမှုက ဝန်ကြီးချုပ်မိုဒီရဲ့ ကိုယ်ရေးကိုယ်တာကတိကဝတ်တွေကနေ ဖြစ်ပေါ်လာတာပါ"ဟုပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံရှိ အိန္ဒိယသံတမန်များသည် စစ်ပွဲအတွင်း သိမ်းယူခဲ့ခြင်း သို့မဟုတ် ကိုလိုနီအုပ်ချုပ်မှုအတွင်း ဗြိတိန်တို့ယူဆောင်သွားခဲ့သော ရှေးဟောင်းရတနာများကို သိမ်းဆည်းထားသည့် အဖွဲ့အစည်းများကို တရားဝင်တောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းစဥ်ကို ယခုနှစ်တွင် စတင်ရန်စီစဥ်ထားကြောင်း The Telegraph သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရ၏ရည်မှန်းချက်သည် မကြာသေးမီက ဗြိတိန်တော်ဝင်ထီးနန်းကိုဆက်ခံခဲ့သော ဗြိတိန်ဘုရင်ချားလ်စ်၏ ဦးခေါင်းတွင်ဆောင်းသောသရဖူတွင် တပ်ဆင်ထားသော လက်ဝတ်ရတနာများထဲမှ တစ်ခုဖြစ်သည့် Kohinoor စိန်ကို ပြန်လည်ရရှိရန်ဖြစ်ကြောင်းသိရသည်။ ဗြိတိန်တော်ဝင်မိသားစုသည် (၁၈၄၉)ခုနှစ်တွင် (၁ဝ)နှစ်သားဘုရင်Maharaja Duleep Singh ကို လာဟိုးမြို့တွင် အတင်းအကြပ်လက်မှတ်ရေးထိုးခိုင်းခဲ့ပြီးနောက် Kohinoor စိန်ကို ရယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဗစ်တိုးရီးယားဘုရင်မကြီးသည် Kohinoor စိန်ကို ရင်ထိုးအဖြစ် ဝတ်ဆင်ခဲ့ကြောင်းလည်းသိရသည်။ယနေ့အထိ ဗြိတိန်သမိုင်းစာအုပ်များထဲတွင် Kohinoor စိန်သည် အိန္ဒိယနိုင်ငံမှ ဗြိတိန်အတွက် လက် ဆောင်ပေးခဲ့သည် သို့မဟုတ် အရှေ့အိန္ဒိယကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားကြောင်းသိရသည်။ သို့သော်လည်း ဖြစ်ရပ်မှန်မှာ ဗြိတိန်တို့သည်(၁ဝ)နှစ်သားဘုရင်ကို အတင်းအကြပ် ဖိအားပေးကာ ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကိုလိုနီအုပ်ချုပ်မှုအောက်တွင် ဗြိတိန်တို့သည် အိန္ဒိယထံမှ Kohinoor စိန်ကိုသိမ်းယူသွားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသမိုင်းပညာရှင်များက မှတ်တမ်းအထောက်အ ထားများဖြင့် ထောက်ပြခဲ့ကြကြောင်းသိရသည်။

zawgyi version
Pika (NP News) - မေ ၁၄






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မ‌‌ကွေးတွင် မိုးသည်းထန်စွာရွာသွန်းပြီး မန်းချောင်းရေလျှံမှုကြောင့် အောက်စက်တော်ရာတန်ဆောင်းအတွင်း ‌ရေဝင်ရောက်မှုများဖြစ်ပေါ်

RECENT POSTS
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved