Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျောက်ဖြူ SEZ နိုဝင်ဘာတွင် စတင်နိုင်ရန် တရုတ်ဘက်က ဆန္ဒပြင်းပြနေ

ယွန်း (NSS) - ဩဂုတ် ၇

တရုတ်အနေဖြင့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် ဆန္ဒရှိနေကြောင်း အဆိုပါစီမံကိန်းနှင့်ပတ်သက်သည့် ကျောက်ဖြူဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NSS ကို အသိပေးပြောဆိုထားသည်။


လက်ရှိတွင် ကျောက်ဖြူ SEZ စတင်နိုင်ရေးအတွက် မြန်မာပြည်ဘက်မှ လုပ်သင့်လုပ်ထိုက်သည်များကို လာမည့် နိုဝင်ဘာလတွင် အပြီးသတ်ဆောင် ရွက်သွားရန် လမ်းòန်မှုများလည်းရှိနေပြီး တရုတ်နိုင်ငံအနေဖြင့် အမြန်ဆုံး အ‌ကောင်အထည်ဖော်နိုင် ရန်ဆန္ဒရှိနေကြောင်း သိရသည်။

‘(၁၁) လပိုင်းမှာ ကျောက်ဖြူ SEZ စတင်နိုင်ဖို့အတွက် မြန်မာပြည်ဘက်က လုပ်သင့်လုပ်ထိုက်တာတွေကို အပြီးသတ်ဆောင်ရွက်ဖို့ နေပြည် တော်က လမ်းညွှန်ထားတယ်။ တရုတ်အစိုးရကတော့ မြန်မာပြည်တည်ငြိမ်တာကို လိုချင်တယ်။ သူရဲ့(တရုတ်)အိမ်နီးနားချင်းလည်းဖြစ်သလို၊ စီးပွား ရေးအတွက်လည်း အဓိကလမ်းကြောင်းကြီးဖြစ်နေတော့ မတည်ငြိမ်ရင် ဘာမှလုပ်လို့မရဘူး။ တည်ငြိမ်ဖို့အတွက် အစိုးရနဲ့ရော ပြည်သူနဲ့ရော ပူးပေါင်းဆောင်ရွက်နေ တာတွေရှိတယ်။ အခုဆိုရင် လားရှိုးဖြစ်စဉ်တို့၊ အရှေ့မြောက်ဖြစ်စဉ်တွေကိုကြည့်ပြီး ပိုပြီးအားထည့်ရတာပေါ့။ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့လည်း ဆန္ဒရှိနေကြပါတယ်’ဟု ဆိုသည်။

အဆိုပါ ကျောက်ဖြူ SEZ စီမံကိန်းတွင် စုစုပေါင်းမြေဧက(၄၈၀ဝ)ကို အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါမြေဧက များအနက်မှ ဧက(၁၀ဝဝ) နီးပါးကို ကျောက်ဖြူဒေသခံများထံမှ ဝယ်ယူသွားမည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် မြေရာ လျော်ကြေးပေးချေနိုင် ရေးကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နစကအနေဖြင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ်ကို ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် မြန်မာ-တရုတ် ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ် ကမ်းကုမ္ပဏီတို့ အကြား လုပ်ငန်းလုပ်ကိုင်ခွင့်သဘော တူစာချုပ်ကို ပြီးခဲ့သည့် (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလတွင်ချုပ်ဆိုခဲ့ကြသည်။ လက်ရှိတွင် နစကအနေဖြင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းတွင်အသုံးပြုရန် ရခိုင်ပြည်နယ်၊ မဒေးကျွန်းပေါ်၌ ရေလှောင်ကန် (၂)ခုကို ငွေကျပ်(၄)ဘီလျံခန့်အသုံးပြုကာ တည် ဆောက်ရန်စီစဉ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးဇုန်သုံးခုကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပြီး သီလဝါ အထူး စီးပွားရေးဇုန်သည် အောင်မြင်မှုအရှိဆုံး အထူးစီးပွားရေးဇုန်လည်းဖြစ်သည်။ ကျောက်ဖြူ SEZ တွင် ရေနက်ဆိပ် ကမ်းစီမံကိန်းအပါအဝင် စက်မှုဥယျာဉ်စီမံကိန်းနှင့် အိမ်ရာစီမံကိန်းတို့ပါဝင်ပြီး ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်းတို့ကို တရုတ်နိုင်ငံရှိ CITIC အုပ်စုကုမ္ပဏီမှ တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။ လက်ရှိတွင် စီမံကိန်းကာလမှာ (၁၀)နှစ် အတွင်းရောက်ရှိလာပြီဖြစ်သောကြောင့် CITIC က အမြန်ဆုံးအ‌ကောင်အထည်ဖော်နိုင်ရေး ဆန္ဒရှိနေကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရကို နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်စ် ဦးဆောင်သွားမည်

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved