Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေဘေးကြောင့်နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း(၁၄၅)ကျောင်းကျော် ယာယီပိတ်ခဲ့ရပြီး အစားထိုးပြန်လည်သင်ကြားရန် စီစဉ်ထား

စော (NSS) - ဩဂုတ် ၇

နိုင်ငံတစ်ဝန်းရေကြီးမှုကြောင့် ကျောင်းပေါင်း(၁၄၅ဝ)ကျောင်းကျော် ယာယီပိတ်ခဲ့ရပြီး အစားထိုးပြန်လည်သင်ကြားရန် စီစဉ်ထားကြောင်း ပညာရေးဝန် ကြီးဌာနထံမှ သိရသည်။


မြစ်ရေမြင့်တက်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် နိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အခြေခံပညာကျောင်းများလည်း ယာယီပိတ်ခဲ့ရကြောင်းသိရသည်။

အဆိုပါ ရေကြီးရေလျှံမှုများကြောင့် နိုင်ငံ တစ်ဝန်း ယာယီပိတ်ခဲ့ရသည့် အခြေခံကျောင်းများနှင့် ပတ်သက်၍ NP News က ပညာရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာတွင် ယာယီပိတ်ခဲ့ရသည့် ကျောင်းပေါင်း (၁၄၅၄) ကျောင်းရှိကြောင်း ပြန်လည်ဖြေကြားထားသည်။ ထိုကဲ့သို့ ပိတ်ခဲ့ရသည့်ကျောင်းများမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။

ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်းပေါင်း (၁၀ဝဝ)ကျော် ယာယီပိတ်ခဲ့ရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု ပျက်ကွက်မှုမရှိစေရေးနှင့် ထိခိုက်မှုမရှိစေရေး လာမည့်ပိတ်ရက်များတွင် အစားထိုးပြန်လည်တက် ရောက်ကာ သင်ကြားပေးရန် စီစဉ်ထားကြောင်းလည်း ဝန်ကြီးဌာနက ပြောသည်။ ပြီးခဲ့သောရက်ပိုင်းက နိုင်ငံအတွင်းရှိ မြို့ပေါင်း(၂၀)ထက်မနည်းတွင် ရေ ကြီး‌ရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူလူထု အနေဖြင့်လည်း ယာယီရေဘေးရှောင်စခန်းများတွင် သွားရောက်ခိုလှုံခဲ့ကြရသည်။

“အခြေခံကျောင်းတွေကတော့ လောလော ဆယ်တော့ ယာယီပိတ်ထားရတယ်။ ရေတက်တာ ကတော့ တစ်ပတ်လောက်တော့ရှိပြီ။ လက်ရှိက ယာ ယီစခန်းက (၃၄)ခု ဖွင့်ထားပါတယ်” ဟု ပဲခူးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News  ကိုပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ဇူလိုင်လ (၃၁)ရက် မွန်းလွဲ (၁၂) နာရီခွဲ အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၂၈ ဒသမ ၈၇ပေ) အထက်သို့ (၄)ပေခန့် ကျော်လွန်ရောက်ရှိနေ၍ အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်‌ သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်ဖြူ SEZ နိုဝင်ဘာတွင် စတင်နိုင်ရန် တရုတ်ဘက်က ဆန္ဒပြင်းပြနေ

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved