Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သမ္မတဂျိုးဘိုင်ဒန်ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို စမ်းသပ်စစ်ဆေးမှုများလုပ်ပေးဖို့ ရီပတ်ဘလီကန်လွှတ်တော်ကိုယ်စားလှယ်များပြော

ဂျန်ဇက် (NP News) - မေ ၁၄

အမေရိကန် ရီပတ်ဘလီကန်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး (၆၁)ဦးဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများကို စိုးရိမ်မှုဖြစ်မိကြောင်း အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ လိုက်ကြောင်းသိရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာ စိတ်ပိုင်းဆိုင်ရာ သိမြင်တတ်မှုအခြေအနေကို စမ်းသပ်မှု သို့မဟုတ် ၂ဝ၂၄ ခုနှစ်မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲက နုတ်ထွက်ဖို့ တစ်ခုခု ဆုံးဖြတ်ရဖွယ်ရှိနေကြောင်းသိရပါတယ်။ ရီပတ်ဘလီကန်လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး (၆၁)ဦးဟာ ဂျိုးဘိုင်ဒန်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို စိုးရိမ်ရမှုနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဦးစီးချုပ်ထံကိုလည်း အိတ်ဖွင့်ပေးစာပေးခဲ့ကြောင်းသိရပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ အမေရိကန်နိုင်ငံရဲ့မဲပေးခွင့်ရှိသူ အားလုံးရဲ့ (၅၇)ရာခိုင်နှုန်းက သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံကို ဦးဆောင်ဖို့ စိတ်ပိုင်းဆိုင်ရာ ကြံခိုင်ပြည့်ဝမှုမရှိကြောင်း ဆိုခဲ့ပါတယ်။

လက်မှတ်ရေးထိုးခဲ့တဲ့ ရီပတ်ဘလီကန် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမေရိကန်အစိုးရအဖွဲ့ရဲ့ဆရာဝန်ဟောင်းဖြစ်သူ ရွန်းနီဂျက်ဆန်လည်းပါဝင်ခဲ့ကြောင်းသိရပါတယ်။ ၎င်းက" အမေရိကန်သမ္မတရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေများနဲ့ပတ်သက်ပြီး စစ်ဆေးအကဲဖြတ်မယ့် စမ်းသပ်မှုတွေလုပ်ဆောင်ပြီး လူသိရှင်ကြားချပြသင့်တယ်။ အဲဒီလိုမျိုးမလုပ်ဆောင်ဘူးဆိုရင် သမ္မတရာထူးက အနားယူသင့်တယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်သူတစ်ဦးကို နိုင်ငံဦးဆောင်ခွင့်ပေးသင့်တယ်"လို့ပြောပါတယ်။

အသက် ၈ဝ ကျော်အရွယ်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကြံ့ခိုင်မှုစစ်ဆေးခြင်းများကို ၂ဝ၂၁ ခုနှစ်ကတစ်ကြိမ်၊ ၂ဝ၂၃ ခုနှစ်အစောပိုင်းက တစ်ကြိမ်စစ်ဆေးခဲ့ပြီး အဲဒီစစ်ဆေးမှုများအတွင်း ဂျိုးဘိုင်ဒန်ဟာ ကျန်းမာရေးကောင်းမွန်ပြီး သမ္မတတာဝန်ထမ်းဆောင်ဖို့ သင့်တော်ကြောင်း အမေရိကန်အစိုးရအဖွဲ့ကျန်းမာရေးအရာရှိ Kevin O’Connor ကပြောခဲ့ဖူးပါတယ်။

ဒါပေမယ့်အဲဒီအချိန်က ကျန်းမာရေးစစ်ဆေးမှုအတွင်း စိတ်ပိုင်းဆိုင်ရာ စမ်းသပ်အကဲဖြတ်တာမျိုးမလုပ်ခဲ့သလို စစ်ဆေးမှု ရလဒ်ကို လူသိရှင်ကြား ချပြခြင်းမျိုးမလုပ်ဆောင်ခဲ့ကြောင်းဝေဖန်မှုများလည်းရှိနေပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတ သမိုင်းမှာအသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး လက်ရှိအချိန်မှာ လာမယ့်သမ္မတရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်ဖို့ စီစဉ်ထားကြောင်းသိရပါတယ်။
ဂျိုးဘိုင်ဒန်ဟာလာမယ့် သမ္မတရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်ပြီးအနိုင်ရခဲ့ပါက သမ္မတ သက်တမ်းကုန်ဆုံးချိန်မှာ အသက်(၈၆) နှစ်အရွယ်ရှိနေမှာဖြစ်ကြောင်းသိရပါတယ်။

zawgyi version
သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕စိတ္ပိုင္းဆိုင္ရာ အေျခအေနမ်ားကို စမ္းသပ္စစ္ေဆးမႈမ်ားလုပ္ေပးဖို႔ ရီပတ္ဘလီကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၄

အေမရိကန္ ရီပတ္ဘလီကန္ပါတီရဲ႕လႊတ္ေတာ္ကိုယ္စားလွယ္ အနည္းဆုံး (၆၁)ဦးဟာ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ စိတ္ပိုင္းဆိုင္ရာအေျခအေနမ်ားကို စိုးရိမ္မႈျဖစ္မိေၾကာင္း အိတ္ဖြင့္ေပးစာတစ္ေစာင္ ေပးပို႔ လိုက္ေၾကာင္းသိရပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ လက္ရွိအခ်ိန္မွာ စိတ္ပိုင္းဆိုင္ရာ သိျမင္တတ္မႈအေျခအေနကို စမ္းသပ္မႈ သို႔မဟုတ္ ၂ဝ၂၄ ခုႏွစ္မွာက်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲက ႏုတ္ထြက္ဖို႔ တစ္ခုခု ဆုံးျဖတ္ရဖြယ္ရွိေနေၾကာင္းသိရပါတယ္။ ရီပတ္ဘလီကန္လႊတ္ေတာ္ကိုယ္စားလွယ္ အနည္းဆုံး (၆၁)ဦးဟာ ဂ်ိဳးဘိုင္ဒန္ရဲ႕ စိတ္ပိုင္းဆိုင္ရာအေျခအေနေတြကို စိုးရိမ္ရမႈနဲ႔ပတ္သက္ၿပီး အေမရိကန္ကာကြယ္ေရးဦးစီးခ်ဳပ္ထံကိုလည္း အိတ္ဖြင့္ေပးစာေပးခဲ့ေၾကာင္းသိရပါတယ္။ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ စစ္တမ္းမွာ အေမရိကန္ႏိုင္ငံရဲ႕မဲေပးခြင့္ရွိသူ အားလုံးရဲ႕ (၅၇)ရာခိုင္ႏႈန္းက သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ႏိုင္ငံကို ဦးေဆာင္ဖို႔ စိတ္ပိုင္းဆိုင္ရာ ႀကံခိုင္ျပည့္ဝမႈမရွိေၾကာင္း ဆိုခဲ့ပါတယ္။

လက္မွတ္ေရးထိုးခဲ့တဲ့ ရီပတ္ဘလီကန္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲမွာ အေမရိကန္အစိုးရအဖြဲ႕ရဲ႕ဆရာဝန္ေဟာင္းျဖစ္သူ ႐ြန္းနီဂ်က္ဆန္လည္းပါဝင္ခဲ့ေၾကာင္းသိရပါတယ္။ ၎က" အေမရိကန္သမၼတရဲ႕စိတ္ပိုင္းဆိုင္ရာ အေျခအေနမ်ားနဲ႔ပတ္သက္ၿပီး စစ္ေဆးအကဲျဖတ္မယ့္ စမ္းသပ္မႈေတြလုပ္ေဆာင္ၿပီး လူသိရွင္ၾကားခ်ျပသင့္တယ္။ အဲဒီလိုမ်ိဳးမလုပ္ေဆာင္ဘူးဆိုရင္ သမၼတရာထူးက အနားယူသင့္တယ္။ စိတ္ပိုင္းဆိုင္ရာက်န္းမာႀကံ့ခိုင္သူတစ္ဦးကို ႏိုင္ငံဦးေဆာင္ခြင့္ေပးသင့္တယ္"လို႔ေျပာပါတယ္။

အသက္ ၈ဝ ေက်ာ္အ႐ြယ္ရွိ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ႀကံ့ခိုင္မႈစစ္ေဆးျခင္းမ်ားကို ၂ဝ၂၁ ခုႏွစ္ကတစ္ႀကိမ္၊ ၂ဝ၂၃ ခုႏွစ္အေစာပိုင္းက တစ္ႀကိမ္စစ္ေဆးခဲ့ၿပီး အဲဒီစစ္ေဆးမႈမ်ားအတြင္း ဂ်ိဳးဘိုင္ဒန္ဟာ က်န္းမာေရးေကာင္းမြန္ၿပီး သမၼတတာဝန္ထမ္းေဆာင္ဖို႔ သင့္ေတာ္ေၾကာင္း အေမရိကန္အစိုးရအဖြဲ႕က်န္းမာေရးအရာရွိ Kevin O’Connor ကေျပာခဲ့ဖူးပါတယ္။

ဒါေပမယ့္အဲဒီအခ်ိန္က က်န္းမာေရးစစ္ေဆးမႈအတြင္း စိတ္ပိုင္းဆိုင္ရာ စမ္းသပ္အကဲျဖတ္တာမ်ိဳးမလုပ္ခဲ့သလို စစ္ေဆးမႈ ရလဒ္ကို လူသိရွင္ၾကား ခ်ျပျခင္းမ်ိဳးမလုပ္ေဆာင္ခဲ့ေၾကာင္းေဝဖန္မႈမ်ားလည္းရွိေနပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတ သမိုင္းမွာအသက္အႀကီးဆုံး ပုဂၢိဳလ္တစ္ဦးအျဖစ္ သတ္မွတ္ခံရၿပီး လက္ရွိအခ်ိန္မွာ လာမယ့္သမၼတေ႐ြးေကာက္ပြဲကို ထပ္မံယွဥ္ၿပိဳင္ဖို႔ စီစဥ္ထားေၾကာင္းသိရပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာလာမယ့္ သမၼတေ႐ြးေကာက္ပြဲကို ထပ္မံယွဥ္ၿပိဳင္ၿပီးအႏိုင္ရခဲ့ပါက သမၼတ သက္တမ္းကုန္ဆုံးခ်ိန္မွာ အသက္(၈၆) ႏွစ္အ႐ြယ္ရွိေနမွာျဖစ္ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆာလာအိတ်များအတွင်းမှ ငွေကျပ်သိန်း(၆၆ဝဝ)တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

RECENT POSTS
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved