Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
VOA-RFA (၄၀) ကျော်နှင့် BBC (၂၄) သို့မဟုတ် ပဋိပက္ခအားပေးလှုံ့ဆော်မှု ရာခိုင်နှုန်းရှင်များ

NSS - ဇွန် ၁၁

လစဉ်ဖော်ပြပေးနေကျ သတင်းမီဒီယာ စစ်တမ်းအကြောင်းပါ။ ဧပြီလ(၂၁)ရက်ကနေ မေလ (၂၀) ရက်အတွက် လေ့လာဆန်းစစ်ထားတဲ့ စစ်တမ်းလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်စစ်တမ်းထဲမှာလည်း အဆင့်(က)အဖြစ်သတ်မှတ်ပေးထားတဲ့ BBC၊ VOA ၊ RFAတို့ကို ဦးစားပေးသုံးသပ်မှာဖြစ်သလို အဆင့် (ခ)အဖြစ်သတ်မှတ်ထားတဲ့ ခေတ်သစ်၊ မဇ္ဇျိမ၊ ဧရာဝတီ၊ ဒီဗီဘီ၊ မြန်မာနောင်း တို့ကိုလည်း ထည့်သွင်း လေ့လာထားပါတယ်။ “ လွတ်လပ်၍အမှီအခို ကင်းသော သတင်းမီဒီယာ” လို့ ခေါင်းစဉ် ခပ်လှိုင်လှိုင် တပ်ထားကြပေမယ့် သူတို့အားလုံးဟာ ဝင်ငွေရလမ်းကို ဘယ်သူကမှ တိတိပပ ထုတ်မပြောရဲကြပါဘူး။ သတင်းမီဒီယာလုပ်ငန်းဟာ အလှူခံစားရတဲ့ ပရဟိတလုပ်ငန်းမဟုတ်သလို ပရော်ဖက်ရှင်နယ် ပီသမှုကို ပြည်သူတွေဆီ ဝင်ငွေရလမ်းချပြနိုင်တာနဲ့ ရပ်တည်ကြရပါတယ်။ ဒါမှသာ လွတ်လပ်ပွင့်လင်းသော သို့မဟုတ် အမှီအခိုကင်းသော မီဒီယာလို့ အမည်သမုတ် ပါတယ်။

BBC ရဲ့ (၂၄)ရာခိုင်နှုန်း

မြန်မာသတင်းထောက်တွေကို ဗြိတိန်အစိုးရရဲ့ငွေနဲ့ ထမင်းကျွေးထားတဲ့ BBC ဟာ ဧပြီလ (၂၁) ရက်ကနေ မေလ (၂၀) ရက်အတွင်း သတင်းပုဒ်ရေ (၂၇၀)အထိ ဖော်ပြခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ် စာ မျက်နှာပေါ်ကနေဖော်ပြနေတဲ့ သတင်းပုဒ်ရေ(၂၇၀)ထဲမှာ အချက်အလက်မခိုင်မာဘဲ သတင်းရေးသား ဖော်ပြနေမှု (၈) ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အချက်အလက် မခိုင်မာမှုဆိုတာက ဥပမာပေးရရင် “BBC မြန် မာပိုင်း သတင်းထောက်တွေဟာ ငွေပေးပြီးခိုင်းရင် လိင်ကျွန်ပြုခံပေးဖို့အထိတောင် အသင့်ဖြစ်နေကြ တယ်” ဆိုသလိုမျိုးပါပဲ။ တကယ်တော့ BBC မြန်မာ သတင်းထောက်တိုင်းဟာ ငွေပေးတိုင်း အဲဒီလိုလုပ် မယ့် သူတွေမဟုတ်ဘူးဆိုတာ ယေဘုကျပြီးယုတ္တိတန်တဲ့ အတွေးမျိုးရှိရင် သိနိုင်ပါတယ်။ 

သို့သော်လည်း တစ်ဖက်သားကို ထိခိုက်နစ်နာစေချင်တဲ့ စိတ်ဆန္ဒပြင်းပြလာတဲ့အခါမှာ အချက် အလက် မခိုင်မာလည်း စွပ်စွဲရေးသားပြီး အပုပ်ချတာမျိုးကို ရည်ညွှန်းချင်တာပါ။ အလားတူ မြန်မာ နိုင်ငံတွင်းမှာ ပဋိပက္ခတွေ ပိုမိုမြင့်မားလာစေဖို့အတွက် BBC က အားပေးလှုံ့ဆော်တဲ့ သတင်းအမျိုး အစားပေါင်း(၂၄)ရာခိုင်နှုန်းအထိ ပါဝင်လာခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတွေအချင်းချင်း အပြန် အလှန်သတ်ဖြတ်မှုတွေဖြစ်စေဖို့အတွက် မြန်မာ ပြည်ဖွား BBC သတင်းထောက်တွေက လုပ်ဆောင် ခဲ့ကြတာပါ။ NUG-PDF တွေလုပ်သမျှ အမှားမရှိ သယောင်ယောင် လိမ်လည်လှည့်စားပြီး NUG-PDF အားပေးအားမြှောက်ပြုသော သတင်းအပုဒ် ရေပေါင်း(၁၆)ရာခိုင်နှုန်းအထိ ရေးသားခဲ့ပါသေးတယ်။ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုမရှိတဲ့ သာမန်သတင်းတွေရေးသားမှုက (၅၀) ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ BBC ရဲ့ဖော်ပြမှုထဲမှာ Reaction အများဆုံးဖြစ်ခဲ့တဲ့သတင်းမျိုးက “ကရင်နီ အမျိုးသမီး စနိုက်ပါ” ဖြစ်သလို Like (၂၆၅၀ဝဝ) ကျော်ရရှိခဲ့ပါတယ်။ ဗြိတိန် BBC ဖြစ်နေတဲ့အတွက်ကြောင့် မြန်မာ ကိုအကျိုးပြုဖို့ သူတို့ စဉ်းစားမှာမဟုတ်ဘူးဆိုတကတော့ သေချာနေပါတယ်။

အမေရိကန် VOA နှင့် RFA တို့ရဲ့(၄၀) ရာခိုင်နှုန်းကျော်သော ယုတ်မာမှု

VOA  သတင်းဌာနနဲ့ RFA သတင်းဌာနမှာ မြန်မာပြည်ကို ပြန်မလာတော့တဲ့ မြန်မာပြည်ဖွား သတင်းသမားတွေရှိထားသလို မြန်မာ့မြေထဲမှာ သွားလာနေထိုင်ပြီး အမေရိကန်အစိုးရရဲ့အရိပ်ကို ခိုနေရ သူတွေ ရှိနေပါတယ်။ 

VOA ဟာ ရက်ပေါင်း(၃၀)အတွင်းမှာ သတင်းပုဒ်ရေ(၂၂၁)ပုဒ်ကို ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ဖော်ပြခဲ့ ပါတယ်။ (၉)ရာခိုင်နှုန်းကတော့ အချက်အလက် မခိုင်မာတဲ့သတင်းတွေဖော်ပြမှုဖြစ်ပြီး (၄၆) ရာခိုင်နှုန်း ကတော့ ပဋိပက္ခဖြစ်စေဖို့ အားပေးလှုံ့ဆော်တဲ့ သတင်းတွေဖြစ်နေပါတယ်။ NUG-PDF တွေဘက်ကနေ ရပ်တည်ပြီး ဖော်ပြပေးတဲ့သတင်းကတော့ (၂၆)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ “ စစ်ဒဏ်သင့် လူငယ်တွေ အတွက် ဂီတအားမာန်” ဆိုတဲ့ သတင်း တစ်ပုဒ်ကတော့ Like (၂၈၀ဝဝ)ကျော်နဲ့ VOA အတွက် လူကြိုက် အများဆုံးဖြစ်ခဲ့ပါတယ်။ RFA ကလည်း သတင်းပုဒ်ရေ (၄၃၀)ဖော်ပြခဲ့သလို အဲဒီအထဲကနေ (၁၁) ရာခိုင်နှုန်းကတော့ အချက်အလက် မခိုင်မာဘဲ ရမ်းသမ်းရေးသားမှုတွေ ဒါမှမဟုတ် လိုရာ ဆွဲရေးသားမှု တွေ ဖြစ်ခဲ့ပါတယ်။ RFA သတင်း ထောက်တွေဟာ မြန်မာနိုင်ငံမှာ လူသတ်အကြမ်းဖက်မှုနဲ့ စစ်မက် ပဋိပက္ခတွေ ပိုမိုမြင့်မားစေဖို့အတွက် သတင်းပုဒ်ရေ(၆၀)ရာခိုင်နှုန်းလောက်အထိ လှုံ့ဆော်ရေးသား ခဲ့ကြပါတယ်။ 

အမေရိကန်အစိုးရ၊ လွှတ်တော်ကျောထောက်နောက်ခံငွေကြေးနဲ့ မြန်မာသတင်းထောက်တွေကို လစာကောင်းကောင်းပေးပြီး မြန်မာဘာသာနဲ့ သတင်းရေးသားဖြန့်ချီခိုင်းနေတဲ့ VOA နှင့် RFAတို့ ဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့ လူသားစံတန်ဖိုးတွေ၊ တိုင်းပြည်တစ်ပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုတွေကို လို လားကြပုံ မရပါဘူး။ အဆိုးဆုံးကတော့ အဲဒီမှာအလုပ်လုပ်နေတဲ့ မြန်မာသတင်းထောက်တွေပါပဲ။ သူတို့ဟာ မိခင်မွေးဖွားရာနိုင်ငံအတွက် တစ်ချက်က လေးမှစဉ်းစားပေးပုံမရဘဲ အမေရိကန်တို့အလိုကျ ဝါဒဖြန့်ချိပေးနေကြတာပါ။ 

ပြည်တွင်းမှာနေထိုင်ပြီး မြန်မာ့မြေကို မစွန့်ခွာတဲ့ လစာနည်း မြန်မာသတင်းထောက်တွေ ကိုလည်း စစ်တပ်အလိုကျ ဝါဒဖြန့်ချိသူတွေလို့ သူတို့ စွပ်စွဲခဲ့ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ အမေရိ ကန်တို့ပေးထားတဲ့လစာကိုယူပြီး အမေရိကန်တို့ရဲ့ Editorial ကို လွန်ဆန်နိုင်ခြင်းမရှိကြပါဘူး။ တစ် နည်းအားဖြင့် ပြည်တွင်းနေ မြန်မာသတင်းထောကတွေကို စစ်တပ်လော်ဘီလို့ သူတို့ကသုံးစွဲရင် သူတို့ ကကော ဘယ်သူ့ခိုင်းဖတ်ခွေး ဖြစ်နေသလဲဆိုတာ ပြန်ဆန်းစစ်မိကြပုံ မရတာပါ။

DVB - Irrawaddy ၊ Myanmar Now နှင့်Mizzima တို့ရဲ့သတင်း အဆင့်အတန်း

Myanmar Now က လွဲရင် (၈၈) အရေးအခင်းနဲ့အတူ ရှေ့ဆင့်နောက်ဆင့် ပေါက်ဖွားလာတဲ့ လူပုဂ္ဂိုလ်တွေက ဒီသတင်းဌာနတွေကို ဦးဆောင်နေကြတာပါ။ ပြောရရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တွေ၊ အလှူရှင် ဒိုနာတွေနဲ့ INGO အဝန်းအဝိုင်းတွေမှာ ငွေကြေးခေါင်းစဉ်တစ်ခုတည်းအတွက် လိုသလို ဘက်ပြောင်း ကျင်လည်ကြသူတွေပါပဲ။ DVB သတင်းဌာနဟာ သတင်းပုဒ်ရေ(၅၀၄)ပုဒ် ရေးသားခဲ့သလို (၁၅)ရာခိုင်နှုန်းသော သတင်းတွေဟာ အချက်အလက်မခိုင်မာခဲ့ပါဘူး။ ပဋိပက္ခဖြစ်စေဖို့ လှုံ့ဆော် အားပေးရေးသားမှုက (၄၂)ရာခိုင်နှုန်းအထိရှိခဲ့သလို NUG-PDF ဘက်ကနေ ရပ်တည်ရေးသားမှုက (၂၁) ရာခိုင်နှုန်းရှိခဲ့ပါတယ်။ 

မီဒီယာဓားပြဗိုလ် ဦးအောင်ဇော်ရဲ့ The Irrawaddy ကတော့ သတင်းပုဒ်ရေ(၆၇၅)ပုဒ် ဖော်ပြခဲ့ မှုမှာ (၃၆)ရာခိုင်နှုန်းက လိုရာဆွဲရေးတဲ့ အချက်အလက်မခိုင်မာမှုကို ဦးတည်ခဲ့ပါတယ်။ (၂၆)ရာခိုင်နှုန်း ကတော့ ပဋိပက္ခတွေဖြစ်လာစေဖို့ လှုံ့ဆော်အားပေးခဲ့သလို (၂၅) ရာခိုင်နှုန်းကတော့ NUG-PDF ဘက်ကနေ ရပ်တည်ရေးသားပြခဲ့တာပါ။ ဘာသာရေး လှုံ့ဆော်သူ ကိုဆွေဝင်းရဲ့ Myanmar Now  က လည်း သတင်းပုဒ်ရေ(၁၇၉)ပုဒ်ဖော်ပြခဲ့တာမှာ (၃၉) ရာခိုင်နှုန်းက ပဋိပက္ခကို လှုံ့ဆော်အားပေးခဲ့ပါ        တယ်။ 

NUG-PDFဘက်ကနေ ရေးသားခဲ့တာကတော့ (၂၆) ရာခိုင်နှုန်းရှိပါတယ်။ အိန္ဒိယ မွေးစားသား ဦးစိုးမြင့်ရဲ့ Mizzima ကလည်း သတင်းပုဒ်ရေ (၅၈၄)ပုဒ်ဖော်ပြခဲ့တာမှာ (၂၇)ရာခိုင်နှုန်းက အချက် အလက်မခိုင်မာဘဲ စွပ်စွဲအပုပ်ချ ရေးသားမှုတွေသာ ဖြစ်ခဲ့ပါတယ်။ NUG-PDF တွေဘက်ကနေ ထောက် ခံအားပေးရေးသားမှုက(၂၆)ရာခိုင်နှုန်းရှိခဲ့သလို မြန်မာနိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုတွေ ပိုမိုဖြစ်ပွား စေဖို့အတွက် (၂၆)ရာခိုင်နှုန်းအထိ လှုံ့ဆော်ခဲ့ပါတယ်။ 

လှုံ့ဆော်မှု အားကောင်းနေဆဲ Yangon Khit Thit သတင်းဌာန

၂၀၂၁ အခင်းအကျင်းပေါ်လာပြီးနောက်ပိုင်းကို သာလွန်စောင်းထက်ရဲ့ ခေတ်သစ်သတင်းဌာန က အခြားသောသတင်းဌာနတွေထက် ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားပါတယ်။ ကိုယ်တိုင် ကိုင်တွယ် အုပ်ချုပ်နေတာ ဟုတ်ပါ့မလားလို့ သံသယရှိစရာကောင်းလောက်အောင် ကိုသာလွန်စောင်းထက်ရဲ့ သတင်းခန်း စီမံခန့်ခွဲမှုက မြန်ဆန်လွန်းနေတာပါ။ နေ့ည အချိန်မရွေး ဟုတ်သည် မဟုတ်သည် သတင်း အစုံကို မရပ်မနားဖော်ပြနေတာကြောင့်ပါပဲ။ ခေတ်သစ်သတင်းဌာနဟာ ရက်ပေါင်း (၃၀)အတွင်းမှာ သတင်းပုဒ်ရေ(၉၀၅)ပုဒ်အထိ စံချိန်တင်လောက်အောင် ဖော်ပြခဲ့ပါတယ်။ သတင်း ရေးသားနည်း ကျင့်ဝတ်အသစ်တွေကိုပါ မြင်တွေ့ရတဲ့အထိ ထူးခြားလွန်းနေတဲ့ ခေတ်သစ်ဟာ အချက်အလက် မခိုင်မာဘဲ လိုရာဆွဲရမ်းသမ်းရေးသားမှုအဖြစ် (၃၀)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ 

ဥပမာအားဖြင့် “တိုက်ပွဲဖြစ် စစ်သား ၂၀ သေဆုံး” လိုမျိုး ပုံစံတူသတင်းတွေဟာ ရာနဲ့ချီရှိခဲ့ပါ တယ်။ အဲဒီသတင်းတိုင်းမှာလည်း သူတို့ကိုယ်တိုင် အချက်အလက်မခိုင်မာကြောင်း ဝန်ခံထားပါတယ်။ မြေပြင်မှာရှိနေတဲ့အဖွဲ့အစည်းတွေရဲ့ပြောကြားချက် အရသာဖော်ပြထားခြင်းဖြစ်ပါတယ်လို့ သူတို့ ကိုယ် တိုင်မသိကြောင်း ဖော်ပြထားတာပါ။ ပဋိပက္ခဖြစ်စေရန်လှုံ့ဆော်ရေးသားမှုအဖြစ် ခေတ်သစ်သတင်းဌာန က(၃၃)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ NUG-PDF ကို ထောက်ခံအားပေးရေးသားမှုကတော့ (၂၄)ရာခိုင်နှုန်း ရှိပါတယ်။ ခေတ်သစ်သတင်းဌာနရဲ့ဖော်ပြချက်တွေကတော့ အံ့အားသင့်စရာကောင်းလောက်အောင် မြန် ဆန်လွန်းနေသလို ဒီလိုစီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းမျိုး ကိုသာလွန်စောင်းထက်မှာ ရှိနေပါရဲ့ လားလို့ သံသယလည်း ဖြစ်မိစေပါတယ်။

ဒီတစ်ပတ်အတွက်တော့ အချက်အလက်တွေကို ဒီလောက်နဲ့ပဲ ရပ်နားပါတယ်။ သတင်းဌာန တစ်ခုဟာ ကိုယ်ပိုင်ဝင်ငွေရလမ်းကို အလှူခံခြင်း၊ တောင်းရမ်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားသဖြင့် ရ ယူခြင်း၊ နိုင်ငံခြား အထောက်အပံ့ရယူခြင်း အစရှိတဲ့ လုပ်ရပ်တွေကိုလုပ်ဆောင်ထားရင် လွတ်လပ်ပွင့် လင်း ပြီး အမှီအခိုကင်းတဲ့သတင်းဌာနလို့ အမည်ခံရလေ့ မရှိပါဘူး။ လွတ်လပ်ပွင့်လင်းပြီး အမှီအခိုကင်း တယ် လို့ကြေညာခဲ့ရင် အစစ်အဆေးခံရဲဖို့လည်းလိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ သတင်းဌာနမဟုတ်ဘဲ ဝါဒဖြန့် ချိရေးသက်သက်သာဖြစ်တယ်ဆိုတာ သတင်းစာပညာအရ သိစေဖို့ ပြည်သူလူထုထံ အသိပေးပါတယ်။     


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သန်လျင်တံတားကို ရှော့တိုက်ဒုံးနဲ့ ပစ်မယ့်အဖွဲရဲ့ ကံကြမ္မာနဲ့ ဗိုလ်ချူပ်မှူးကြီးရဲ့ ဘုန်းကံ ၊ မဲဆောက်နွေဦးတမာန် ထောက်ပိုအဖွဲရဲ့ ဖြစ်ရပ် ၊ ဒိုက်ဦးက မုဒိမ်းမှု ၊ မေမီကိုကိုရဲ့ အလှပြင်ဆိုင် (၁၁-၆-၂ဝ၂၄)

RECENT POSTS
ဖိလစ်ပိုင်အစိုးရရဲ့လုပ်ရပ်တွေကို တရုတ်အစိုးရ သတိပေး
27 Jul 2024
ရုရှားထံကသိမ်းယူထားတဲ့ငွေကြေးများအနက်မှ ဒေါ်လာ (၁ ဒသမ ၆)ဘီလျံအား ယူကရိန်းကို ကူညီထောက်ပံ့ပေးခဲ့ဟု ဥရောပသမဂ္ဂပြော
27 Jul 2024
ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်းရှိ အုတ်တံတိုင်းပြိုကျ၍ ကား(၆)စီးပိမိမှုဖြစ်ပွား
27 Jul 2024
နေတိုးထောက်လှမ်းရေးလေယာဉ်သည် ပင်လယ်နက်အတွင်း ကြားဖြတ်ပျံသန်းမှုများပြုလုပ်ခဲ့
27 Jul 2024
အမေရိကန်မှ ယူကရိန်းထံ ပေးပို့လိုက်သော အတွဲလိုက်ဗုံးများကို ဂျာမန်ပိုင်နက်မှတစ်ဆင့် ရွှေ့ပြောင်းခြင်းများလုပ်ဆောင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ
27 Jul 2024
ဘားအံမြို့တွင် ရေကြီးရေကြီးရေလျှံမှုများ‌ကြောင့် ဒေသခံများစွာကို ရေဘေးရှောင်စခန်း(၆)ခုသို့ ပြောင်းရွှေ့ထားရ
27 Jul 2024
ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခံရကာ တရားစွဲဆိုခံရ
27 Jul 2024
ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
27 Jul 2024
သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်
26 Jul 2024
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်
26 Jul 2024
ဘင်းမ်စတက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လားရှိုးနဲ့မိုးကုတ်အခြေအနေကို သိချင်သလား၊ ရိုးမအုပ်စုခေါင်းဆောင် ဦးသိန်းဝေ ရာထူးမှအနားယူ၊ ထိုင်ဝမ်ကမ်းလွန်မှာ သင်္ဘောနစ်မြုပ်မှု မြန်မာ(၉)ဦးပါဝင်
26 Jul 2024
မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ
25 Jul 2024
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
25 Jul 2024
သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
25 Jul 2024
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်
25 Jul 2024
အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို
25 Jul 2024
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော
25 Jul 2024
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
25 Jul 2024
အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
25 Jul 2024
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
25 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved