Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
"နမ့်ခမ်းငရဲခန်း (၁၁)ရက် " (ကိုယ်တွေ့ရင်ဆိုင်ခဲ့ရသူ၏ရင်ဖွင့်သံ) (အင်တာဗျူး)

သုတကျော် (NSS) - ဩဂုတ် ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်း က အေးချမ်းတည်ငြိမ်သော နမ့်ခမ်းမြို့သည် TNLA နှင့် ပူးပေါင်းအဖွဲ့၏ တိုက်ပွဲများကြောင့် အထိနာသွားခဲ့သည်။ အဆိုပါမြို့ကို လက်ရှိတွင် TNLA က ထိန်းချုပ်ထားသည့်အခြေအနေတွင် ပြည်သူအများအပြားမှာ ကျပ်တည်းမှုများ တွေ့ကြုံ လျက်ရှိသည်။ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်စဉ်ကလည်း ပြည်သူကို အကာအကွယ်ယူကာ တိုက်ကွက် ဖော်မှုများရှိသည်ဟုဆို၏။ နမ့်ခမ်းမြို့တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲကာလ အတွေ့အကြုံ တစေ့တစောင်း နှင့် လက်ရှိအခြေအနေများနှင့် ပတ်သက်၍ အဆိုပါ မြို့မှစစ်ဘေးကြောင့် စွန့်ခွာလာခဲ့သူတစ်ဦးထံ The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်းထားသည်များကို NSS က ထပ်ဆင့် ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - တိုက်ပွဲတွေ မဖြစ်ခင်က နမ့်ခမ်းမြို့ရဲ့ အခြေ အနေကို အရင်ဆုံး ပြောပြပေးပါခင်ဗျာ။ 

ဖြေ - အရင်တုန်းက အခြေအနေက အေးအေးဆေးဆေးပါပဲ။ နမ့်ခမ်းက အေးဆေးပါတယ်။ တိုက်ပွဲ မဖြစ်ခင်တုန်းက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ 

မေး - စီးပွားရေးကော အဆင်ပြေကြပါသလား။ 

ဖြေ - စီးပွားရေးကတော့ တရုတ်ဘက်ကို ကုန်စည် ပို့ဆောင်တာတို့၊ စားသောက်ကုန်တွေ၊ အသီးအနှံတွေ ပို့တာပေါ့။ အဲ့ဒါတွေ လုပ်ကြတာပါ။ အေးအေးဆေးဆေးပါပဲ။ 

မေး - တိုက်ပွဲမစခင် လာသိမ်းမယ်ဆိုတာမျိုးကို ရက်တွေ ကြိုပြီး သတင်းကြားရတာ ရှိပါသလား။ 

ဖြေ - ရက်ကြိုပြီး သတင်းကြားသလားဆိုတော့ ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ ဝင်လာမယ်ပေါ့။ ဟို အရင်တုန်းကလို ဝင်လိုက်ထွက်လိုက်ပေါ့နော်။ လှုပ် ရှားမယ်လို့ပဲ ကျွန်တော်တို့ ထင်တာပေါ့။ သတင်းက တော့ သိမ်းမယ်တို့ ဘာတို့မကြားပါဘူး။ ဝင်လာတာလည်း သိတယ်။ တစ်ပတ်လောက်၊ သုံးလေးရက် လောက်ကတည်းက မြို့နယ်နိမိတ်ထဲကို ကြိုဝင်လာတာ။ 

မေး - အဲဒီအချိန်အထိ မြို့သူ မြို့သားတွေမှာ စိုးရိမ်စိတ်မဝင်သေးဘူးပေါ့။ 

ဖြေ - မဝင်သေးဘူး။ ဘယ်လိုလဲဆိုတော့ ဒေသခံတွေဆိုတော့ ကိုယ့်မြို့ကိုယ်လုပ်မယ်မ ထင်ဘူး။ အရင်ကလည်း ရှမ်းအဖွဲ့တွေ ဝင်လာတာ ရှိတယ်။ သူတို့က သူတို့မြို့ကို သူတို့နာအောင် မလုပ်ကြဘူးလေ။ ကျွန်တော်တို့ကလည်း အဲဒီလိုပဲ ထင်တာ။ ဒီအတိုင်း ပုံမှန်ပဲ တွေ့ရင်နှုတ်ဆက်၊ ပြော ဆို ဆက်ဆံတာ ရှိတာပေါ့။ အရင်တည်းကပဲလေ။ 

မေး - တိုက်ပွဲစဖြစ်တဲ့နေ့က အတွေ့အကြုံလေး ပြောပြပေးပါ ခင်ဗျာ။ 

ဖြေ - တိုက်ပွဲစဖြစ်တော့ (၂၆) ရက် မနက် (၅) နာရီ လောက်ကြီးကို သူတို့က စခန်းကုန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်တာလေ။ ရှော့တိုက်ဒုံးက စခန်းကုန်းကို မကျဘဲ ဘေးမှာရှိတဲ့ အိမ်ကိုသွားကျတယ်။ ကလေးနှစ် ယောက်သေတယ်။ တစ်ယောက်က အတွင်းလူနာ ဖြစ်သွားတာပေါ့။ အဲဒီလို စဖြစ်ပြီးတော့မှ မြို့ဝင် ဂိတ် တွေ၊ တပ်စခန်း အသေးတွေ၊ ရဲကင်း အသေး တွေကို (၂၇) ရက်မှာ ဝင်တိုက်တာ။ (၂၈) ရက်ကျတော့ မြို့ ထဲမှာ နေရာယူထားပြီ။ (၃၁) လောက်မှာ ဌာနဆိုင်ရာ ရုံးတွေ ဝင်တိုက်တယ်။ 

မေး - တိုက်ပွဲတွေ စဖြစ်တော့ ဘယ်လိုအနေ အထားမျိုး မြင်ရပါသလဲ။ 

ဖြေ - တိုက်ပွဲဖြစ်တော့ ဒီကောင်တွေက မြို့ထဲမှာ နေရာယူတာ။ ဈေးထဲမှာ လူတွေ အဲ့ဒီလောက်အများ ကြီးထဲမှာ ဒီကောင်တွေက Cover ယူပြီးတော့မှ မြို့လယ် ဘုရားမှာရှိတဲ့ ပြည်သူ့စစ်တွေနဲ့ တပ်က အဖွဲ့တွေကို ဝင်တိုက်တာ။ ဒီကောင်တွေက လူနေ အိမ်တွေထဲကနေ ပစ်တာဗျာ။ အရပ်သားတွေကို အကာအကွယ်ယူတယ်။ လက်နက်ကြီးလည်း ထုတာပဲ။ ရပ်ကွက်ထဲကို ကပ်ထုတာပဲ။ ကျွန်တော်တို့ ပုန်းနေတဲ့နေရာနားဆိုရင် ဘေးမှာ ကွမ်းယာဆိုင်ထဲကို အီနာဂါ ဗုံးသီးကြီးလာကျတာလေ။ မကွဲလို့ ကံကောင်းတာ။ ကျွန်တော်တို့နဲ့ဆို လက်တစ်ကမ်းပေါ့။ အိမ်ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်မယ် ဆိုရင် သူတို့ ပစ်နေတာတွေ၊ ဆဲနေတာတွေ အကုန် ကြားနေရတယ်။ မောင်းတင်သံက အစ ကြားရတယ်။ လက်နက်ကြီးတွေလည်း လမ်းပေါ်တင်ထုတာပဲ။ 

မေး - တိုက်ပွဲစဖြစ်တော့ ရုတ်တရက်ကြုံရတာမှာ ဒေသခံတွေ ကစဉ့်ကလျား ထွက်ပြေးတာကို မြင်ရပါ သလား။ ဘယ်လို မြင်တွေ့ရပါသလဲ။ 

ဖြေ - ကျွန်တော်ပြောရမယ်ဆို နီးစပ်ရာ ခိုလှုံရတာ ပေါ့။ ဟိုဘက်ကမ်းက ရှမ်းရွာတွေထဲကို အကုန်လုံး ပြေးရတာ။ SSPP  ထိန်းချုပ်တဲ့ နေရာကို ပြေးကပ်ရတာပေါ့။ ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုတွေကောပေါ့။ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတုန်းတောင်မှ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတွေရှိရင် ထုတ်ပေးပါ ဆိုပြီး ဝင်စီးသေးတယ်။ 

မေး - တိုက်ပွဲဖြစ်တဲ့ကာလမြို့မှာ ဘယ်နှစ်ရက် လောက် ရှိနေခဲ့ပါသလဲ။ 

ဖြေ - ကျွန်တော်တစ်ပတ်ကျော် ၁၁ ရက်လောက် အထိ ရှိနေခဲ့ပါတယ်။ 

မေး - (၁၁) ရက်ကာလ ကာလအတွင်းမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်မျှဝေပေးပါဦး ခင်ဗျာ။ 

ဖြေ - ဘယ်လိုလဲဆိုတော့ ထွက်သွားပြီဆိုတဲ့ အိမ် တွေကို အကုန်ဖောက်ပြီးတော့ အဲဒီမှာ ရှိသမျှ အဖိုး တန်တဲ့ ပစ္စည်းပေါ့။ အိမ်ထောင် ပရိဘောဂပစ္စည်း တွေ အားလုံးကို တရုတ်ကားအပြာကြီးနဲ့ သယ်ပြီး တော့ သူတို့အခြေပြုတဲ့ရွာမှာ သွားပုံ၊ ဌာနဆိုင်ရာ ပစ္စည်းတွေကိုလည်းယူပြီး သွားပုံတယ်။ သူတို့က ကြေငြာချက်တွေ အမျိုးမျိုး ထုတ်ပြန်တယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်သူပိုင် ပစ္စည်းကို ခိုးပြီး သိမ်းထားတယ်၊ မိရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်ပေါ့။ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို သူတို့ ပိုင်တဲ့ ပစ္စည်း တောင် ပြန်အပ်ခိုင်းတာ။ 

မေး - နမ့်ခမ်းမှာ ရှိခဲ့တဲ့ ကာလအတွင်း မြို့မကျခင် တိုက်ပွဲ ဘယ်နှရက်ဖြစ်ပါသလဲ။ 

ဖြေ - (၄၅) ရက် ဖြစ်တယ်။ ပထမဆုံး ဦးဆုံး ကြမ်း တဲ့အပိုင်းမှာ ကျွန်တော် ရှိနေခဲ့ပါတယ်။ 

မေး - တိုက်ပွဲကာလအတွင်း အစ်ကိုကော ဘယ်လို ခိုလှုံ ရှင်သန်ရပါသလဲ။ သူတို့ကကော အရပ်သား တွေကို ဘယ်လို ဆက်ဆံပါသလဲ။ 

ဖြေ - ကျွန်တော်တို့က အိမ်ထဲမှာချည်းပဲ ပုန်းနေလို့ မရဘူး။ ဘယ်လိုနေသလဲဆိုတော့ လုံတဲ့နေရာ၊ ခိုင်ခံ့တဲ့ နေရာတွေ သွားရတယ်။ ရပ်ကွက်ထဲမှာ လက်နက်ကြီး ကို ကပ်ထုတာကိုး။ ရပ်ကွက်ထဲမှာတင်ကို ထောင်ထု တာ။ မြို့နယ် အား/ကာ ခန်းမမှာ ပွဲကြည့်စင်ရှိတယ်။ ပွဲကြည့်စင်အောက်ကFlat ပြားက အကြီးကြီးကိုး။ အဲဒီအောက် ကျွန်တော်တို့နေရတာ။ ဘာလို့လဲ ဆိုတော့ လက်နက်ကြီးကျလိုက်ရင် ပွဲကြည့်စင်မှာက မြင့်မိုရ်ပိတ်တွေရှိတာကိုး။ ပေါက်ပြီး အစတွေက အထဲထိကိုဝင်တာ။ အဲဒီအောက်မှာ ဝပ်နေရတာ။ 

မေး - တိုက်ပွဲကာလမှာ မှတ်မှတ်ထင်ထင် ဖြစ်တဲ့ အမှတ်တရကို ပြောပြပေးပါလား။ 

ဖြေ - အမှတ်တရကတော့ ဆိုင်တွေ အကုန်ပိတ်လို့ ခေါက်ဆွဲပြုတ်စားရတာပေါ့။ ထရန်စဖော်မာကို မှန်တော့လည်း မီးပျက်သွားသေးတယ်။ ပြီးတော့ မြို့ပြင်ထွက်ဖို့ကို လေးငါးခေါက်လောက် ဆိုင် ကယ်စီးပြီးတော့မှ ခိုးကြောင်ခိုးဝှက်သွားရတာ။ မြို့ထဲကို အဝင်ပဲလက်ခံတယ်။ အထွက်မရှိဘူး။ 

မေး - တိုက်ပွဲကာလမှာ အဝင်ပဲလက်ခံပြီး အထွက် မရှိဘူးလား။ 

ဖြေ - မူဆယ်ဘက်ကနေ ဝင်လာရင် ဝင်လို့ရတယ်။ နမ့်ခမ်းကနေ မူဆယ်ဘက်ကို ပြေးမယ် ထွက်မယ်ဆို ပေးမထွက်ဘူး။ 

မေး - SSPP နယ်ဘက် ပြေးတယ်ဆိုတာက အစပိုင်းမှာ ပြေးရတာလား။ 

ဖြေ - ဟုတ်တယ် တိုက်ပွဲ စဖြစ်ဖြစ်ချင်းမှာ ပြေးမှ လွတ်တယ်။ တိုက်ပွဲ ဖြစ်နေတုန်းမှာ ပေးမထွက်တော့ ဘူး။ 

မေး - ပိတ်မိတဲ့ သူတွေက နှစ်ဖက်တိုက်ပွဲအကြားမှာ ဘယ်လို ကြုံရပါသလဲ။ 

ဖြေ - တပ်ကတော့ ရှောင်တယ်။ မြို့ထဲကို ဝင်မလုပ် ဘူး။ တပ်က ရှောင်တယ်။ သူတို့ TNLA) ကပဲ မြို့ ထဲကိုဝင်ပြီး လုပ်တာ။ ဘယ်လို ပြောရမလဲဆို မြို့ စောင့် စခန်းကုန်းနဲ့ မြို့ထဲက တော်တော်လှမ်းတယ်ဗျ။ သူတို့ (TNLA) က ရမ်းသမ်း မှန်းသမ်းပစ်ကြတာ။ သတင်းမှာတက်ရင်တော့ တပ်ကြောင့်။ မြေပြင်မှာ ကျတော့ သောက်တလွဲတွေချည်းပဲ။ မြေပြင်မှာက သူတို့ပဲ လုပ်နေတာ။ 

မေး - နမ့်ခမ်း ဖြစ်စဉ်မှာ တပ်က မြို့ထဲကို ပစ်တယ် ဆိုပြီး သတင်းထွက်တာ ရှိတယ်။ အစ်ကို့ အနေနဲ့ ဘာများ ပြောချင်ပါသလဲ။ 

ဖြေ - တပ်က ပစ်တဲ့ လက်နက်ကြီးက အများပြည်သူ နေတဲ့အိမ်ထိတာ ရှားတယ်။ တိုက်ပွဲ ဖြစ်နေတုန်းက မကျဘူးလေ။ တိုက်ပွဲ ဖြစ်နေတုန်းက တပ်က ပစ်တာ က ကွက်တိ သူတို့အပေါ်ကျတယ်။ တိုက်ပွဲပြီးမှ လေယာဉ်နဲ့ လာကြဲမှ အိမ်တစ်လုံး ထိသွားတာ။ နမ့်ခမ်းမြို့လယ်က သမိုင်းဝင်ဘုရားကြီးက သူတို့ ပစ်လို့ ပျက်သွားတာ။ 

မေး - ဘုရားတစ်ဆူလုံးလား။ ဘယ်နေရာတွေ ပျက် သွားပါသလဲ။ 

ဖြေ - အကုန်လုံးပေါ့။ စေတီတွေကော စောင်းတန်း တွေရောက လက်နက်ကြီးကျတဲ့ဒဏ်တွေရော၊ သေနတ်နဲ့ ပစ်တဲ့ ဒဏ်တွေရောပေါ့။ 

မေး - အစ်ကိုက တိုက်ပွဲကြားမှာ ၁၁ ရက်လောက် ပိတ်မိနေခဲ့တာ ဆိုတော့ ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာရော ဘယ်လောက်အထိ ထိခိုက် သွားပါသလဲ။ 

ဖြေ - ကျွန်တော်တို့ကျတော့ စိတ်ထဲမှာ ပထမဆုံး ဖြစ်တာက မျှော်လင့်ချက်မရှိတော့ဘူး။ ဒီအတိုင်း ငါတို့ဘဝက ပြီးပြီ။ သေရင်လည်း သေမယ်၊ အဖမ်းခံရရင်လည်း အဖမ်းခံရမယ်ပေါ့။ သူတို့ လုပ်ချင်တာ လုပ်မယ်ပေါ့ဗျာ။ ကျွန်တော် ပြောပြမယ် သိတယ်မလား သူတို့ လုပ်ချင်ရာလုပ်၊ သတ်ချင်ရာ သတ်ပြီးရင် ဘာကြောင့် သတ်တယ်ဆိုတာ သတင်း လျှောက်လွှင့်မှာပေါ့ဗျာ။ အဲဒါကိုကြောက်တာ၊ စိတ်ပူတာ။ သေမှာတော့ စိတ်မပူပါဘူးဗျာ အိမ်နား ပတ်လည်က လက်နက်ကြီး ခဏခဏ ကျနေတာ။ သေမှာတော့ စိတ်မပူတော့ဘူး။ စားစရာရှိတာ စား တယ်။ အိပ်စရာရှိတာ အိပ်တယ်။ ကျနေလည်း ထမကြည့်တော့ဘူး။ အိပ်နေတုန်း ကျလို့ သေသွား လည်း ပြီးတာပဲ ဆိုပြီး။ 

မေး - အဲဒီလို သေမထူး၊ နေမထူး စိတ်ဝင်တာက တိုက်ပွဲရဲ့ ဘယ်နှရက်မြောက်မှာလဲ။ 

ဖြေ - တိုက်ပွဲ ငါးရက်လောက်မှာ ကိုယ့်အိမ်နားမှာ ကျည်တွေ ကျတယ်၊ ကျည်တွေ ပေါက်တယ် ဆို တော့။ အတူတူပါပဲ။ ကျန်တဲ့သူတွေလည်း အကုန် အတူတူပါပဲ။ ပြေးရင်လည်း ဒုက္ခရောက်မယ်လေ။ ပြေးစရာ မြေမှ မရှိတာ။ သေမထူး၊ နေမထူးပေါ့ အဲ့ဒီလို ဖြစ်သွားတာ။ 

မေး - အမျိုးသမီးကော ရှိပါသလား။ သူက မိန်းမ သားဆိုတော့ ဘယ်လောက် စိတ်ဒဏ်ရာရသွားပါ သလဲ။ 

ဖြေ - ကြောက်တာပေါ့။ တအားကြောက်သွားတယ်။ တအား ကြောက်ပြီးတော့ မြန်မာပြည်မှာ နေရမှာကို ကြောက်သွားတယ်။ 

မေး - တိုက်ပွဲကာလအတွင်း မြို့မှာ ပိတ်မိခဲ့တဲ့သူ တွေမှာ အသိတွေ ရှိပါသလား။ သူတို့ကော ဘယ်လို အခက်အခဲ ကြုံရပါသလဲ။ 

ဖြေ - ရှိတာပေါ့။ အိမ်ထဲမှာနေရင်းနဲ့ လက်နက်ကြီး ကျပြီး သေသွားတဲ့ဟာတွေလည်း ရှိတယ်။ ဝန်ထမ်း ထဲကဆိုရင် လက်နက်ကြီးကျပြီး အိမ်ထဲမှာ နေရင်းနဲ့ လင်မယား နှစ်ယောက်စလုံး သေသွားတာ။ ကလေး လေးတွေက ဒီအတိုင်း ကျန်ခဲ့တာ။ စည်ပင်ဝန်ထမ်း အိမ်ယာကို ကျတာပါ။ 

မေး - အရင်အခြေအနေကို နမ့်ခမ်းမြို့က ပြန်ရောက် နိုင်ပါသလား။ 

ဖြေ - ရှမ်းတိုင်းရင်းသားများတယ်လေ။ အခုက သူတို့ အချင်းချင်းလည်း ယုံကြည်မှု မရှိတော့ဘူး။ ပြန်နေဖို့ ပြန်ထူထာင်ဖို့ ဆိုတာက မလွယ်ဘူးလေ။ အများပြည်သူပိုင်တဲ့ ဈေးကြီးကို တရုတ်လုပ်ငန်းရှင် တွေနဲ့ ပေါင်းပြီး တရုတ်ကို ရောင်းပစ်လိုက်တာလေ။ ဘာတွေမှန်း မသိတော့ဘူး။ စိတ်ဓာတ်တွေလည်း ကျ လာပါပြီ။ 

မေး - လက်ရှိ TNLA ထိန်းချုပ်မှုအောက်မှာ နမ့်ခမ်းမြို့ခံတွေ အဆင်ပြေပါရဲ့လား ခင်ဗျာ။ 

ဖြေ - ဘယ်အဆင်ပြေမလဲဗျာ။ အခွန်ခေါင်းစဉ်ပေါင်း သောင်းခြောက်ထောင်နဲ့။ စည်ပင်ခွန်၊ ပညာရေးခွန်၊ ဆိုင်ခွန် လုပ်ငန်းအခွန်တွေတပ်ပြီး သိန်းဆယ်ချီကစလို့ရာချီတောင်းခံနေရတာပါ။ အခွန်မပေးနိုင်ရင် စီးပွားရေး လုပ်လို့က အဆင်မပြေတော့ဘူး။ 

မေး - ဒီအထဲမှာTNLA နဲ့ အတူ PDF တွေလည်း ပါတယ်လို့ ပြောပါတယ်။ သူတို့ကိုကော တိုက်ပွဲ ကာလမှာTNLA က ဘယ်လို ဆက်ဆံတာမျိုး မြင်ရပါသလဲ။ 

ဖြေ - ဗမာPDF ကကြားက ငပိန်းတွေပါ။ တိုက်ပွဲ လည်းပြီးရော ဒီကောင်တွေကိုမြို့ပြင်တန်းထုတ်တာပဲ။ 

မေး - မြို့က တိုက်ပွဲကြောင့် ဘယ်လောက် အထိနာ သွားပါသလဲ။ 

ဖြေ - မြို့ကတော့ပျက်စီးဆုံးရှုံးမှုတွေများတာပေါ့ ရပ်ကွက် (၁၃) ဆိုမီးလောင်သွားတယ်။ ရပ်ကွက် (၁၄) မှာတော့တိုက်ပွဲကြောင့်ရယ် ပေါင် (၅၀ဝ) ကြောင့် ရယ်အိမ်တွေထိခိုက်ဆုံးရှုံးတာပေါ့။ မြို့ပေါ်ဌာနဆိုင်ရာရုံးရဲစခန်းတွေကတော့ အများဆုံး ထိခိုက်ပါတယ်။ လူတွေ ထိတာလည်း သူတို့ လုပ်လို့ ထိတာချည်းပါပဲ။ မြို့ထဲ တိုက်ကွက်ဖော်တာကိုး။ 

မေး - ဆိုတော့ စစ်ဘေးသင့်ခဲ့သူ တစ်ယောက်အနေနဲ့ အခက်အခဲက ဘာတွေ ရှိခဲ့ပါသလဲ။ 

ဖြေ - ဘာမှယူချိန်မရှိဘူးလေ ဒီအတိုင်း ထပြေးရ တာ။ အဲ့ဒါပါပဲ။ ကျွန်တော် ငွေရော ပစ္စည်းတွေရော အဝတ်အထည်တွေရောက အကုန်ထားပစ်ခဲ့ရတော့ လာခဲ့အချိန် ချို့ချို့တဲ့တဲ့ပေါ့။ ဘာမှ ပါမလာတော့ ပါဘူး။ 

ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေဘေးကြောင့်နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း(၁၄၅)ကျောင်းကျော် ယာယီပိတ်ခဲ့ရပြီး အစားထိုးပြန်လည်သင်ကြားရန် စီစဉ်ထား

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved