Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်နက်ကိုင်တွေရဲ့ (၃)နှစ်တာခရီး ပြည်သူ ပိုင်တံတား (၈၅) စင်းကို ဖျက်ဆီး (အင်တာဗျူး)

မြူနစ်/ Pearl (NSS) - ဩဂုတ် ၈

မြန်မာနိုင်ငံတွင် တံတားတစ်စင်း တည်ဆောက်ရန်အတွက် အချိန်၊ ငွေကြေး ကုန်ကျမှု များ စွာရှိသော်လည်း လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းများသည် မိနစ်ပိုင်းအတွင်း၌ပင် တံတားများ ထက်ပိုင်းပြတ်ရန် ဆောင်စွမ်းနိုင်နေလျက်ရှိကြသည်။ ၎င်းတို့ လွယ်ကူစွာဖျက်ဆီးနေသည့် တံတား များသည် နိုင်ငံပိုင်၊ ပြည်သူပိုင်အခြေခံအဆောက်အအုံများဖြစ်ပြီး ပြည်သူလူထုကို တိုက်ရိုက် ဒုက္ခပေး နေခြင်းသာ ဖြစ်ကြောင်းမှတ်ယူနိုင်သည်။ လမ်းတံတားများ ဖျက်ဆီးခံရခြင်း၊ ပိတ်ဆို့ခံရခြင်းများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်မှုများရှိခဲ့သကဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်ပစ္စည်း ပြတ်လပ်မှုဒဏ်တို့ကို ပြည်သူများ ခံစားခဲ့ရဖူးကြသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲစတင်ဖြစ်ပွားခဲ့သော (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှစ၍ (၂၀၂၄) ခုနှစ် ဇွန်လအထိ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တံတားမည်မျှကို ဖျက်ဆီးခဲ့ပါသနည်း။ ယင်းကဲ့သို့ ဖျက်ဆီးမှုများကြောင့် နိုင်ငံတော်ပိုင်ငွေ၊ ပြည်သူပိုင်ငွေ မည်မျှအလဟဿ ဖြစ်သွားပါ သနည်း။ အကြမ်းဖက်အဖွဲ့များ၏ မိုင်းခွဲဖျက်ဆီးမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သော နိုင်ငံအတွင်းရှိ တံတားများနှင့် ပတ်သက်၍ The Statesman ဂျာနယ်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနကိုဆက်သွယ်ကာ သီးသန့်မေးမြန်းထားသော အင်တာဗျူးအပြည့်အစုံကို NSS က ထပ်ဆင့် ဖော်ပြလိုက်ပါသည်။

မေး - ပထမဆုံးမေးချင်တာက တံတားအမျိုးအစားတွေနဲ့ တံတားတစ်စင်းတည်ဆောက်ဖို့အတွက် အချိန်အားဖြင့် ဘယ်လောက်ကြာပြီးတော့ ငွေအားဖြင့်ကော ဘယ်လောက်အထိ ကုန်ကျနိုင်သလဲဆိုတာ သိချင်ပါတယ်။

ဖြေ - မြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသော တံတားအမျိုးအစားများမှာ ဘေလီတံတား(Bailey Bridge)၊ သံကူကွန်ကရစ်တံတား(Reinforced Concrete Girder Bridge)၊ ကြိုတင်အားဖြည့်သံ ကူကွန်ကရစ်တံတား(Prestressed Concrete Girder Bridge)၊ သံမဏိယက်မတံတား(Steel Plate Girder Bridge & Steel Box Girder Bridge)၊ သံမဏိသံပေါင်တံတား(Steel Truss Bridge)၊ ကြိုးဆိုင်းတံတား(Suspension Bridge)နှင့် ကြိုးဆွဲတံတားCable Stayed Bridge & Extradosed Bridge)တို့ ဖြစ်ကြသည်။

တံတားတစ်စင်း စတင်တည်ဆောက်ရန် လျာထားပါက ကြိုတင်ဖြစ်နိုင်စွမ်းအား ခန့်မှန်းသုံးသပ် တွက်ချက်ခြင်း(Feasibility Study) ဦးစွာ ဆောင်ရွက်ပြီးနောက် တံတားပုံစံထုတ်လုပ်ခြင်း (Design) ဆောင်ရွက်ရပါသည်။ တည်ဆောက်မည့် တံတားအမျိုးအစားနှင့် ရန်ပုံငွေရရှိမှုအပေါ်တွင် မူတည်၍ တံတားတစ်စင်းချင်းအလိုက် တည်ဆောက်ချိန်မတူညီဘဲ ကြာမြင့်နိုင်ပါသည်။ 

တံတားအစိတ်အပိုင်း တစ်ခုချင်းစီအတွက် တစ်ယူနစ်တန်ဖိုး(unit price)၊ တိုင်းဒေသကြီး /ပြည် နယ်အလိုက် ဒေသပေါက်ဈေးနှင့် တံတား အမျိုးအစားပေါ်မူတည်၍ တံတားအစိတ်အပိုင်းများအတွက် နိုင်ငံခြားငွေသုံးစွဲမှုပေါ်တွင်မူတည်ပြီး တံတားတည်ဆောက်မှုကုန်ကျစရိတ်စုစုပေါင်းသည် တစ်စင်းနှင့် တစ်စင်း ကွာခြားမှုရှိပါသည်။

မေး - (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလစကပြီး လက်ရှိ အချိန်ထိ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်သမား တွေရဲ့ဖျက်ဆီးခြင်းခံထားရတဲ့တံတားတွေ ဘယ်လောက်ရှိပြီလဲဆိုတာကို သိချင်ပါတယ်။ ဘယ်လိုတံ တား အမျိုးအစားတွေပါလဲ။ ဘယ်ဒေသက တံတားတွေ အများဆုံးပါဝင်သလဲဆိုတာကို သိချင်ပါတယ်။ 

ဖြေ - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့အထိ တံတားဦးစီးဌာနမှ ထိန်းသိမ်းရသည့် ပေ(၅၀)နှင့်အထက် စုစုပေါင်း တံတားအရေအတွက် (၈၅)စင်းဖျက်ဆီးခြင်းခံခဲ့ရသည်။ ဖျက်ဆီးခံရသောတံတားများသည် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး ရှိတံတားများဖြစ်ကြပြီး ဖျက်ဆီးခံရသည့် တံတားအ မျိုးအစားများမှာ ဘေလီတံတား၊ သံကူ ကွန်ကရစ် တံတား၊ ကြိုတင်အားဖြည့်သံကူကွန် ကရစ်ယက်မ တံတား၊ သံမဏိတံတား၊ သံမဏိသံပေါင် တံတားနှင့် ကြိုးတံတားအမျိုးအစားများ ဖြစ်ကြသည်။

မေး - တံတားတွေ ဖျက်ဆီးခံရတာကြောင့် ဘယ်သူတွေ အများဆုံး ထိခိုက်နစ်နာပါသလဲ၊ နောက်ဆက် တွဲဆိုးကျိုးတွေက ဘာတွေ ဖြစ်ပါသလဲ။

ဖြေ - တံတားများ ဖျက်ဆီးခံရမှုကြောင့် နိုင်ငံတော်၏ ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး အ များပြည်သူ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြုံတွေ့ရသည့်အပြင် လူမှုရေး၊ စီးပွားရေးခက်ခဲမှုနှင့် ကုန် ဈေးနှုန်းမြင့်တက်မှုစသည့် နောက်ဆက်တွဲဆိုးကျိုး များ တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။

မေး - ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက တံတား တွေကို အများဆုံးဖျက်ဆီးနေတာလဲ။ အဲဒီလက်နက် ကိုင်အဖွဲ့အစည်းတွေကိုကော ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုး တုံ့ပြန်ချင်ပါသလဲ။

ဖြေ - လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများမှ တံတားများကို အများဆုံးဖျက်ဆီးနေပါသည်။ နိုင်ငံ တော် အေးချမ်းသာယာမှသာလျှင် နိုင်ငံတော်၏ရည်မှန်းချက်များအတိုင်း အိမ်နီးချင်းအာဆီယံနိုင်ငံ များကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ များ နှင့် ကုန်စည်စီးဆင်းဖလှယ်ရေးသည်လည်း နိုင်ငံတော်စီးပွားရေးမြှင့်တင်နိုင်ရန် အခြေခံအုတ်မြစ် တစ် ခုဖြစ်ပါသဖြင့် လမ်းပန်ဆက်သွယ်မှု ပြတ်တောက်စေရန် လမ်းတံတားများကို ဖျက်ဆီးလျက်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းများကို ဝန်ကြီးဌာနအနေဖြင့် များစွာရှုတ်ချသည်။

မေး - လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘာကြောင့် တံတားတွေကို ဖျက်ဆီးမှုပြုလုပ်နေတယ်လို့ ထင်မြင်ယူဆမိပါသလဲ။ 

ဖြေ - လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တံ တားများကိုဖျက်ဆီးခြင်းဖြင့် ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းစေခြင်း၊ အများပြည်သူဆက်သွယ်သွားလာ နိုင်မှုခက်ခဲစေခြင်း စသည်တို့ကို ဖြစ်ပေါ်စေရန် ရည် ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

မေး - ဖျက်ဆီးခြင်းခံရတဲ့ တံတားအားလုံးကို ကာလ တန်ဖိုးအားဖြင့်တွက်ချက်ရင် ဘယ်လောက်အထိ နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာသွားပါသလဲ။

ဖြေ - ဖျက်ဆီးခြင်းခံရသော တံတားအားလုံးသည် ကာလတန်ဖိုးအားဖြင့် ကျပ် (၅၇၈၁၀ ဒသမ ဝဝဝ) သန်းခန့် ဆုံးရှုံးနစ်နာသွားပါသည်။

မေး - အခုလို ဖျက်ဆီးခြင်းခံထားရတဲ့တံတားတွေ ထဲမှာ ပြည်ပချေးငွေယူပြီးတည်ဆောက်ထားတဲ့ တံ တား တွေပါပါသလား။ ပါတယ်ဆိုရင် ဘယ်တံတား တွေဖြစ်မလဲ။ ဘယ်နိုင်ငံရဲ့ချေးငွေကို ယူထားလဲ သိ ချင်ပါတယ်။ 

ဖြေ - အရှေ့အနောက်စင်္ကြံလမ်းမကြီး(East West Corridor)ပေါ်ရှိ  JICA ချေးငွေဖြင့် တည်ဆောက် ခဲ့သော ဂျိုင်း(ကော့ကရိတ်)တံတားတွင် Drop Bomb ထိမှန်မှုကြောင့် ကြမ်းခင်းအနည်းငယ်ပျက်စီး မှုရှိပါသည်။

မေး - ပြန်လည်ပြုပြင်ထားပြီးဖြစ်တဲ့ တံတားအရေအတွက်နဲ့ ပြန်လည်ပြုပြင်ဖို့အတွက် ကျန်တဲ့ တံတား အရေအတွက်ကိုလည်း ဆက်လက်သိချင်ပါတယ်။ 

ဖြေ - ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့အထိ တံတား ဦးစီးဌာနမှ ထိန်းသိမ်းရသည့် ပေ (၅၀)နှင့်အထက် စုစုပေါင်း တံတားအရေအတွက် (၈၅)စင်း ဖျက်ဆီးခြင်းခံခဲ့ရသည့်အနက် အဓိကကုန်သွယ်ရေးလမ်း ကြောင်းများပေါ်ရှိ တံတားများကို လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် လုံခြုံရေးကောင်းမွန် သည် နှင့်တစ်ပြိုင်နက် ယာယီတံတားများကို ကနဦး တည်ဆောက်ပြီးနောက် အမြဲတမ်းတံတားများ အဖြစ် ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသည်။ အချို့တံတားများသည် မိုင်းခွဲခံရမှု အကြိမ်ကြိမ် ဖြစ် ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ ယာယီပြုပြင်ခြင်းနှင့်ယာယီဘေလီတံတား တည်ဆောက် ပြီးတံတား (၂၂)စင်း၊ ယာယီပြုပြင်ရန်ကျန် တံတား (၃၃)စင်း၊ အမြဲတမ်းတံတားအဖြစ် ပြုပြင်ပြီး တံတား (၂၀)စင်း၊ အမြဲတမ်းတံတားအဖြစ် ပြုပြင်ရန် ကျန် တံတား (၅၈)စင်းနှင့် တံတား structure  ထိခိုက် ပျက်စီးမှုမရှိသော မိုင်းခွဲခံရမှု (၁)စင်းရှိပါသည်။

မေး - ပြန်လည်ပြုပြင်ပြီးဖြစ်တဲ့တံတားတွေရဲ့ စုစုပေါင်းကုန်ကျစရိတ်ကိုလည်း သိချင်ပါတယ်။ 

ဖြေ - ယာယီတံတားနှင့် အမြဲတမ်းတံတားများအဖြစ် ပြန်လည်ပြုပြင်ထားပြီးဖြစ်သော တံတားများ၏စုစု ပေါင်းကုန်ကျစရိတ်မှာ ကျပ် (၂၇၄၈၅ ဒသမ ၁၅၉)သန်း ကုန်ကျသုံးစွဲခဲ့ပါသည်။

မေး - တံတားတွေကို ပြန်လည်ပြုပြင်နေစဉ်မှာ အကြမ်းဖက်အဖွဲ့ရဲ့ နှောင့်ယှက်ခြင်းခံရမှုကြောင့် အ လုပ်သမားထိခိုက် ဒဏ်ရာရ၊ သေဆုံးတဲ့အဖြစ်မျိုးတွေ ရှိခဲ့ပါသလား။ ဖြစ်စဉ်ဘယ်နှခုဖြစ်ခဲ့ပြီးတော့ ထိခိုက် သေဆုံးသူအရေအတွက်ကိုလည်း သိချင်ပါတယ်။ 

ဖြေ - တံတားပြန်လည်ပြုပြင်နေစဉ် အကြမ်းဖက် အဖွဲ့များ၏ ထပ်မံတိုက်ခိုက်နှောင့်ယှက်ခြင်းများကို ကြုံတွေ့ခဲ့ရပြီး တံတားဦးစီးဌာနအနေဖြင့် ထိခိုက် ဒဏ်ရာရမှုဖြစ်စဉ် (၂)ခုရှိခဲ့ပါသည်။

မေး - အလားတူပါပဲ။ တံတားတွေကို ပြန်လည်ပြုပြင်နေစဉ် အကြမ်းဖက်အဖွဲ့ရဲ့ နှောင့်ယှက်ခြင်းခံရမှု ကြောင့် ထိခိုက်ဒဏ်ရာရ/သေဆုံးတဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေကိုကော ဝန်ကြီးဌာနဘက်က ထောက်ပံ့ပေးတာမျိုးရှိပါသလား။ ဘယ်လိုမျိုးဆောင်ရွက်ပေးခဲ့လဲ။ 

ဖြေ - တံတားပြန်လည်ပြုပြင်နေစဉ် အကြမ်းဖက်အဖွဲ့ရဲ့ နှောင့်ယှက်ခြင်းခံရမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ဝန်ထမ်းများနှင့် မိသားစုဝင်များကို ဝန်ကြီးဌာနအနေနှင့် လိုအပ်သည်များ ထောက်ပံ့ကူညီ စောင့်ရှောက်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရန် အားပေးခြင်းဖြင့် မိသားစုများ နွေးထွေးလုံခြုံမှု ပြန်လည်ရ ရှိစေရန် ဆောင်ရွက်ပေးခဲ့ပါသည်။

မေး - ပြန်လည်ပြုပြင်ဖို့ ကျန်တဲ့တံတားတွေက ဘယ်ဒေသကတံတားတွေဖြစ်ပြီးတော့ ဘာကြောင့် ပြန်မပြင်ဖြစ်သေးတာလဲ။ အဲဒါလေးလည်း သိချင်ပါ တယ်။

ဖြေ - နယ်မြေဒေသလုံခြုံရေးအခြေအနေအရ အချို့တံတားများသည် ပြုပြင်နိုင်ခြင်းမရှိသေးပါ။ နယ်မြေ လုံခြုံရေးခွင့်ပြုသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန် လျာ ထားဆောင်ရွက်လျက်ရှိပါသည်။

မေး - ပြန်လည်ပြုပြင်ဖို့အတွက် ကျန်တဲ့တံတား တွေက ပြန်ပြင်ဖို့ အချိန်အားဖြင့် နောက်ထပ်ဘယ် လောက်ကြာနိုင်ပါသလဲ။ ကုန်ကျစရိတ်ကကော ဘယ်လောက်ရှိနိုင်ပါလဲ။ 

ဖြေ - နယ်မြေလုံခြုံရေးခွင့်ပြုသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြင်ဆင်ခွင့်ရရှိမည့်ဘဏ္ဍာနှစ်ပေါ်မူတည်၍ ပြုပြင်တည်ဆောက်ရမည့်ရန်ပုံငွေ ပြောင်းလဲမှုရှိနိုင်ပါသည်။

မေး - နောက်တစ်ခုက ပြန်မပြင်ရသေးတဲ့ တံတား ပတ်ဝန်းကျင်က ဒေသခံတွေရဲ့ လမ်းပန်းဆက်သွယ် ရေးကို ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုးဆောင်ရွက်ပေးထားပါသလဲ။ 

ဖြေ - ယာယီပြုပြင်ခြင်း၊ လမ်းလွှဲများမှ ဖြတ်သန်းစေခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိ နှိုင်း၍ လှေ၊ သမ္ဗာန်၊ ဇက်ရေယာဉ်များဖြင့် ဖြတ်သန်း စေခြင်း စသည့်ယာယီဆောင်ရွက်မှုများဖြင့် ပြန် လည်မပြုပြင်ရသေးသော တံတားပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လမ်းပန်းဆက်သွယ်ရေးကို ဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်ပေးထားသည်။

မေး - နောက်ဆုံးမေးခွန်းတစ်ခုကတော့ တံတားတွေ ဖျက်ဆီးခံရလို့ နိုင်ငံတော်အနေနဲ့ ဘာတွေဆုံးရှုံးနစ် နာသွားပါသလဲ။

ဖြေ - နိုင်ငံတော်၏ Infrastructure ၊ Structure  များဖြစ်သော တံတားများ ပျက်စီးဆုံးရှုံးမှုကြောင့် နိုင်ငံဘဏ္ဍာငွေများဆုံးရှုံးရသည့်အပြင် ကုန်စည် စီးဆင်းမှုနှင့် ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။

အခုလို ဖြေကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

War Economy ကို ထိထိရောက်ရောက် အရေးယူရန် တရုတ်ခရီးစဉ်တွင် ဦးကိုကိုကြီး ပြောကြားခဲ့ဟုဆို

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved