Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်နိုင်ငံကို ကမ္ဘာ့အဆင့်ပြန်ရောက်အောင် ကြိုးပမ်းမယ်ဆိုတဲ့ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

ဂျန်ဇက် (NSS) - ဇူလိုင် ၂၄

ဗြိတိန်နိုင်ငံမှာ ဇူလိုင်(၄)ရက်နေ့က ကျင်း ပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲအတွင်း လေဘာပါ တီဟာ အဓိက ပြိုင်ဘက် ကွန်ဆာဗေးတစ်ပါတီကို မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့ပြီးနောက် လေဘာပါတီ ခေါင်းဆောင်ဖြစ်သူ ဆာကီယာ စတားမာဟာလည်း ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့ပါတယ်။ 

ဆာကီယာ စတားမာဟာ ဥပဒေပညာရှင် တစ်ဦးဖြစ်ခဲ့ပြီး(၂၀၂၀)ပြည့်နှစ်မှာ လေဘာပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရကာ အတိုက်ခံပါတီခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဆာကီယာ စတားမာကို (၁၉၆၂)ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် (၁၆) နှစ်အရွယ်တည်းက လေဘာပါတီကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူ့ဖခင်က ကိရိယာတန် ဆာပလာတွေလုပ်သူဖြစ်ပြီး မိခင်က သူနာပြုတစ်ယောက်ပါ။ ၎င်းဟာ ငယ်စဉ်ကလေးဘဝက တခြားသူတွေလို ဇိမ်ခံ အိမ်တွေမှာနေထိုင်ကြီးပြင်းခဲ့ရသူမဟုတ်ဘဲ အင်္ဂလန် အရှေ့တောင်ပိုင်း ဆာရေးနယ် အောက်စတက်မြို့လေးက သာမန် နှစ်လုံးတွဲ အိမ်တစ်လုံးမှာ ကြီးပြင်းခဲ့ရသူလို့ဆိုပါတယ်။

သူရဲ့အမေက ရှားပါးတဲ့ Stills disease လို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံအားပျက်စီးတဲ့ ဝေဒနာကိုခံ စားခဲ့ရပြီး နောက်ဆုံးမှာတော့ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရကာ အခက်အခဲ တွေကိုရင်ဆိုင်ခဲ့ရပါတယ်။ စတားမာ အထက်တန်းရောက်တဲ့အခါ ပညာထူးချွန်သူတွေတက်ခွင့်ရတဲ့ အစိုးရ Grammar School ဝင်ခွင့်ရခဲ့ပြီး သူတက်ခဲ့တဲ့ ကျောင်းဟာ သူ ရောက်ပြီးနှစ်နှစ်အကြာမှာ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်း ဖြစ်သွားခဲ့လို့ စတားမာရဲ့ကျောင်းလခကို သူ့အသက် (၁၆)နှစ်အထိ ဒေသဆိုင်ရာကောင်စီက ပေးဆောင်ခဲ့ ရတယ်လို့ဆိုပါတယ်။  အထက်တန်း အောင်တဲ့အချိန် မှာ မိသားစုထဲမှာ ပထမဆုံး တက္ကသိုလ်တက်နိုင်သူ ဖြစ်လာခဲ့ပြီး လိဒ်တက္ကသိုလ်မှာ ဥပဒေပညာဆည်း ပူးခဲ့ကာ နောက် ပိုင်းမှာတော့ အောက်စဖို့ဒ်တက္ကသိုလ် ဆက်တက်ခဲ့ပါတယ်။ သူဟာ (၁၉၈၇)ခုနှစ်မှာ  bar­r­ister တရားရုံး ရှေ့နေဖြစ် လာပြီး လူ့အခွင့်အရေး ဥပဒေကို အထူးပြုလေ့လာခဲ့ကာ ရှေ့နေလုပ်ရင်း ကာရေဘီယံနဲ့ အာဖရိကကိုသွားပြီး သေဒဏ် ကျခံနေ ရတဲ့အကျဉ်းသားတွေအတွက် ခုခံကာကွယ်ပေးခဲ့ပါ တယ်။ ကီယာစတားမာဟာ ဥပဒေပညာနဲ့ အများပြည် သူတွေကိုကူညီနိုင်ဖို့ ကြိုးပမ်းနေရင်း(၂၀ဝ၈)ခုနှစ် မှာတော့  ပြည်သူ့တရားစွဲဌာန ညွှန်ကြားရေးမှူး ဖြစ် လာပြီးနောက် ရာဇဝတ်မှုခင်းဆိုင်ရာ ဥပဒေရေးရာ ဆောင်ရွက်ချက်တွေကိုအကောင်းဆုံး လုပ်ဆောင်နိုင် တဲ့အတွက် (၂၀၁၄)ခုနှစ်မှာ ဗြိတိန်နိုင်ငံရဲ့ အမြင့်ဆုံး ဆုတစ်ခုဖြစ်တဲ့ ဆာဘွဲ့ကိုရရှိခဲ့ပါတယ်။

၎င်းဟာ (၂၀၁၅) ခုနှစ်မှာ လွှတ်တော်ကိုယ် စားလှယ်ဖြစ်လာခဲ့ပြီးနောက် လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင်ရဲ့ အတိုက်အခံဝန်ကြီးအဖွဲ့ မှာပါခဲ့ရာမှ ဗြိတိန်နိုင်ငံကို ဥရောပသမဂ္ဂကနေ ခွဲထွက်ဖို့ လုပ်ငန်းစဉ်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်မှာကျင်းပခဲ့တဲ့ ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီဟာ မျှော်လင့်မထားဘဲ ပြိုင်ဘက်ပါတီကိုရှုံးနိမ့်သွားတဲ့အတွက် ပါတီခေါင်းဆောင်ဖြစ်သူ ဂျယ်ရမီကိုဘင်ဟာ ပါတီခေါင်း ဆောင်နေရာကဖယ်ရှားခံရပြီး ဆာကီယာ စတားမာဟာ ပါတီခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

ဆာကီယာ စတားမာဟာလေဘာပါတီ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး အာဏာရပါတီဖြစ်တဲ့ ကွန်ဆာဗေး တစ်ပါ တီရဲ့ အဓိကအတိုက်အခံကောင်းပါတီ ဖြစ်လာခဲ့ပြီး(၂၀၂၄)ခုနှစ်ရွေးကောက်ပွဲမှာ လေဘာပါတီအနိုင်ရအောင်  ကြိုးပမ်း ပေးနိုင်ခဲ့ပါတယ်။  ဆာကီယာစတားမာက လေဘာပါတီကို ယုံကြည်ချက်၊ မျှော်လင့်ချက်တွေနဲ့ ခေတ်သစ်ဆီကိုဦး ဆောင်သွားမယ်လို့ ရွေးကောက်ပွဲအပြီး မိန့်ခွန်းမှာ ပြောဆိုကတိ ပြုခဲ့ဖူးသူဖြစ်သလို သူ့ကိုယ်သူ “အလုပ်သမား လူ တန်းစားနောက်ခံ”က လာသူဖြစ်ကြောင်း မကြာခဏ ပြောလေ့ရှိသူဖြစ်ပါတယ်။ စတားမာက ဝန်ကြီးချုပ်အဖြစ် တာဝန် ယူချိန်အတွင်း ရွေးကောက်ပွဲကာလအတွင်း ပေးခဲ့တဲ့ကတိတွေကို လက်တွေ့အကောင် ထည်ဖော်နိုင်ဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ 

ရွေးကောက်ပွဲအကြိုမဲဆွယ်စည်းရုံးရေး ကာလတုန်းက အလုပ်သမားတွေရဲ့အခွင့်အရေးပိုမို ကောင်းမွန်စေဖို့၊ ကလေးတွေ ပြုစုစောင့်ရှောက်မှု ပိုင်း၊ ပညာရေးပိုင်း၊ စွမ်းအင်၊ အခြေခံအဆောက်အအုံများ၊ စနစ်တွေနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်လုပ် ဆောင်မယ်လို့ လေဘာပါတီက ကြွေးကြော်ခဲ့ဖူးပါတယ်။ ဆာကီယာစတားမာက"ဗြိတိန်နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြောင်းလဲမှုတွေကိုချက်ချင်းလုပ်ဆောင်သွားမယ်။ ပြည်သူတွေဟာ စီးပွားရေးကျဆင်းမှု၊ ပြည်သူဝန်ဆောင်မှုပိုင်းမကောင်းမှုတွေကြောင့် စိတ်ဆိုးဒေါသဖြစ်နေရတယ်။ အဲဒီကိစ္စတွေကို ချက်ချင်းအပြောင်း အလဲ လုပ်ဆောင်ပြီး နိုင်ငံကိုပြန်လည် တည်ဆောက်သွားမယ်”လို့ ရွေးကောက်ပွဲအနိုင်ရချိန် မှာပြောဆိုခဲ့တဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ဖူးပါတယ်။ 

ဆာကီယာစတားမာဟာ ဝန်ကြီးချုပ်အသစ် အဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံကို ပြုပြင်ပြောင်း လဲမှုတွေနဲ့ အတူ ပြန်လည်တည်ဆောက်မယ်လို့ပြော ဆိုထားပေမယ့် ၎င်းရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအ များအပြားရှိနေဆဲဖြစ် ပါတယ်။ အဲဒီစိန်ခေါ်မှုတွေက တော့ ဗြိတိန်နိုင်ငံထဲကို အာဖရိကတိုက်ကနေ တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းသူတွေနဲ့ ပတ်သက်တဲ့လူ ဝင်မှုကြီးကြပ်ရေးပြဿနာ၊ ဗြိတိန်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဆန္ဒပြမှုပြဿနာ၊ ဗြိတိန်နဲ့ ဒေသအတွင်းနိုင်ငံများကြားဆက်ဆံရေး၊ ဗြိတိန်နဲ့ဥရောပ သမဂ္ဂအဖွဲ့ကြား ဆက်ဆံရေး၊ နိုင်ငံပြုပြင် ပြောင်းလဲရေးအစီ အစဉ်တွေ စတဲ့အချက်တွေဖြစ်တယ်လို့ ဗြိတိန်အခြေစိုက်မီဒီယာတွေကဖော်ပြထားပါတယ်။

ဆာကီယာစတားမာကတော့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ဗြိတိန်နိုင်ငံကို ကမ္ဘာ့အဆင့်နေရာမှာ ပြန်လည်ရောက်ရှိအောင်လုပ်ဆောင်သွာ ဖို့ဆုံးဖြတ်ထားလို့ စိန်ခေါ်မှုတွေကို စိုးရိမ်ကြောက်ရွံ့ မှုမရှိဘူးလို့ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ လေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါတီတို့ဟာ အဓိကပြိုင်ဘက်ပါတီဖြစ်ပြီး (၂၀၁၀)ပြည့်နှစ် နောက်ပိုင်းတည်းက ကွန်ဆာဗေး တစ်ပါတီဟာ ဗြိတိန်အစိုးရအဖွဲ့ကိုလွှမ်းမိုးခဲ့ရာ ဆာကီယာစတားမာ  လေဘာပါတီ ခေါင်းဆောင် အဖြစ်တာဝန်ယူချိန်ကျမှ လေဘာပါတီဟာ ဗြိတိန်အစိုးရအဖွဲ့ကို ပြန်လည်ဦးဆောင်ခွင့်ရခဲ့ တာဖြစ်ပါတယ်။ ဆာကီယာ စတားမာဟာ လေဘာပါတီ ခေါင်းဆောင်အဖြစ်ရွေးချယ်ခံရပြီးနောက် နှစ်နှစ်နီးပါး အတွင်းမှာပဲ လေဘာပါတီကို နှစ်ပေါင်း (၁၄)နှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ပြန်လည်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရာ အရည်ချင်းရှိ တဲ့ခေါင်းဆောင်တစ်ဦးလို့ သတ်မှတ်နိုင်ဖွယ်ရှိနေပါတယ်။ 

ကွန်ဆာဗေးတစ်ပါတီက ဝန်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ဝန်ကြီးတွေ တာဝန်ယူချိန်အတွင်း နိုင်ငံစီးပွားရေးဟာ ကမောက်ကမဖြစ်ခဲ့ရပြီး အစိုးရသက် တမ်းတစ်ခုအတွင်းမှာပဲ ဝန်ကြီးချုပ်သုံးဦးအထိ ပြောင်းလဲခဲ့ရပါတယ်။ ဗြိတိန် အခြေစိုက် think tank အဖွဲ့စည်းတစ်ခုဖြစ်တဲ့ Changing Europe ရဲ့ ဒါ ရိုက်တာတစ်ဦးဖြစ်တဲ့ မီနွန်က ‘ဝန်ကြီးချုပ် ဆာကီ ယာစတားမာဦးဆောင်တဲ့ အစိုးရအဖွဲ့အသစ်အတွက်တော့ ခက်ခဲတဲ့စိန်ခေါ်မှုတွေစတင်နေပြီဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကို ယခင်ထက်ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အ ခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ လွယ်ကူမှုတော့ ရှိမှာမဟုတ်ဘူး။ အချိန်ယူလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ ဆာကီယာစတားမာဦးဆောင်တဲ့ ဗြိတိန်အစိုး ရအဖွဲ့အသစ်ဟာ အသက်ရှူရမယ့်အချိန်တောင်ရှိမှာမဟုတ်ဘူး။ ဗြိတိန်ပြည်သူတွေဟာ ယခင်အစိုးရ လက်ထက် တွေ့ကြုံရင်ဆိုင်ရတဲ့ အရာတွေကိုစိတ် ပျက်နေလို့ အစိုးရအဖွဲ့အသစ်လက်ထက်မှာ အပြောင်းအလဲတွေကို လျင်လျင်မြန်မြန်လုပ်ဆောင်စေလိုတယ်’လို့ ပြောပါတယ်။ 

လက်ရှိအချိန်မှာ ဗြိတိန်ဝန်ကြီးချုပ်အသစ် အဖြစ်တာဝန်ယူမယ့် ဆာကီယာစတားမာဟာ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးချိန်ကပြောဆိုခဲ့တဲ့ကတိစကားတွေကို လက်တွေ့အကောင်ထည်ဖော်မှုနဲ့အတူ ယခင်အစိုးရလက်ထက်မှာ ယိုယွင်းကျဆင်း ခဲ့ရတဲ့ဗြိ တိန်နိုင်ငံရဲ့အခြေနေအရပ်ရပ်တွေကို လျင်လျင်မြန်မြန်နဲ့ ဘယ်လောက်အထိ ပိုမိုကောင်း မွန်အောင် စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။   


     

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငြိမ်းချမ်းရေး( မြန်မာ့ငြိမ်းချမ်းရေးခရီး အနီးအဝေး၊ အတိမ်အနက် သမိုင်းကောက်ကြောင်းများ နှင့် ခြေရာများ) ( အပိုင်း(၂) - ဇာတ်သိမ်းပိုင်း) (အခန်းဆက်‌ဆောင်းပါးရှည်)

RECENT POSTS
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’
07 Oct 2024
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား
07 Oct 2024
တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ (အင်တာဗျူး)
07 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved