Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်တွင်း၊ပြည်ပ အလုပ်သမားရေးရာအတွက် ဝန်ကြီးဌာန ဘာလုပ်ပေးနေသလဲ (အပိုင်း-၂)

ယွန်း (NSS) - ဩဂုတ် ၁

မေး အလုပ်လုပ်နေတဲ့လုပ်သားတွေထဲမှာ လယ်ယာစိုက်ပျိုးရေးမှာလုပ်တဲ့ လုပ်သားရာခိုင်နှုန်း၊ စက်ရုံလုပ်သား ရာခိုင်နှုန်း၊ ကုမ္ပဏီတွေမှာလုပ်နေတဲ့ လုပ်သား၊ သာမန် အခြေခံလုပ်သားတွေကို ကဏ္ဍအလိုက်ခွဲပြီးတော့ လေ့လာထားတာရှိလား။ ဘယ် လောက်ရှိလဲ။

ဖြေ ၂၀၂၀-၂၀၂၃ လုပ်သားအင်အားခန့်မှန်းစာရင်းအင်းများအရ ၂၀၂၃ ခုနှစ်တွင် လယ်ယာကဏ္ဍ ၌အလုပ်လုပ်ကိုင်သူ ၄၆.၅၈ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍတွင် ၃၅.၁၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၁၈.၃ ရာခိုင်နှုန်းရှိပါသည်။ အပြည်ပြည်ဆိုင်ရာအလုပ် အကိုင်အမျိုးအစား (International Standard Classifications of Occupations, ISCO-2008)  အရ ခွဲခြားလေ့လာထားသည့် အလုပ်အကိုင်များအနက် အခြေခံအလုပ်အကိုင်လုပ်ကိုင်သူ ၂၀.၉၉ ရာ ခိုင်နှုန်းရှိပါသည်။

မေး ဝန်ကြီးဌာနဘက်က အထက်ပါခေါင်းစဉ် များအလိုက် လုပ်ငန်းခွင်မှာ အလုပ်လုပ်နိုင်တဲ့ အလုပ်သမားမွေးထုတ်ပေးနိုင်မှုအချိုးအစား ဘယ်လောက်ရှိလဲ။

ဖြေ (က) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ ကျွမ်း ကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း၊ မြောက်ဒဂုံ၊ မန္တလေး၊ ပုသိမ်၊ စက်စဲ၊ ဘားအံနှင့် ပဲခူး) တို့တွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်း၊ ဂဟေဆက်(မွမ်းမံ)သင်တန်း၊ မော်တော်ယာဉ် စက် ပြင်သင်တန်း၊ လေအေးပေးစက် တပ်ဆင်ပြုပြင်ခြင်း သင်တန်း၊ ဂဟေဆက်သင်တန်း၊ ကြွေပြားကပ်သင် တန်း၊ လျှပ်စစ်ပစ္စည်းပြုပြင်ထိန်းသိမ်းနည်းသင် တန်း၊ အခြေခံဆိုလာနည်းပညာနှင့် တပ်ဆင်ခြင်းသင် တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်း၊ Air Compressor  ပြုပြင်ထိန်းသိမ်းနည်း သင်တန်း၊ အဆင့်မြင့် လျှပ်စစ်သွယ်တန်းတပ်ဆင် ခြင်းသင်တန်းနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာသင်တန်း၊ စုစုပေါင်း သင်တန်း (၁၂)မျိုးအ တွက် သင်တန်းသား (၁၃၁၇) ဦး ဖွင့်လှစ်ပို့ချပေးနိုင် ခဲ့ပါသည်။

(ခ) မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) အနေဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်လျက်ရှိရာ (၂၀၁၄) ခုနှစ်မှ ၁၉-၆-၂၀၂၄ ရက် နေ့အထိ အလုပ်အကိုင် (၅၂) မျိုးအတွက် ဖြေဆိုသူ (၂၈၉၂၃)ဦးတွင် ကျွမ်းကျင်လုပ်သား (၂၆၅၅၅) ဦး ကို မွေးထုတ်ပေးနိုင်ခဲ့သလို ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် အလုပ်အကိုင် (၄၈) မျိုး၊ လုပ်သား (၅၀ဝဝ) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ရေးလျာထား ခဲ့ပြီး ၁၉-၆-၂၀၂၄ ရက်နေ့အထိ ဖြေဆိုသူ (၄၀၉) ဦးတွင် ကျွမ်းကျင်လုပ်သား (၂၉၅) ဦးကို မွေးထုတ် နိုင်ခဲ့ပါသည်။

မေး စက်ရုံလုပ်သားအများဆုံးက ရန်ကုန်မှာ ဖြစ်တယ်လို့သိရတယ်။ ရန်ကုန်မှာ စက်ရုံလုပ်သား ဘယ်လောက်ရှိလဲ။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ ဘယ်လောက်ရှိလဲ။ အခြေခံလုပ်အားခနှုန်း ထားကိုကော ဘယ်လောက်သတ်မှတ်ထားလဲ။

ဖြေ (က) အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ မြေပြင် ကွင်းဆင်းခြင်းအစား ပြည်နယ်များတွင် နယ်မြေအ ခြေအနေအရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများဖြစ် သည့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီထံမှ ညှိနှိုင်းစာရင်းကောက်ယူခဲ့ပြီး ရရှိလာသည့်အချက် အလက်များကို ရေးသားပြုစုထားသည့် ၂၀၂၃ ခုနှစ် ပိုင်ဆိုင်မှုကဏ္ဍအလိုက် အလုပ်သမား (၁) ဦးနှင့်အထက်ရှိသော ဆိုင်၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ် သမားဦးရေစာရင်း အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အလုပ်သမားဦးရေစာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မှတ်ချက်။ ကယားပြည်နယ်သည် နယ်မြေအခြေအနေအရ အလုပ်သမားဦးရေစာရင်း ဖော်ပြပေးနိုင်ခြင်း မရှိပါ။

(ခ) ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားပြည်နယ်/ တိုင်းဒေသကြီးနယ်မြေအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနပေါင်းမှာ (၁၄၈၆၃၅) ရုံနှင့် လုပ်သားဦးရေ ကျား (၇၀ဝ,၃၁၂) ဦး၊ မ (၉၀ဝ,၄၉၆) ဦး၊ ပေါင်း (၁,၆၀ဝ,၈၀၈) ဦးရှိရာ အခြေခံလုပ်အားခနှုန်းထား အနေဖြင့် ၁၄-၅-၂၀၁၈ ရက်နေ့တွင် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီမှ အမိန့်ကြေညာစာအမှတ်(၂/၂၀၁၈)ဖြင့် အလုပ်ချိန် (၈) နာရီ (၁) ရက်အတွက် (၄,၈၀ဝ)/ ကျပ်ကို နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြား ဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်ခဲ့မှုအပေါ် ၉-၁၀-၂၀၂၃ ရက်နေ့တွင် အပို ထောက်ပံ့ကြေး ၁,ဝဝဝ/ကျပ်ကို အလုပ်လုပ်သောရက်များနှင့် (၁၉၅၁) ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ နှင့်အညီ ၁-၁၀-၂၀၂၃ ရက်နေ့မှစ၍ ခံစားခွင့်ပြုရန် အမိန့်ကြေညာစာအမှတ် (၂/၂၀၂၃) ဖြင့် ထုတ်ပြန် ခဲ့ပါသည်။

မေး မြန်မာနိုင်ငံရဲ့အခြေခံလုပ်အားခက နေ့စဉ် စားသုံးမှုအတွက် ဖူလုံမှုမရှိပါဘူး။ ဒါကို ဘယ်လို ဖြေရှင်းပေးမလဲ။ ဝန်ကြီးဌာနဘက်က ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာထားပြီးပြီလား။

ဖြေ။ ။ စက်မှုဇုန်ဥက္ကဋ္ဌ အတွင်းရေးမှူး၊ လုပ်ငန်း ရှင်များအား ခေါ်ယူတွေ့ဆုံ၍ လုပ်ခလစာ၊ ထောက်ပံ့ ကြေးများအပြင် ဝန်ထမ်းများစားဝတ်နေရေး သက်သာချောင်ချိစေရေးအတွက် အခြားထောက်ပံ့မှု (incentive) များဖြစ်သော ရက်မှန်ကြေး၊ လုပ်သက်အလိုက်နှစ်ကြေး၊ ကျွမ်းကျင်ကြေး၊ ထုတ်လုပ်မှု စံချိန် ကြေးများနှင့် လစဉ် ဆန်၊ ဆီ၊ ကြက်ဥ အစရှိသည်များ အထောက်အပံ့ရရှိအောင်  စက်ရုံ၊ အလုပ်ရုံများဘက် က ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

မေး ပြည်တွင်းစက်ရုံတွေ၊ ကုမ္ပဏီတွေအနေနဲ့ လုပ်သားစွမ်းအားအရင်းအမြစ်ခေါ်ယူရတာ အခက် အခဲတွေနဲ့ရင်ဆိုင်နေရတယ်။ ဒီပြဿနာတွေအတွက် ဘယ်လို ပြန်လည်တည်ဆောက်ယူနေလဲ။

ဖြေ (က) ပြည်တွင်းစက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများမှ အလုပ်ရှင်များအနေဖြင့် အလုပ်သမား ခေါ်ယူလိုပါက နိုင်ငံတစ်ဝန်းရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ အလုပ်ကမ်းလှမ်း လွှာများပေးပို့၍လည်းကောင်း၊ ဝန်ကြီးဌာနမှတည် ထောင်ထားရှိသည့် ပြည်တွင်းအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေခန့်ထားရေး Website www.myanmar job.gov.mm  သို့လည်းကောင်း၊ အလုပ် သမားဝန်ကြီးဌာနမှ အကျိုးဆောင်လိုင်စင်ထုတ်ပေး ထားသည့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှလည်းကောင်း လိုအပ်သည့် အလုပ်သမား များကို ရှာဖွေခန့်ထားနိုင်ပါတယ်။

(ခ) အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော် ဘဏ္ဍာခွင့်ပြုငွေဖြင့် သင်တန်း(၄)မျိုးအတွက် သင်တန်းသား(၄၀၈)ဦးကို ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာခွင့် ပြုငွေဖြင့် သင်တန်း (၄)မျိုးအတွက် သင်တန်းသား (၂၆၁) ဦးကို ဖွင့်လှစ်ပို့ချနိုင်ရေး လျာထားဆောင် ရွက်လျက်ရှိပါသည်။

(ဂ) ထို့ပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည် ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည် နယ်များတွင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး သင်တန်း (၁၇) မျိုးအတွက် သင်တန်းသား(၅၂၀) ဦးကို ဖွင့်လှစ်ပို့ချနိုင်ရေး လျာထားဆောင်ရွက်လျက် ရှိပါသည်။

မေး စစ်မှုမထမ်းမနေရဥပဒေ ကောလာဟလ ကြောင့် ပြည်တွင်းအလုပ်သမားတွေ ပြည်ပထွက်ခွာ တာများနေတယ်လို့ သိရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ အလုပ်ဌာနတွေအထိဆင်းပြီးတော့ ကောလာဟလ တွေကို မဟုတ်မှန်ကြောင်း ဖြေရှင်းပေးဖို့ရှိနေလား။

ဖြေ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သက် ဆိုင်ရာနိုင်ငံများ၏ လုပ်သားလိုအပ်ချက် အလုပ်ခေါ် စာပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးခြင်းဖြစ်ပါသည်။ စက် ရုံ၊ အလုပ်ရုံများကို အသိပညာပေးဆွေးနွေးမှုများ ပြု လုပ်သည့်အချိန်တွင် အလျဉ်းသင့်သလို ရှင်းလင်းပြော ကြားဆွေးနွေးပေးလျက်ရှိပါသည်။

မေး အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ဖော် ဆောင်မှုအပိုင်းမှာ အလုပ်သမားဝန်ကြီးဌာနက ဘယ် အခန်းကဏ္ဍကပါဝင်နေလဲ။ အလုပ်အကိုင်အခွင့်အ လမ်းပေါ်လာရေးမှာလည်း စနစ်အမှားတွေရှိတယ်လို့ မြင်မိပါတယ်။ ဘယ်လိုဖြေရှင်းနေပါသလဲ။

ဖြေ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ အောက်ရှိ နေပြည်တော် တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ် ငန်းကော်မတီများတွင် သက်မွေးနှင့် ကျွမ်းကျင်မှုသင် တန်းများ လစဉ်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မေလအထိ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ် ငန်းကော်မတီ၏ သက်မွေးနှင့် ကျွမ်းကျင်မှုသင်တန်း များ ဖွင့်လှစ်မှုနှင့် အလုပ်ရရှိမှုမှာ သင်တန်းဖွင့်လှစ် မှုအကြိမ်ရေ (၁,၆၂၄)ကြိမ်၊ သင်တန်းသားဦးရေ (၃၆,ဝ၈၈) ဦး၊ အလုပ်ရဦးရေ (၁၀,၈၆၄)ဦးဖြစ်ပါသည်။

မေး ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်သူ တွေများပြားနေတဲ့အတွက် ပြည်တွင်းမှာ အလုပ်အ ကိုင်ရှားပါးမှုတွေနဲ့ရင်ဆိုင်နေရပြီး ထိန်းကျောင်းမှု တွေဆောင်ရွက်သင့်တယ်လို့မြင်မိပါတယ်။ ဝန်ကြီး ဌာနအနေနဲ့ ဘယ်လိုစီစဉ်ဆောင်ရွက်နေပါသလဲ။

ဖြေ ပြည်တွင်း၌ အလုပ်သမားရှားပါးမှုပြဿနာ များမဖြစ်ပေါ်စေရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများကို ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

မေး ဘယ်လိုအချက်တွေကြောင့် ပြည်တွင်းမှာ လုပ်သားရှားပါးလာရတာလဲ။ အလုပ်လက်မဲ့နေတဲ့သူ တွေကို လုပ်ငန်းခွင်ထဲရောက်လာအောင် ဘာတွေ လုပ်သွားမလဲ။

ဖြေ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅)ခုတွင် ခရိုင်နှင့်မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၈၉)ရုံး၊ အထူးစီးပွားရေး ဇုန်ရုံး (၃) ရုံး ဖွင့်လှစ်၍ ၁၉၅၉ ခုနှစ် အလုပ်ခန့်ထား မှုကန့်သတ်ရေးအက်ဥပဒေနှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတို့နှင့်အညီ အ လုပ်သမားရှာဖွေသူများကို အလုပ်သမားမှတ်ပုံတင် ပေးခြင်း၊ အစိုးရဌာန၊ အလုပ်သမား ၅ ဦးနှင့်အထက် ရှိသော သမဝါယမ၊ ဖက်စပ်နှင့် ပုဂ္ဂလိကလုပ်ငန်း များထံမှ အလုပ်သမားလိုအပ်ကြောင်း အကြောင်း ကြားစာ(အမှာစာများလက်ခံဆောင်ရွက်ခြင်း၊ အမှာ စာအရ သင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများ ကို အလုပ်ရှင်ထံ စုဆောင်းပေးပို့ခြင်း၊ အလုပ်ရှင်က ခန့်ထားရန်ရွေးချယ်သူများကို အလုပ်ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေးကတ်ပြား(အလလခ ပုံစံ-၇) ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေး ရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အလုပ်သမားရပိုင်ခွင့်များ ဥပဒေ နှင့်အညီ ရရှိခံစားနိုင်ရေးတို့အတွက် စက်ရုံ၊ အ လုပ်ရုံများမှအလုပ်ရှင်များ၊ မန်နေဂျာများ၊HR များ နှင့် ပြည်တွင်းအလုပ်ကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရအေဂျင်စီများကို အလုပ်သမားရေးရာ အသိ ပညာပေးဆွေးနွေးပွဲများပြုလုပ်၍ ရှင်းလင်းဆွေးနွေး ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိ ရေးအတွက် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်း ဒေသကြီးနှင့်ပြည်နယ်များတွင် အလုပ်သမားဝန်ကြီး ဌာနနှင့်ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ ပြည်တွင်းအ လုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ ပူးပေါင်း၍ အလုပ်အကိုင်အခွင့်ပြပွဲ (Job Fair) များ ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်မေလအထိ အစိုးရ (၄၇၁၄၆) ဦး၊ ပုဂ္ဂလိက (၅၄၄၅၉၉) ဦး၊ စုစုပေါင်း (၅၉၁၇၄၅) ဦးကို အလုပ်ရရှိအောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။

မေး အလုပ်အကိုင်နဲ့ ပညာရေးနဲ့ အတွဲအစပ်မိ အောင် စနစ်တစ်ခုဖော်ဆောင်ဖို့လိုအပ်နေတယ်လို့ ယူဆမိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေရ နိုင်တဲ့ လက်မှုလုပ်ငန်းသင်ပေးနေတဲ့ ကျောင်းတွေမှာ အလုပ်လက်မဲ့နေတဲ့သူတွေကို ဝင်ခွင့်ပေးပြီး လုပ်ငန်းခွင်ကို ပြန်ဝင်ရောက်အောင်လုပ်ပေးမယ့်စနစ် ဖော်ဆောင်ဖို့လုပ်နေလား။

ဖြေ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ဝန် ကြီးဌာနအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာ နိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA)သည် မြန်မာ့လုပ်သားဈေးကွက် တွင် ပညာရေးတစ်ပိုင်းတစ်စဖြင့် ဝင်ရောက်လုပ်ကိုင် နေသောလုပ်သားများနှင့် သတ်မှတ်သင်တန်းချိန် ပြည့် တက်ရောက်အောင်မြင်သူ သင်တန်းဆင်းများ၎င်းတို့၏ ကျွမ်း ကျင်မှုအဆင့်နှင့်ကိုက်ညီသည့် ကျွမ်း ကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရရှိစေရေးအ တွက် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည့်စနစ် တည်ထောင်ထားရှိရာ ကျွမ်းကျင်မှု အဆင့်(၁) တစ်စိတ်တစ်ဒေသကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်မှု အဆင့် (၂) ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်မှုအ ဆင့်(၃) အဆင့်မြင့်ကျွမ်းကျင်လုပ်သားနှင့် ကျွမ်း ကျင်မှုအဆင့် (၄) ကြီးကြပ်ရေးမှူးဖြင့် အဆင့် (၄)ဆင့်သတ်မှတ်၍ NSSA ၏ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် ဝင်ရောက် ဖြေဆိုစေ ပြီး သတ်မှတ်အရည်အသွေးပြည့်မီသူများကို အမျိုး သားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအ သိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိပြီး NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု အဆင့်(၄) ကြီး ကြပ်ရေးမှူးအဆင့်အောင်မြင်ပြီးသူများကို ပညာရေး ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် ပညာရေးမူဘောင် နှင့် ချိတ်ဆက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

မေး နိုင်ငံတော်ရဲ့အလုပ်အကိုင်ရရှိရေး အခွင့် အလမ်းမူဝါဒကဘာလဲ။

ဖြေ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အောက်ပါအလုပ်အကိုင်ဆိုင်ရာမူဝါဒ (၇)ရပ်ကိုချ မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-

(က) သင့်တော်ကောင်းမွန်သော အလုပ်အကိုင် အခြေအနေဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေခြင်း၊

(ခ) အလုပ်အကိုင်တိုးပွားရေးကို အားပေးသော မက်ခရိုစီးပွားရေးမူဘောင် ချမှတ်ခြင်း၊

(ဂ) စွန့်စားတီထွင်သော စီးပွားရေးစွမ်းဆောင်မှု နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊

(ဃ) ထုတ်လုပ်နိုင်စွမ်းတိုးတက်ရေးနှင့် လုပ် သားများအတွက် အခွင့်အလမ်း မြှင့်တင်ခြင်း၊

(င) အလုပ်အကိုင်ဈေးကွက်အတွင်း ခွဲခြား ဆက်ဆံမှုမရှိခြင်း၊

(စ) ပတ်ဝန်းကျင်ရေးရာနှင့် လူမှုရေးရာ ရေ ရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေခြင်း၊

(ဆ) ကောင်းစွာအလုပ်လုပ်ကိုင်နိုင်ခြင်းနှင့် အလုပ်အမျိုးအစားပြောင်းလဲလုပ်ကိုင်နိုင်ခြင်း၊

မေး အလုပ်သမားဆိုတာကို ဝန်ကြီးဌာနက ဘယ်လိုအဓိပ္ပာယ်ဖွဲ့ထားလဲ။

ဖြေ (က) ပြည်တွင်းအလုပ်သမားများအတွက် အလုပ်ခန့်ထားမှုကန့်သတ်ရေးဥပဒေမှာကတော့ “အလုပ်သမား” ဆိုသည်မှာ၊ ကျွမ်းကျင်မှုလိုသော အလုပ်ကိုသော်လည်းကောင်း၊ အသင့်အတင့် ကျွမ်း ကျင်မှုလိုသောအလုပ်ကိုသော်လည်းကောင်း၊ ကျွမ်း ကျင်မှုမလိုသောအလုပ်ကိုသော်လည်းကောင်း၊ စာ ရေးစာချီအလုပ်ကိုသော်လည်းကောင်း၊ အလုပ်သင် အလုပ်ကိုသော်လည်းကောင်း၊ လုပ်ကိုင်သူ တစ်ဦးဦး ကိုဆိုလိုသည် "ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ပြည်ပအ  လုပ်အကိုင်ဆိုင်ရာ ဥပဒေမှာတော့ အလုပ်သမား ဆိုသည်မှာ ပြည်ပအလုပ်အကိုင်တစ်ခုခုကို လုပ်ခ ဖြင့်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမား၊ လုပ်ကိုင်ရန် ခန့်ထားခြင်းခံရသည့်အလုပ်သမားနှင့် အလုပ်သင် အဖြစ်ခန့်ထားခြင်းခံရသောသူတို့ကိုဆိုသည်"ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

မေး လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု၊ ခေါင်းပုံဖြတ်မှုတွေလည်းရှိနေ တဲ့အပေါ် ဘယ်လိုတာဝန်ယူဖြေရှင်းပေးနေပါသလဲ။

ဖြေ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုနှင့်ပတ် သက်၍ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ပေါင်းစပ်အဖွဲ့များမှ အလုပ်သမားရေးရာကိစ္စများ ပေါ်ပေါက်ပါက ညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေးခြင်း၊ ဝန်ကြီးဌာနမှ စည်းကြပ်လျက်ရှိသော ဥပဒေများကို ချိုးဖောက်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်ခြင်း၊ လစဉ်ငွေကြေး အကျိုးခံစားခွင့် ရ/မရ ကွင်းဆင်းစိစစ်ခြင်း၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု လျော့နည်းစေရေး၊ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ တာဝန်ဝတ္တရားများကို သိရှိစေ ရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်စေရေး၊ လုပ်ငန်း ခွင်အေးချမ်းသာယာရေးတို့အတွက် နဃ စာချုပ် ချုပ်ဆိုပေးခြင်း၊ အလုပ်သမားရေးရာ ဥပဒေများ အသိပညာပေးဆွေးနွေးပွဲများကို မြို့နယ်အဆင့် တစ်လလျှင်နှစ်ကြိမ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့် တစ်လလျှင်တစ်ကြိမ် ကျင်းပပြုလုပ်ပေးလျက် ရှိပါသည်။

မေး လက်ရှိမှာ လာအိုဘက်ကိုလည်း အလုပ် သမားတွေသွားဖို့ စိတ်ဝင်စားနေတာရှိတယ်။ အဲဒီအ တွက် MOUထိုးပြီးတော့ အလုပ်သမား စေလွှတ်သွား ဖို့ရှိလား။

ဖြေ လာအိုနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများမှ အေ ဂျင်စီနှင့်ချိတ်ဆက်၍ အလုပ်ခေါ်စာဖြင့် မြန်မာအလုပ် သမားများ သွားရောက်လုပ်ကိုင်လျက်ရှိပါသည်။MOUရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

မေး တရုတ်အထည်ချုပ်တွေဆီကို Pilot Project နဲ့ အလုပ်သမားလွှတ်တာရှိတယ်လို့ သိရ ပါတယ်။ အဲဒီအခြေအနေလေးလည်း သိပါရစေရှင်။

ဖြေ လက်ရှိတွင် တရုတ်နိုင်ငံ တက်ဟုန်းပြည် နယ်ခွဲ အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရတို့မှ MOU လက်မှတ်ရေးထိုးပြီး အေဂျင်စီများမှ တရားဝင် စေလွှတ်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဖြေကြားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထောက်ကြံ့တွင် လမ်းပြောင်းပြန်မောင်းလာသော YBS 35 နှင့် စက်ရုံဖယ်ရီကားတို့ မျက်နှာချင်းဆိုင်တိုက်မိ၍ တစ်ဦးသေဆုံးကာ လူ(၃၀)ကျော် ထိခိုက်ဒဏ်ရာရ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved