Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်မှုမထမ်းဘဲ ပြည်ပသို့ တရားမဝင် ထွက်ခွာပါကဘာတွေကြုံရနိုင်လဲ . . . (အင်တာဗျူး)

Pearl (NSS) - ဖေဖော်ဝါရီ ၂၆

ပြည်သူ့စစ်မှုထမ်းဥပဒေကို နစကမှ အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ပြည်သူလူထုကြား၌ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေလျက်ရှိကြသည်။ ထိုသို့ စိုးရိမ်ပူပန်မှုများနှင့်အတူ လူငယ် လူရွယ်များသည်လည်း အိမ်နီးချင်းနိုင်ငံနှင့် အခြားသောနိုင်ငံများသို့ထွက်ခွာရန် ပြင်ဆင်စီစဉ်လာကြသည်ကို တွေ့ရှိနေရသည်။ ယင်းကဲ့သို့ ထွက်ခွာရန်စီစဉ်ရာတွင် တရားဝင်နည်းလမ်းဖြင့် ကြိုးပမ်းမှုရှိသကဲ့သို့ တရားမဝင်နည်းလမ်းများဖြင့်ပါ ထွက်ခွာရန် ပြင်ဆင်နေလျက်ရှိသည်ကို တွေ့နေရသည်။ ထို့ကြောင့် နိုင်ငံခြားသို့ တရားမဝင်နည်းလမ်းဖြင့်ထွက်ခွာပါက လူကုန်ကူးသူများ၏ သားကောင်ဖြစ်နိုင်သည့်အခြေအနေ အပါအဝင် တွေ့ကြုံနိုင်ဖွယ်ရှိသည့်အခြေအနေများကို ဦးညွန့်လှိုင် (ဒုတိယရဲမှူးကြီး-ငြိမ်း)၊ (လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးအဖွဲ့၊ အဖွဲ့မှူးဟောင်း) အား NSS က သီးသန့်တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။ 


မေး - ပထမမေးချင်တာက လူကုန်ကူးခြင်းဆိုတာက ဘယ်လိုမျိုးလဲပေါ့။ 

ဖြေ - လူကုန်ကူးတယ်ဆိုတာ လူလူချင်း လူ့အခွင့် အရေး ချိုးဖောက်တာ။ လူတွေကို ခေါင်းပုံဖြတ်တာကို လူကုန်ကူးတယ်လို့ ခေါ်တာ။ အဲဒီတော့ ရှည်ရှည် ဝေးဝေးပြောနေရင် အများကြီးပေါ့။ ကျွန်အဖြစ်ခိုင်း တယ်ဆိုတာ သမိုင်းမှာရှိခဲ့တယ်။ အဲဒါကြီးက ပျောက် သွားပြီးတော့ ၁၉၉၀ လောက်မှာ ဆိုဗီယက်ယူနန် ပြိုကွဲတော့ အဲဒီက ကလေးတွေ အရှေ့ကမ္ဘာခြမ်းကနေ အနောက်ဘက်ခြမ်းကို လူတွေရွှေ့ပြောင်းသွား လာတာကိုအကြောင်းပြုပြီးတော့ လူကုန်ကူးတာ ပြန်ပေါ်လာတယ်လို့ ကမ္ဘာမှာ ဒီလိုပြောကြတယ် ပေါ့နော်။ အဲဒီမှာ  UN က ဒီကိစ္စကြီးက ပြန်ပေါ်လာပြီ၊ လူကုန်ကူးမှုဖြစ်တာ။ အဲဒီတော့ ပိုဆိုးတာက ဟိုတုန်း က အလုပ်လုပ်ဖို့ပဲ လူကုန်ကူးတာ။ အခုကမဟုတ်ဘူး။ ကျွန်လို ခိုင်းဖို့အတွက်။ (၁)အဓိကက အဲဒီတုန်းက ဆိုရင် ဥရောပ အရှေ့ခြမ်းကဆိုရင် ကလေးမလေး တွေကို sex worker အဖြစ် ခိုင်းတဲ့အလုပ်ဖြစ်တော့ ကုလသမဂ္ဂက နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ convention လုပ် တယ်၊ လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးပရိုတိုကော ဆိုပြီးတော့ နောက်ဆက် တွဲစာချုပ်တစ်ခု လုပ်တယ်၊ နောက်တစ်ခါ တစ်ဆက်တည်းမှာပဲ ဖြစ်လေ့ဖြစ်ထရှိတာက လူမှောင်ခိုမှုဆိုတဲ့ ပရိုတိုကောတစ်ခုလုပ်တယ်။ အဲဒီ ပရိုတိုကောတွေက ၂၀ဝ၄ မှာမြန်မာပြည်က အဖွဲ့ဝင်ဖြစ်သွားတော့ လူကုန်ကူးမှုဆိုတာကို မြန်မာပြည်ကစပြီး initiate လုပ်တယ်။


မေး - ဘယ်လိုအခြေအနေမျိုးတွေမှာ  လူကုန်ကူးခံ ရဖို့များလဲ။  ဘယ်လိုလူတွေက လူကုန်ကူးခံရခြင်းရဲ့ သားကောင်တွေဖြစ်မလဲ။ 

ဖြေ - ယေဘုယျအားဖြင့်ပြောရရင် ဘယ်သူမဆို လူကုန်ကူးခံရနိုင်တယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲ ဆိုတော့ လူကုန်ကူးတဲ့ သဘောတရား ရည်ရွယ်ချက် က အသက်အရွယ်အားဖြင့် ကြည့်ရင်လည်း အသက် ငယ်တဲ့လူတွေက လူကုန်ကူးခံရတယ်လို့ ပြောတယ်။ သို့သော် မဟုတ်ဘူး။ လူကုန်ကူး တကယ်ခံရတဲ့ နယ် ပယ်မှာ အသက်ကြီးတဲ့ လူတွေကိုလည်း တောင်းစား ဖို့အတွက်ကူးတာ၊ နောက်ထပ် အရွယ်လတ် ၊ အရွယ် ကောင်းတွေကိုလည်း ခန္ဓာကိုယ်အစိတ်အပိုင်းထုတ် ဖို့ကူးတာတို့ အမျိုးမျိုးရှိတယ်။ အဲဒီတော့ အသက်အရွယ်နဲ့ ပတ်သက်ရင်တော့ အဓိက ကတော့ ဘယ်အသက်အရွယ်မဆို ကလေးတွေဆို ရောင်းစားဖို့၊ Organ  တွေထုတ်ဖို့ကအစ၊ အသက်အရွယ်က ဘာမ ဆို၊ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်တယ်။ နောက် ကျား၊ မ။ မိန်းကလေး၊ ယောကျာ်းလေး ဘယ်သူပို များလဲဆိုတော့ မိန်းကလေးက ပိုများတာပေါ့နော်။ မိန်းကလေးက (Industry Level)၊ Industry  Level  ဆိုတာ စက်ရုံအလုပ်ရုံမှာပဲဖြစ်ဖြစ်၊ Sex Industry  လို့ခေါ်တဲ့ လိင်နဲ့ပတ်သက်တဲ့ ဖျော်ဖြေရေးနေရာတွေ မှာဖြစ်ဖြစ် အမျိုးသမီးတွေက ပိုများတာပေါ့။ သို့သော် အခုနောက်ပိုင်းမှာ ဒီလုပ်အား ခေါင်းပုံဖြတ်တဲ့ လုပ် ငန်းတွေမှာလည်း ယောကျာ်းလေးတွေလည်း ပါလာတာပေါ့နော်။ နောက်တစ်ခါ လူကုန်ကူးခံရဖို့ကိုစဉ်းစား ရင် နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားဖြစ်မှုကိုကြည့်တဲ့အခါကျရင် စီးပွားရေးနိမ့်ကျတဲ့ တိုင်းပြည်၊ အခုလိုပဋိပက္ခ တွေဖြစ်နေတဲ့ တိုင်းပြည်။  ဒီတိုင်းပြည်က လူတွေက လူကုန်ကူးခံရဖို့ ပိုများတာပေါ့နော်။ ဘေးက ပတ်ဝန်း ကျင်နိုင်ငံတွေက စီးပွားရေးမြင့်နေမယ်၊ နိုင်ငံသားအ နေနဲ့ကြည့်ရင်လည်း စီးပွားရေး ပြဿနာ၊ လူမှုရေး ပြဿနာ၊ နိုင်ငံရေး ပြဿနာ ရှုပ်ထွေးနေမယ်ဆိုရင် အဲဒီနိုင်ငံက နိုင်ငံသားတွေဟာ လူကုန်ကူးခံရမှု အန္တရာယ်ပိုရှိတာပေါ့နော်။ နောက်တစ်ခါ လူကုန်ကူး တဲ့ဖြစ်စဉ်တွေက တော်တော်များများပြန်ကြည့်ရင် လူတွေရဲ့ awareness လူတော်တော်များများက လူကုန်ကူးနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ လူကုန်ကူးတာနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးမှု‌ပေါ့။ အဲဒါက လည်းပဲ အကြောင်းအရင်း တစ်ခုပေါ့နော်၊ အခုဖြစ်တဲ့ ကိစ္စတွေက ဒါပဲလေ။ နောက်တစ်ခါ ဘာခေါ်မလဲ။ ပညာအရည်အချင်းပေါ့နော်။ ပညာအရည်အချင်း ဆိုတာမှာ အဲဒါဆိုရင် ပညာတွေသိပ်တတ်လို့ လူကုန် ကူးခံရမှု မဖြစ်နိုင်ဘူးလား မဟုတ်ဘူးနော်။ ကျားဖြန့် ကိစ္စမှာဆို အားလုံးပညာတတ်တွေပဲ။ သို့သော် သူတို့ ဘာလဲဆို လောဘလေ၊ သူတို့ငွေရချင်တဲ့ လောဘကို အခြေခံပြီးတော့ လူကုန်ကူးခံရတဲ့ အကြောင်းရင်းဖြစ် သွားတာ။  အန်ကယ်တို့ တာဝန်ထမ်းဆောင်တုန်းက ကလေးမလေးတွေ သူတို့ မဲဆောက်မှာ အလုပ်လုပ် တယ်၊ ဒါပေမဲ့ မြဝတီကနေ မဲဆောက်ကိုနေ့ချင်းပြန် သွားလုပ်တာ။ အဲဒီတော့ သူတို့ကို မေးတယ်၊  လူကုန် ကူးခံရတော့ ဘန်ကောက်မှာဖြစ်တာ။  သူတို့ကိုအင် တာဗျူးလုပ်တဲ့အခါမှာ မေးတယ်၊ လူကုန်ကူးတဲ့အ ကြောင်း မသိဘူးလားဆိုတော့။ သိတယ်၊ ဘာလို့လဲဆို တော့ မဲဆောက်မှာလုပ်တာထက်စာရင် ဘန်ကောက် မှာလုပ်တာ (၂)ဆလောက် ပိုရတယ်၊ အဲဒါကြောင့် ဘန်ကောက်ကို လိုက်လာခဲ့တာဆိုတော့ သိပေမယ့် လည်းပဲ၊ ပညာရှိပေမယ့်လည်းပဲ ကိုယ့်လောဘပေါ် အခြေခံပြီးတော့ ငွေရလိုမှုနဲ့ သူတို့စည်းရုံးတဲ့အပေါ်မှာ မူတည်ပြီးတော့ လူကုန်ကူးခံရဖို့ အကြောင်းအရာတွေ ဖြစ်လာတာပေါ့။ 


မေး - ဟုတ်ကဲ့ ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တယ်။ အဲဒါပြီးတော့ လူငယ်တော်တော်များများက နယ်စပ် တွေကနေပြီးတော့ တခြားနိုင်ငံတွေကို တရားမဝင် သွားတာတွေရှိလာတယ်။ ဒါတွေအပေါ်မှာကော လူ ကုန်ကူးခံရနိုင်လား။ ဒါတွေအပေါ် ဘယ်လိုမြင်လဲ။ 

ဖြေ - ဟိုတစ်နေ့က မီဒီယာတစ်ခုက ပြောသွားတယ်။ အဲဒီလိုတွေ သွားကြတာရှိတယ်။ တချို့ကျတော့လည်း contact လုပ်တယ်၊ ဟိုဘက်ကလူတွေက လာခဲ့ကြ၊ ဟိုရောက်ရင် ဘတ်ကတ်၊ တရားမဝင်တော့ လာခဲ့၊ ဘတ်ကတ်ရမယ်၊ ဘတ်ကတ်ပြီးရင် CI လျှောက်မယ် CI ပြီးရင် Passport ပြောင်းမယ်။ အဲဒီလမ်းကြောင်း ကတော့ ပွင့်နေသေးတယ်ပေါ့။ အဲဒီလမ်းကြောင်းနဲ့ ချိတ်မိတဲ့လူတွေ ကတော့ လူကုန်ကူးခံရမှု ဖြစ်နိုင်ခြေ နည်းတာပေါ့နော်။ ဘာလို့လဲဆိုရင် သူတို့ အလုပ်အကိုင်ရဖို့ အခွင့်အလမ်းရှိတာပေါ့။ ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲနဲ့ ငါတို့တော့ ဒီမှာစစ်မှုထမ်းရမယ်၊ ချက်ချင်းပဲ စစ်မှုထမ်းရတော့မလို၊ ဒီနေ့၊ မနက်ဖြန်ပဲ တပ် ထဲဝင်ရတော့မလို စိတ်ထဲမှာ စိတ်ပူပြီးတော့ အတင်း သွားတယ်ဆိုရင် နယ်စပ်ကို တရားမဝင် ဖြတ်ရမယ်။ အဲဒါက နေရင်းထိုင်းရင်းနဲ့ Immigration ဥပဒေနဲ့ ငြိသွားတယ်။ အဲဒီမှာတင် သူတည်းခိုတဲ့ ပတ်ဝန်းကျင် က အာဏာပိုင်တွေ၊ သူတည်းခိုတဲ့ပတ်ဝန်းကျင်က Law Enforcement  လို့ခေါ်တဲ့ ဥပဒေ စည်းကမ်းထိန်း သိမ်းတဲ့အဖွဲ့တွေရဲ့ရန်ကိုလည်း သူကြောက်နေရ တယ်။ အဲဒီမှာလည်းပဲ ကောင်းတဲ့လူတွေ၊ စနစ်တ ကျဖမ်းဆီးမယ်၊ စနစ်တကျလွှဲပြောင်းမယ်ဆိုတဲ့ အရာရှိတွေ၊ အစိုးရဝန်ထမ်းတွေရှိသလို အဲဒီအပေါ်မှာပဲ ငွေညှစ်ပြီးတော့ သူတို့ကို ဟိုကတစ်ဆင့် ဒီပို့၊ ဒီကတစ်ဆင့် ဟိုပို့ လုပ်မယ်ဆိုရင် လူကုန်ကူးမယ့် လူတွေ အကြိုက်ဖြစ်သွားတာပေါ့။ ဟိုဘက်မှာ demand  ရှိတယ်။ ဒီဘက်က Supply ကလည်း အမှန်မှာ ဒီဥပဒေကို သေချာနားမလည်လို့ပေါ့နော်။ ဒီဥပဒေကို သေချာနားမလည်တဲ့အခါကျတော့ ငါတို့တော့ နက်ဖြန် သန်ဘက် တပ်ထဲကိုဝင်ပြီးတော့ ရှေ့တန်းထွက် စစ်တိုက်ရမယ်ထင်ပြီးတော့ အတင်း ပြေးတာလေ။ အဲဒီတော့ ဒီဘက်က Supply က ဥပဒေကြောင့် တွန်းအားပေးသလို။ ဟိုဘက်ကတော့  အလုပ်သမားလိုအပ်ချက်ရှိတယ်။ အဲဒီ  အလုပ်သမား လိုအပ်ချက်ကို အလွယ်တကူရမယ်။ အလွယ်တကူရ မယ်ဆိုတဲ့ ဟိုဘက်ကတော့ Pull Factor ၊ ဒီဘက်က တော့ Push Factor ပေါ့နော်။ အဲဒီသဘောအရ အများကြီး အန္တရာယ်ရှိတာပေါ့နော်။ အန္တရာယ်မရှိတဲ့ လမ်းကြောင်းလည်း မရှိဘူးမဟုတ်ဘူး ရှိတယ်။ အခုအခြေအနေမှာ ပိုပြီးတော့ အခက်အခဲရှိနေတာ ဘာလဲဆိုတော့ နယ်စပ်တွေကနေပြီးတော့ အလုပ်သမားတွေကို တရားဝင်ပို့တဲ့လမ်းကြောင်းကြီးကလည်း နည်းနည်းရပ်တန့်နေတယ်။ အခု ထိုင်းသံရုံးကနေ ဗီဇာလုပ်ပြီးတော့မှ လေကြောင်းလိုင်းနဲ့ပို့ဆိုတာ ပြန် ဖြစ်နေတယ်။ လုံခြုံရေးအခြေအနေရ၊ အဲဒါကြီးက လည်း ဒီဘက်က တရားဝင်အလုပ်သမားပို့တဲ့ အေဂျင်စီတွေအတွက် နည်းနည်းအခက်အခဲဖြစ်နေတယ်၊ ဒီဥစ္စာက သူတို့အတွက် တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုပဲ။  ဘာလို့လဲဆို အရင်တုန်းကဆို အလွယ် တကူပဲ နယ်စပ်ကနေ ကော့သောင်းက (၁၀ဝ)၊ မြဝတီက (၁၀ဝ)၊ တာချီလိတ်က (၁၀ဝ) အဲဒီလိုပို့နေ တာ။ အခုက ဒီကနေ တစ်နေ့မှ လူ (၄၀ဝ) ပဲပေးတာ တို့၊ သံရုံးက ဗီဇာပေးတာတို့။ လေကြောင်းလိုင်းက တရားဝင်သွားရင် လေဆိပ်လဝက ဖြတ်ရမယ်။ အဲဒီ procedure တွေအရ အဲဒါကြီးကလည်း အခက်အ ခဲဖြစ်နေတယ်။ လူတွေ တရားမဝင်သွားဖို့အတွက် Push Factor က ပိုများလာတာပေါ့။ ဥပဒေကလည်း Push လုပ်တယ်။ လုပ်ထုံးလုပ်နည်းတွေကလည်း Push လုပ်တယ်။ လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေး အခြေအနေတွေ ကလည်း တွန်းအားလို ဖြစ်နေတာပေါ့နော်။  

မေး - လူကုန်ကူးခံရပြီလို့ သိပြီဆိုရင်ကော ဒီဘက် က ဘယ်လိုမျိုးဆောင်ရွက်ပေးတာမျိုးတွေရှိလဲ။


ဖြေ - လူကုန်ကူးခံရပြီဆိုတာကိုတော့ သက်ဆိုင်ရာ ဟိုမှာရှိတဲ့ လူကုန်ကူးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ရှိတယ်။  DSI လို့ခေါ်တဲ့ Department of  Special Inves­tigation ဆိုတာကလည်းပဲ လူကုန်ကူးတိုက်ဖျက်ရေး လုပ်တာရှိတယ်။   Thai Royal Police ရှိတယ်။ အဲဒီ အဖွဲ့တွေက အကယ်၍များ သူတို့ လူကုန်ကူးခံရတယ်လို့ သံသယရှိလို့ ဖော်ထုတ်ဖမ်းဆီးမိရင် ဒီဘက်ကို inform လုပ်တာပေါ့။ သူတို့ကယ်ထားပြီဆိုရင် အဲဒီ အခါကျရင် Joint Investigation  လုပ်တာတို့၊ ဟို ဘက်မှာဆိုရင်တော့ လူကုန်ကူးသူ၊ လူကုန်ကူးခံရ သူမိတယ်ဆိုရင် လူကုန်ကူးတဲ့သူကို ဖော်ထုတ်ဖမ်း ဆီးတာပေါ့။ လုပ်တဲ့အခါ ဆက်စပ်ပြီးတော့ ဒီဘက်ကနေ ပွဲစားတွေရှိတယ်။ ဒီဘက်ကနေပို့တာတွေ ဘယ်သူဆိုပြီး လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ဒီဘက်ကနေ အမှုဖွင့်အရေးယူရတာတွေ လုပ်လို့ရတယ်လေ။ နောက် MOU ရှိနေတာကြောင့် MOU မှာပါတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ Standard Procedure တွေ အရ ပူးပေါင်းဆောင်ရွက်လို့ရတာတွေ အများကြီးရှိတယ်။ အဲဒါတွေက သက်ဆိုင်ရာတပ်ဖွဲ့တွေ၊ ဌာနတွေ က အလုပ်လုပ်ကြဖို့ပဲလိုတာ။ ရှင်းရှင်းပြောရရင် အီး မေးလ်ရှိတယ်လေ။ ဖုန်းတွေရှိတယ်လေ။ ဆက်သွယ် ပြီးလုပ်လို့ရတာပေါ့။ တကယ်သာ လူကုန်ကူးခံရရင် ဟိုဘက်က အရေးယူမှာပဲ။ ဟိုဘက်က အရေးယူသ လို ဒီဘက်ကိုလည်း သတင်းပို့မှာပဲ။ ဒါနှစ်နိုင်ငံ Information sharing လုပ်တဲ့ System ရှိပြီးသား။  Focal person တွေ ထားပြီးသား။ 


မေး - ခုနကပြောတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်ကနေ တရားမဝင်သွားတဲ့လူတွေကို လူကုန်ကူးခံရတာတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လို မျိုး ပြည်သူတွေကို Message ပေးချင်လဲရှင်။

ဖြေ - ဒီ awareness ဆိုတာ သိပ်အရေးကြီးတယ်လေ။ အန်ကယ်တို့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုတာက ၂၀ဝ၄ မှာစတဲ့အခါ အဲဒီအချိန်မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် မြန်မာပြည်ကနေ စပြီးစိတ် ဝင်စားပြီးတော့ စလုပ်တာပေါ့နော်။ ဩစတြေးလျရဲ တပ်ဖွဲ့က စာလာသင်ပေးတယ်။ လက်တွေ့အမှုတွေ စစ်ခိုင်းတယ်။ အဲဒီကနေ အန်ကယ်တို့ စလုပ်ဖြစ်ကြတာ။ အဲဒီတုန်းကကိုက ဘာလုပ်တာလဲဆိုတော့ အခြေခံ လူတန်းစားနဲ့ အခြေခံအဆင့်တွေမှာ awareness လုပ်တာ။ အဲဒီမှာ ဥပဒေက မပြဋ္ဌာန်း ရသေးဘူး။ ဥပဒေ မပြဋ္ဌာန်းရသေးခင်ကို awareness လုပ်တာ။ လူကုန် ကူးမှုဆိုတာဒါ၊ ဒီလိုဖြစ်ရင် လူကုန်ကူးမှုဖြစ်မယ်၊ ဒါတွေက လူကုန်ကူးမှုဖြစ်နိုင်ခြေရှိတာတွေ၊ ကမ္ဘာမှာ ဘယ်လိုပြဿနာတွေ ရှိတာတွေ၊ ဒါတွေက အဲဒီလို awareness လုပ်ရတာလေ။ အခုဟာက ဥပဒေကတော့ အသစ်မဟုတ်ဘူး။ ဥပဒေက အဟောင်း၊ သို့‌သော် အခုမှပြဋ္ဌာန်းတာ၊ အတည်ဖြစ်တာ၊ ဒီဥပဒေ ပြဋ္ဌာန်းမယ်ဆိုတဲ့အချိန်မှာ အမှန်က သက်ဆိုင်ရာ အစိုးရအနေနဲ့ ဒီဥပဒေပြဋ္ဌာန်းလိုက်ရင် ဘာတွေဖြစ် နိုင်ဖွယ်ရှိလဲ။ ဒါတွေက ကြိုတွက်ရမှာ‌လေ။ ဘာတွေ Challenge ရှိမလဲ၊  Risk  တွေ ဘာရှိမလဲ။ အဲဒါတွေ တွက်ချက်ပြီးတော့မှ အဲဒါတွေ အခင်းအကျင်းလုပ်ရ မှာ။ အဲဒီအခင်းအကျင်းတွေပြီးတော့မှ ဥပဒေကို ချပြရမယ်။ ဥပဒေကို ချပြပြီးရင်လည်း အဲဒီ ဥပဒေကို ပွင့်ပွင့်လင်းလင်းပြောရရင် ပြန်ကြားရေးဝန်ကြီးဌာန ရော၊ သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ထုတ်ပြန်နေတာပဲ။ သို့သော် ရပ်ကွက်ထဲမှာ လိုက်မေး ကြည့်လေ။ လူ (၁၀)ယောက်ကိုမေးလိုက် ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းပြတာကို ခင်ဗျားတို့နားထောင်ပြီး ပြီလားလို့ မေးလိုက်။ ဘယ်နှယောက်နားထောင်ပြီးပြီလဲ။ အဲဒီအဖြေကိုရရင် ပြန်ကြားရေးဝန်ကြီးဌာနက ဘာလုပ်သင့်လဲ စဉ်းစားလို့ရပြီ။ အဓိကက awareness ။ အဲဒီတော့ ဒီနေ့လူတွေသွားနေ၊ ကြောက်နေကြတာ သည် အဲဒီအသိပညာမရလို့။ နောက်တစ်ခါ အစိုးရက နေထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကိုလည်း လူတွေက စိတ်ပါဝင်စားမှုအားနည်းတယ်။ လူတွေစိတ်ပါဝင် စားအောင် လည်း အစိုးရဘက်က သိအောင်လုပ်တဲ့ နည်းတွေပေါ့နော်။ အဲဒါတွေက လိုနေတယ်လို့ အန် ကယ်က ထင်တယ်။ ရှင်းရှင်းပြောရရင် ရပ်ကွက်တွေမှာ၊ တိုက်တွေမှာဆိုရင် တိုက်မှူးတွေရှိတယ် လေ။ သူတို့ကို ရပ်ကွက်ရုံးတွေမှာခေါ် aware လုပ်မယ်။ ပြီးရင် သူတို့ကို ပန်းဖလက်တွေပေးလေ။ ချက် ချင်းအမှုထမ်းစရာမလိုဘူး။ နောက်မှ အမှုထမ်းလည်း ရတယ်။ ကျောင်းသွားတက်လည်းရတယ်။ ပြန်လာမှ အမှုထမ်းလည်းရတယ်။ မင်း အမှုထမ်းရင်တော့ ချက် ချင်းရှေ့တန်းပို့မှာမဟုတ်ဘူး။ ချက်ချင်း သေနတ် ကိုင်ခိုင်းမှာ မဟုတ်ဘူး။ ဒါတွေက လူထုစိတ်ကို relax  ဖြစ်မယ့် information မျိုးတွေကို ဖိလုပ်ရမှာလေ။ အဲဒီလိုမလုပ်ဘဲနဲ့ ဝါးတားတား သိပ်မပြည့်စုံတဲ့ သတင်းအချက်အလက်တွေပေးလိုက်ရင် လူတွေက အဲဒီလောက် ဥာဏ်မကြီးဘူး။ နောက်လူတွေက အခုချိန်မှာဘာဖြစ်လဲဆိုတော့ တခြား မီဒီယာပေါ့၊ နည်းမျိုးစုံနဲ့လွှင့်နေတဲ့မီဒီယာတွေကို သွားပြီးတော့ လူတွေကသာယာနေတယ်။ အဲဒီအထဲမှာ အမှန်တ ရားကအိပ်ပျော်နေပြီး အမှားက ကမ္ဘာပတ်နေတယ်ဆိုတာမျိုး။ သတင်းအမှားက ကမ္ဘာပတ် နေတယ်။ သတင်းအမှန်က အိပ်ပျော်နေတယ်။ အဲဒီလိုဖြစ်နေတယ်၊ အဓိက က  အားလုံးမသိကြတာ ပေါ့နော်။ ဟိုတစ်နေ့က ဆောင်းပါးတစ်ခုရေးတာ ဖတ်ရတယ်။ ဒီဥပဒေက အဓိကကတော့ စစ်မှုထမ်း တာနဲ့ ပြည်သူ့စစ်ကို ဆန္ဒရှိတဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ဆန္ဒရှိ တဲ့လူတွေကို ရည်ရွယ်ပုံရပါတယ်။ ဆိုလိုတာက တကယ်တမ်းက public မှာ ဒီအသက်အပိုင်းအခြားမှာပါဝင်တဲ့လူတွေဆို တကယ်သိအောင် လုပ်ပေးရမယ်။ နောက်တစ်ခါ ခြေခြေမြစ်မြစ်နဲ့ သိသင့်တဲ့အချက်တွေကို ခုနက အတွေးမှားသွားမယ့် လမ်းလွဲ သွားမယ့်အချက်တွေကို အဖြောင့်အတိုင်း အမှန်အ တိုင်းသိအောင် ရှင်းလင်းချက်လေးတွေ သွားရမယ်။ ဥပဒေက ကျုံ့ပြီးတော့ တိုအောင်ရေးထားတာ။ ဥပဒေဆိုတာ အကျဉ်းချုပ်ရေးထားတာ။ ဥပဒေဆိုတာ သိပ်အကျယ်ကြီး ရေးလို့မရလို့။ အဲဒီဟာရဲ့ Defination တွေ၊ ရှင်းလင်းချက်တွေ၊ နည်းဥပဒေတွေ လာမယ်လေ။ အဲဒါကိုလည်း ကြိုပြီးတော့ လူတွေကို သိအောင် လုပ်ဖို့လိုတယ်။ အခု လူတွေက အသိမှား၊ အမြင်မှားတွေနဲ့ ကြံကြောက်နေရတာပေါ့။ ကြံပြီး တော့ ကြောက်ပြီးတော့ အုံးအုံးထနေတာ။ တချို့ဆိုရင် ဒီနေ့မနက်တွေ့ခဲ့တာ အန်ကယ့်ထက်ကြီးတဲ့လူ တွေ၊ သူတို့သားသမီးတွေက ဆရာဝန်တွေ အင်ဂျင်နီ ယာတွေပဲနော်။ သူတို့တောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတာကို သိပ်နားမရှင်းဘူးလားမသိဘူး။ ရွာက ကလေးတွေဆိုရင် နက်ဖြန်ပဲ လာပြီးခေါ်တော့မယ်။ မဟုတ်ဘူးလို့။ အန်ကယ့် တူတွေ တူမတွေကိုလည်း လှမ်းပြောပြတယ်။ အဓိကကတော့ awareness မဖြစ်တာ။ awareness ဖြစ်အောင် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေက မလုပ်နိုင်တာ အားနည်းချက်ပေါ့။ 


မေး - လူကုန်ကူးမယ့်သူတွေက ဘယ်လိုလူမျိုးတွေ ကိုပစ်မှတ်ထားလဲ။ ဘယ်လိုအကြောင်းအရာမျိုးတွေ မှာ လိုက်ပြီးလှုပ်ရှားလေ့ရှိလဲ။ အခုဒီလို ဖြစ်စဉ်မျိုးကို ကြည့်လိုက်ရင် ပြည်သူ့စစ်မှုထမ်းဥပဒေဟာမျိုးဆို ရင် သူတို့အတွက် သူတို့အကြိုက်လို့ ယူဆလို့ရလား။

ဖြေ - သေချာတာပေါ့။  ဒီလူကုန်ကူးတဲ့သူတွေက ဘာခေါ်မလဲဆိုတော့၊ ကျွန်တော်တို့က လူကုန်ကူးခြင်း ကို Pull Factor, Push Factor တွေနဲ့ ပြောကြတယ်လေ။ အဓိက ဒီဇာတ်လမ်းမှာက ဘာလဲဆိုတော့ aware မဖြစ်တာ။ အသိပညာနည်းတဲ့ လူတွေ၊ ဒီဥပဒေနဲ့ပတ်သက်လို့ အသိပညာအားနည်းတဲ့ လူတွေကို ပစ်မှတ်ထားတာပေါ့။ မြန်မာနိုင်ငံမှာ ဘာတွေကတော့ အကျုံးဝင်နေပြီလဲဆိုတော့ လူငယ်တွေကြား ထဲမှာ (၁) အလုပ်အကိုင်အခွင့်အလမ်းမရှိတာ၊ (၂) ဝင်ငွေနည်းပါးတာ၊ နောက် ကုန်ဈေးနှုန်းတွေကြီးမြင့် တာ၊ အလုပ်လက်မဲ့ဖြစ်တာတွေ၊ ပညာရေနိမ့်ပါး တာတွေ အဲဒီအချက်တွေကတော့ လူငယ်တွေရဲ့လော ကထဲမှာ သွားပြီးတော့ နဂိုရှိပြီးသားလက္ခဏာတွေ ဖြစ်နေတယ်။ ဒီဥပဒေအပေါ်မှာ သေသေချာချာ နား မလည်တာကို အခွင့်ကောင်းယူလို့ရသွားပြီ။ တစ် ခါတစ်ခါ လူကုန်ကူးတဲ့ပွဲစားတွေက မြန်မြန်လာခဲ့တာ ကောင်းတယ်။ တော်ကြာရွာထဲလာပြီး တစ်ရွာငါး ယောက်တို့ မဖြစ်မနေပေးရမယ်ဆို ဘယ်လိုလုပ်မလဲ ရွာကနေအတင်းသွားတော့ဆိုတာမျိုးတွေ ဒီကြားထဲ သယ်မယ့်ကောင်တွေကလည်း အဆင်သင့်စီးပွားရှာ တာ။ ဒါကြောင့် နယ်စပ်ဂိတ်တွေကလည်း အစိုးရရဲ့ ဩဇာအာဏာသက်ရောက်မှုက အားနည်းနေပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ရှိနေပြီးတော့ အဲဒီ မှာလည်း သွားချင်ရာသွားတယ်။ ဟိုတုန်းက ထိုင်းမှာ လူတွေအများကြီးပုံနေတာကိုသိတဲ့အခါမှာ ၂၀ဝ၄ ခုနှစ်မှာ မြဝတီပြန်လည်လက်ခံရေးစခန်းဆိုတာကို ရဲချုပ်ဦးဆောင်ပြီးတော့ဖွဲ့တာ။ ပြန်လာခဲ့၊ ပြန်လာ ပြီးတော့မှ  တရားဝင်ပြန်သွားဆိုတာမျိုးတွေလုပ် တယ်။ ပြီးတော့ ရဲချုပ်ဦးဆောင်ပြီးတော့ တရားမ ဝင်သွားရောက်သူများ တားဆီးကာကွယ်ရေးအဖွဲ့ ဆိုပြီးဖွဲ့ပြီးတော့ (၆ မျဉ်းစောင်း)တွေဆို ဒီဘက်မလာ ရဘူး၊ အဲဒီလိုလုပ်လိုက်ခါမှ အဲဒီမှာ ဂိတ်ကျတဲ့ကောင် တွေက ခွင်တည့်ပြီးတော့ ခွင်သွားဖြစ်နေတာကိုလည်း စိတ်ပူရသေးတယ်။ မရိုးသားတဲ့ ဝန်ထမ်းတွေနဲ့သွား တွေ့ရင် သူတို့အတွက် ခွင်ဖြစ်သွားမှာလည်းရှိတယ်။ အဲဒါကတော့ ခုလည်း လုပ်တော့လုပ်နေတာပဲလေ။ လူငယ်တွေကို စစ်တာ ဆေးတာတွေ။ သို့သော် အကောင်းဆုံးကတော့ လူငယ်တွေက aware ဖြစ်ဖို့လိုတယ်။ အသေအချာ မလေ့လာတဲ့၊ ဗဟုသုတအားနည်း တဲ့လူငယ်တွေဟာ လူကုန်ကူးသူတွေရဲ့ အကြိုက်ဖြစ်သွားပြီး ခုနအချက်တွေမှာတော့ Push Factor လို့ခေါ်တဲ့ တွန်းအားထဲမှာတော့ ပညာရည်နိမ့်တာ၊ အလုပ်အကိုင်ရှားပါးတာ၊ စီးပွားရေးအရ အကျပ်အတည်းတွေဖြစ်နေတာ၊ နိုင်ငံရေး မတည်ငြိမ်တာ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တာဆိုတဲ့ အဲဒီအချက် တွေကတော့ အကျုံးဝင်နေပြီ၊ နောက်ဆုံးကတော့ သူတို့က လက်ရှိပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အပေါ်မှာ ကျေကျေလည်လည်နားမလည်တာက ပွဲစားတွေအကြိုက်ဖြစ်သွားတာပေါ့နော်။ 


မေး - ဘာများဖြည့်စွက်ပြီးတော့ ပြောချင်သေးလဲရှင်။

ဖြေ - အဓိကကတော့ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေး၊ လူကုန်ကူးမခံရ‌ရေးဆိုတာ လူတိုင်းက လူကုန်ကူးခံရနိုင်ဖွယ်ရှိတယ်ဆိုတာ သိဖို့လိုတယ်။ အရွယ်မရွေးဘဲနဲ့။ ပညာတတ်တွေလည်း လူကုန်ကူး ခံရတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးဝါး လောဘကြောင့်၊ အန်ကယ်တို့ ပတ်ဝန်းကျင်မှာတောင် ရွှေကုက္ကိုလ်မှာ ၃၅ သိန်းရတယ်ဆိုပြီးသွားတယ်။ ပြန်မလာဘူး။ ခုထက်ထိလုပ် နေသေးတယ်ဆိုတာ မျိုးတွေ ကြားနေရတယ်။ ပြန်လာသင့်ပြီနော်ဆိုလည်း မရဘူး။ လူကုန်ကူးခံရဖို့ လူတိုင်းမှာအန္တရာယ်ရှိတယ်။ ဒါကြောင့်မလို့ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေရှိဖို့လိုတယ်။ ကိုယ်ဟာ လူကုန်ကူးမှု အန္တရာယ်ကွင်းထဲကို အချိန်မရွေးရောက်သွားနိုင် တယ်။ အထူးသဖြင့်တော့ ခုချိန်မှာလူငယ်တွေဟာ အစိုးရထုတ်တဲ့အမိန့်တွေ၊ ဥပဒေတွေကို သေချာနား လည်အောင်ဖတ်ဖို့သင့်တယ်။ ကိုယ်က မသိရင်၊ နားမလည်ရင်လည်း သိတဲ့နားလည်တဲ့သူတွေကို မေးပြီးတော့မှ ရှင်းရှင်းလင်းလင်းသိမှသာလျှင် ဆုံး ဖြတ်သင့်တယ်ပေါ့နော်။ အဲဒီလိုမဆုံးဖြတ်ဘဲ တဇွတ် ထိုးလုပ်မယ်ဆိုရင်တော့ အန္တရာယ်ဟာ အချိန်မရွေး ကျရောက်နိုင်ပါတယ်။


ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင် ။    ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved