Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရကို နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်စ် ဦးဆောင်သွားမည်

ALynn (NSS) - ဩဂုတ် ၇

 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူထုဆန္ဒပြမှုများကြောင့် ကာလကြာအုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ရှိတ်ဟာစီနာထွက်ပြေးသွားခဲ့ပြီးနောက် ယာယီအစိုးရကို ဦးဆောင်ရန် နိုဘယ်လ်ဆုရှင် အသေးစား ငွေရေးကြေးရေး လုပ်ငန်း၏ ရှေ့ဆောင် မိုဟာမက်ယူနွတ်စ်ကို ရွေးချယ်ကြောင်း ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၇ ရက်) အစောပိုင်းတွင် ကြေညာခဲ့သည်။ 


ဆန္ဒပြကျောင်းသား ခေါင်းဆောင်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သန်းပေါင်းများစွာကို ဆင်းရဲတွင်းမှ ဖယ်ရှားပေးခဲ့သော အသက် ၈၄ နှစ်အရွယ် ယူနွတ်စ်ကို နိုင်ငံအား ဦးဆောင်ဖို့ တောင်းဆိုခဲ့ပြီးနောက် ယခုလို ခန့်အပ်မှုက မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယာယီအစိုးရတွင် ယူနွတ်စ်အား အကြီးအကဲအဖြစ်ထားရှိရန် ဆုံးဖြတ်ချက်သည် သမ္မတ Mohammed Shahabuddin၊ စစ်ခေါင်းဆောင်များနှင့် ဆန္ဒပြကျောင်းသားများအဖွဲ့ (SAD) မှ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Shahabuddin က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသက် ၇၆ နှစ်အရွယ် ဟာစီနာသည် ၂၀၀၉ ခုနှစ်ကတည်းက အာဏာရခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ရွေးကောက်ပွဲတွင် မဲလိမ်မှုဖြင့် စွပ်စွဲခံခဲ့ရပြီး ပြီးခဲ့သည့်လတွင် သန်းနှင့်ချီသော လူများက လမ်းမပေါ်ထွက်ကာ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ဆူပူအုံကြွမှုကို နှိမ်နင်းရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းခဲ့သော်လည်း ဆန္ဒပြမှုများ ကြီးထွားလာကာ နောက်ဆုံး၌ ဟာဆီနာသည် ရဟတ်ယာဉ်ဖြင့် ဩဂုတ်လ ၅ ရက်တွင် ထွက်ပြေးသွားခဲ့သည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က “အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အချိန်ကျပြီ”ဟု ပြောသည်။ အင်္ဂါနေ့ (ဩဂုတ်လ ၆ ရက်) တွင် သမ္မတသည် ကျောင်းသား ခေါင်းဆောင်များနှင့် အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP)တို့၏ တောင်းဆိုချက်အရ ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီး (၃)လအတွင်း ရွေးကောက်ပွဲများ ကျင်းပရန်လည်း ရည်ရွယ်ထားသည်။

အင်္ဂါနေ့က စစ်တပ်သည် ဟာစီနာနှင့်နီးစပ်သော ထိပ်တန်းဗိုလ်ချုပ်အများအပြားကို ရာထူးမှဖြုတ်ချခဲ့ပြီး Rapid Action Battalion အရံတပ်ဖွဲ့၏ တပ်မှူးတစ်ဦးဖြစ်သည့် Ziaul Ahsan ကိုလည်း ထုတ်ပယ်ခဲ့သည်။ ဝန်ကြီး ချုပ်ဟောင်းဖြစ်သလို BNP ပါတီ၏ဥက္ကဋ္ဌလည်းဖြစ်သည့် ခါလီဒါဇီယာ (၇၈)နှစ်ကိုလည်း နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

မြို့တော်ရှိ လမ်းများသည် အင်္ဂါနေ့တွင် အများအားဖြင့် ငြိမ်သက်အေးဆေးနေပြီး ယာဉ်ကြောပိတ်ဆို့မှုများ ပြန်လည်စတင်ခြင်း၊ ဈေးဆိုင်များဖွင့်လှစ်ခြင်းနှင့် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြန်လည်စတင်ခြင်းတို့ဖြင့် ပုံမှန်လည်ပတ်လာခဲ့သည်။ သို့သော် အနည်းဆုံး လူ ၁၂၂ ဦး သေဆုံးခဲ့သည့် အကြမ်းဖက်မှုအပြီး တစ်ရက်အကြာတွင် အစိုးရရုံးများကို ပိတ်ထားဆဲဖြစ်သည်။ International Crisis Group မှ Thomas Kean က အာဏာပိုင်အသစ်များသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။ 

“အခု အာဏာရလာမယ့် ကြားဖြတ်အစိုးရဟာ မကြာသေးမီနှစ်တွေအတွင်း ဆိုးရွားစွာ ပျက်စီးသွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒီမိုကရေစီပြန်လည်တည် ဆောက်ရေး တာဝန်ကို စတင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်ပအခြေစိုက်သတင်းဌာန(၈) ခု၏ သတင်းထုတ်လွှင့်မှုအပေါ် သုံးသပ်ချက် ((၂၁-၆-၂၀၂၄) ရက်မှ (၂၀-၇-၂၀၂၄) ရက်အထိ)

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved