Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စားသုံးဆီဈေးနှုန်းပြဿနာ၊ မြောင်းဆီနဲ့ ဆီလောကအထွေထွေအကြောင်း (အင်တာဗျူး)

အေဝိုင်အီး၊ ယွန်း  (NSS) - ဖေဖော်ဝါရီ ၂၁ 


နိုင်ငံရေးအခြေအနေများ တည်ငြိမ်မှုမရှိသည့် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ စားအုန်းဆီဈေးနှုန်း တစ်စတစ်စ မြင့်တက်လာခဲ့သည်။ ပြည်တွင်းဆီထုတ်လုပ်မှု နည်းပါးသည့် အတွက် ဆီတင်သွင်းမှုကို တိုးမြှင့်တင်သွင်းလျက်ရှိသည်။ ထို့ပြင် အဆိုပါစားအုန်းဆီများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ ယင်းကဲ့သို့အကြောင်းအရာများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စားအုန်းဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် စားအုန်းဆီဈေး မြင့်တက်မှုများနှင့်ပတ်သက်၍ TheStatesman ဂျာနယ်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းအား တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။


မေး - ဆီနဲ့ပတ်သက်လို့ ပြည်သူလူထုသိရမယ့် အ ရေးကြီးဆုံးအချက်တစ်ချက်ရှိပါတယ်။ တစ်ဦးချင်း ဆီစားသုံးနှုန်း ဘယ်လောက်ရှိလဲ။ နှစ်စဉ် ဆီအမျိုး အစားနဲ့ စားသုံးနှုန်းက ဘယ်လောက်ရှိတယ်လို့ ခန့်မှန်းထားလဲ။ 

ဖြေ - လူတစ်ဦးစားသုံးနှုန်းကတော့ အကြမ်းဖျင်း တွက်ရင်တော့ တစ်ရက်ကို နှစ်ကျပ်ခွဲသားလောက် စားသုံးပါတယ်။ တစ်နှစ်စာဆိုလို့ရှိရင်တော့ တန်ချိန် (၁၀)သန်း ကျော်လောက်လိုပါတယ်။ သုတေသန ကုမ္ပဏီတစ်ခုနဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်ကို  survey လုပ်ဖူးတယ်။ ဘာတွေလုပ်လဲဆိုတော့ အသက် (၅၀) ဝန်းကျင် အိမ်ထောင်ရှင်မတွေကို ဈေးတွေမှာ လိုက်မေးတာပေါ့။ မေးတဲ့အခါမှာ အဓိက က ဘယ်ဆီကို အကြိုက်ဆုံးလဲ။ ဘယ်ဆီကို မကြိုက် ဆုံးလဲ မေးတယ်။ သူတို့အကြိုက်ဆုံးဆီကတော့ မြေပဲဆီ၊ နှမ်းဆီ။ မကြိုက်ဆုံးဆီကတော့ စားအုန်း ဆီပေါ့။ ဘယ်ဟာကို အများဆုံးဝယ်ယူသုံးစွဲလဲ။ သုံးစွဲ မှု အများဆုံးကတော့ စားအုန်းဆီပဲ။ ဘာလို့လဲဆို တော့ စားအုန်းဆီကတော့ ဈေးနှုန်းသက်သက်သာသာ နဲ့ ရနေတာဆိုတော့။ အဓိကသူတို့ ဝယ်ယူသုံးစွဲနေတာ ကတော့ စားအုန်းဆီပဲ။ ဒုတိယလောက်မှ မြေပဲဆီ၊ နှမ်းဆီက စားသုံးမှုရှိတာ။ အဓိက က ဒါကိုကြည့်ပြီး ပြောရမယ်ဆိုရင် စားသုံးသူတွေရဲ့အကြိုက်ကတော့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီပေါ့။ ဒါပေမဲ့ လက်ရှိ ကျွန်တော်တို့ နိုင်ငံရဲ့ဖွံ့ဖြိုးမှုအရ ကျွန်တော်တို့က စားအုန်းဆီကိုပဲ ဝယ်ယူသုံးစွဲနေရတဲ့ သဘောရှိတယ် ပေါ့။ အများအားဖြင့် စားသုံးသူအများစုက စားအုန်းဆီ ဝယ်ယူသုံးစွဲနေရတဲ့ သဘောရှိပါတယ်။ 


မေး - တစ်နှစ် တစ်နှစ်ကို ဆီက ခန့်မှန်းခြေ တန်ချိန် (၁၀)သန်းလောက် သွင်းနေရတယ်ဆိုတော့ သွင်းတဲ့ အခါမှာ ပြည်တွင်းကထုတ်လုပ်နိုင်တဲ့ ပမာဏရယ်၊ ပြည်ပက တင်သွင်းတာရယ် နှစ်ခုကိုယှဉ်မယ်ဆိုရင် ဘယ်ဟာကပိုများနေလဲ။ ပြည်တွင်းထုတ်လုပ်မှုက ဘယ်လောက်ရှိလဲ။

ဖြေ -  ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် (၂၀ဝဝဝ)(၃၀ဝဝဝ)ဝန်းကျင်လောက်ပဲရှိတယ်။ ကျွန်တော်တို့ လိုအပ်ချက်က တစ်လကို တန်ချိန်(၇၀ဝဝဝ) (၈၀ဝဝဝ) လောက်လိုတယ်။ ကျန်တဲ့ဟာကို ပြည်ပ ကနေပြီးတော့ ပထမတင်သွင်းတာက တန်ချိန် (၅၀ဝဝဝ) လောက်သွင်းတယ်။ အခုဆိုလို့ရှိရင်တော့ တန်ချိန်(၇၀ဝဝဝ) နီးပါးလောက် တင်သွင်းနေရတာ ပေါ့။ အဲဒီမှာဘာတွေရှိလဲဆိုတော့ စားသုံးသူ‌ပြည်သူ တွေ သုံးစွဲတာရှိတယ်။ မုန့်တွေဘာတွေလုပ်တဲ့ စက်မှု ကုန်ကြမ်းသုံး၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အတွက် တင်သွင်းရတာတွေရှိတယ်။ လိုအပ်ချက်တွေ ရှိတယ်။ အားလုံးပေါင်းလို့ရှိရင် တန်ချိန် (၇၀ဝဝဝ) (၈၀ဝဝဝ) လောက်ရှိတယ်။ ပြည်တွင်းထုတ်လုပ်မှုက တန်ချိန်(၃၀ဝဝဝ) ဝန်းကျင်လောက်ပဲ ထုတ်နိုင်တာ ဆိုတော့ ကျန်တဲ့ဟာကို ပြည်ပကနေတင်သွင်းရ တာပေါ့။ ၂၀၂၁ ဒီဇင်ဘာလမှာ ကျွန်တော်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူခဲ့တယ်။ အဲဒီအချိန်မှာ လက်ရှိ တန်ချိန်တင်သွင်းမှုကို ကျွန်တော်တို့က နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျှော့ချချင်တယ်၊ ပြည်တွင်းမှာ ဆီထွက်သီးနှံပိုမိုစိုက်ပျိုးထုတ်လုပ်ချင်တယ် အဲဒီအ တွက်ကြောင့် ကျွန်တော်တို့ ယခင်တုန်းက တန်ချိန် (၇၀ဝဝဝ) (၈၀ဝဝဝ) လောက်တင်သွင်းနေရာက တန်ချိန် (၅၀ဝဝဝ)အထိ လျှော့ချပြီးတင်သွင်းတယ်။ တင်သွင်းတဲ့အခါမှာ ကျွန်တော်တို့က ဘာတွေအခက် အခဲ တွေ့လာလဲဆိုတော့ နိုင်ငံခြားငွေဝယ်ယူရရှိမှု ခက်ခဲလာတယ်။ ဒီလိုနိုင်ငံခြားငွေဝယ်ယူရရှိမှု ခက်ခဲ လာတဲ့အတွက်ကြောင့် စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေ နိုင်ငံခြားငွေ ဝယ်ယူရရှိမှု လွယ်ကူအောင် ဆိုပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး တော့ ဗဟိုဘဏ်နဲ့ ညှိနှိုင်းတယ်။ ညှိနှိုင်းတဲ့အခါမှာ နောက်ဆုံး ဗဟိုဘဏ်ကနေပြီးတော့ စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို (၁၈၇၀) ရည်ညွှန်းဈေးနဲ့ နိုင်ငံခြားငွေရောင်းချပေးတယ်။ ရောင်းချ‌ပေးတဲ့အခါ မှာ အပြည့်အဝ ရောင်းချပေးတာမဟုတ်ဘူး။ ဥပမာ စားသုံးဆီ sector ကို ဒီတစ်ပတ်မှာ(၁၀)သန်းပေး လိုက်တယ်။ နောက်တစ်ပတ်(၂၀)ပေးရင်ပေးမယ်။ ဒေါ်လာရရှိမှုပေါ် မူတည်ပြီးတော့ ရောင်းချပေးတယ်။ ဒီလတော့(၈)သန်းရမယ်။ ဒီတစ်ပတ်တော့(၆)သန်း ရမယ်။ အဲဒါမျိုးတွေရောင်းချပေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က စားသုံးဆီတင်သွင်းပေးနေတဲ့ကုမ္ပဏီ တွေကို သင်္ဘောရောက်ရှိမှုနဲ့ အပတ်စဉ် ဆီရောက်ရှိမှု ကို senior လုပ်ပြီးတော့ သူတို့တင်သွင်းတဲ့ တန်ချိန် ပေါ်မူတည်ပြီး အချိုးကျ ပြန်လည်ပြီးတော့ စီစဉ် ဆောင်ရွက်ပေးလိုက်တယ်။ အဲဒီအချိန်တုန်းကတော့ နိုင်ငံခြားငွေက အဲဒီလို ရရှိပြီးတော့ တင်သွင်းခဲ့တယ်။ အဲဒီလိုတင်သွင်းပြီးတော့ ရောင်းချတဲ့အခါမှာ ကျွန်တော်တို့အသင်းကလည်း နိုင်ငံခြားငွေရရှိတဲ့ ဒေါ်လာနဲ့ညီမျှတဲ့ စားသုံးဆီတွေကို အသင်းကနေ ပြီးတော့ တာဝန်ယူပြီး  ဖြန့်ဖြူးပေးတယ်။ အဲဒီလို အစီအစဉ်နဲ့ တာဝန်ယူပြီး ဖြန့်ဖြူးပေးခဲ့တာက ၂၀၂၁ အောက်တိုဘာလ၊ နိုဝင်ဘာလလောက်ကစပြီးတော့ ၂၀၂၂ မတ်လလောက်အထိ ဖြန့်ဖြူးရောင်းချပေးခဲ့တယ်။ အဲဒီလိုဖြန့်ဖြူးရောင်းချတဲ့အချိန်မှာတော့ ကျွန်တော်တို့မှာ အပတ်စဉ်သတ်မှတ် ရည်ညွှန်းဈေး ဆိုတာရှိတယ်။ အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေး ဆိုတာ တစ်ပတ်အတွင်းမှာ နိုင်ငံခြားမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြား‌ဈေးပေါ့ နိုင်ငံခြားဈေးရဲ့ တစ်ပတ်စာကို ကျွန်တော်တို့က average ယူလိုက်တယ်။ ယူလိုက် ပြီးတော့ ဒီဘက်က နိုင်ငံခြားငွေဈေး (၁၈၇၀)နဲ့ ပြင်ပ ပေါက်ဈေးရယ် average လုပ်ပြီးတွက်ချက်ပြီးတော့ အပတ်စဉ် ရည်ညွှန်း ဈေးကို အမြဲတမ်းထုတ်ပြန်တယ်။ အဲဒီလိုထုတ်ပြန်တဲ့အခါမှာ ခုနဆောင်ရွက်တဲ့ အပတ်စဉ် ရည်ညွှန်းဈေးနဲ့ ဆောင်ရွက်တဲ့အခါမှာ အဲဒီကာလတွေပေါ့ ၂၀၂၁ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ၂၀၂၂ မတ်လလောက်အထိ စားအုန်းဆီဈေးနှုန်းက သတ်မှတ်ရည်ညွှန်းဈေးထက် (၆)ရာခိုင်နှုန်း ကနေ (၈)ရာခိုင်နှုန်းအထိပဲ မြင့်တက်ပြီးတော့ တည်ငြိမ်အောင် ဆောင်ရွက်ခဲ့နိုင်တာ တွေ့ရတယ်။ ဒါကတော့ ကျွန်တော်တို့ဆောင်ရွက်ခဲ့တဲ့ အားသာချက်၊ အားနည်းချက်လေးတွေ ပြောပြတာပေါ့။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့က စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေရဲ့ အစီအစဉ်အတိုင်း ဖြန့်ဖြူးရောင်းချနိုင်ခဲ့တယ်။ အဲဒီတုန်းကတော့ ရည်ညွှန်းဈေးကို (၂၁၀ဝ) သတ်မှတ်လိုက်တယ်ဆိုတဲ့ အခါမှာ စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီတွေက (၂၁၀ဝ)နဲ့ပဲ ပေးချေရတော့မယ်။ နိုင်ငံခြားငွေ ရောင်းချမှုရရှိမယ်။ အဲဒီနှုန်းထား ရရှိတဲ့အတွက် ကြောင့်မို့လို့ သူတို့လည်း နိုင်ငံခြားငွေ (၂၁၀ဝ)နဲ့ ရရှိပြီဆိုတဲ့အတွက်ကြောင့်မို့လို့ ကိုယ့်အစီအစဉ်နဲ့ပဲ ရောင်းတော့ဆိုပြီး ကျွန်တော်တို့ကစီစဉ်လိုက်တာ ပေါ့နော်။ အဲဒီလိုမျိုးဖြစ်သွားတဲ့ အချိန်မှာတော့ စားအုန်းဆီဈေးနှုန်းတွေကတော့ ဇူလိုင်လ၊ ဩဂုတ် လ၊ စက်တင်ဘာလ လောက်မှာတော့ ကြီးမြင့်လာတာ တွေ့ရတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း စားသုံးဆီဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အပေါ်မှာ ထိန်းကျောင်းမှုတွေ ရှိပါတယ်။ သက်ဆိုင်ရာဝန်ကြီး ဌာနတွေကလည်း ထိန်းကျောင်းမှုတွေရှိပါတယ်။ သို့ပေမယ့်လည်း စားသုံးဆီဈေးနှုန်းတွေက မြင့်တက် လာတဲ့အတွက်ကြောင့်မို့လို့ ဒီအချိန်မှာတော့ ကျွန်တော်တို့ရဲ့ အားနည်းချက်ပေါ့နော်။ ကျွန်တော်တို့ ရဲ့ အားနည်းချက်ရှိတယ်လို့ မြင်မိပါတယ်။ ဒါကြောင့် မို့လို့လည်း နောက်ပိုင်းတော့ စားသုံးဆီဈေးနှုန်းကို အတတ်နိုင်ဆုံးတည်ငြိမ်အောင် ပြန်ပြီးတော့ စားသုံးဆီကို ယခင် တန်ချိန်(၅၀ဝဝဝ)ကနေတိုးပြီးတော့ လက်ရှိမှာ တင်သွင်းနေတယ်။ ဖြန့်ဖြူးမှုပိုင်းမှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဦးစီးမှူးတွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လူဦးရေနဲ့ လိုအပ်ချက်အတိုင်းကို ကျွန်တော်တို့က တိုင်းဒေသကြီးနဲ့ပြည်နယ်ကနေ ပေးပို့လာတဲ့ ကိုယ် စားလှယ်စာရင်းများအတိုင်း အသင်းကနေပြီးတော့ စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီများ ပေးနိုင်တဲ့ဟာနဲ့ တွက်ချက်ပြီးတော့ အသင်းနဲ့ စားသုံးဆီတင်သွင်း ဖြန့်ဖြူးကြီးကြပ်ရေး ကော်မတီနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ အခုအချိန်မှာတော့ စားသုံးဆီဈေးနှုန်းတွေကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။ 


မေး - ပြီးခဲ့တဲ့ကာလတစ်ကြောလေးမှာ ကျွန်တော် သတိထားလိုက်မိတာက လူတွေကြားထဲမှာ ဆီပြတ်လပ်မှုဖြစ်တော့မယ်ဆိုပြီးတော့ ဖြစ်ခဲ့တယ်။ ဆီ ပြတ်လပ်မှုဆိုတဲ့ သတင်းလေးထွက်လိုက်တာနဲ့ ဆီဈေး တွေလည်း ခုန်တက်သွားပြီးတော့ လူတွေကြားမှာ လှုပ်ရှားသွားတယ်။ အဲဒီတော့ အသင်းအနေနဲ့ ဆီနဲ့ ပတ်သက်ပြီး ပြတ်လပ်မှုရှိနိုင်လား၊ မရှိနိုင်ဘူးလားဆို တာ လူထုကို ရှင်းရှင်းလင်းလင်း message ပေး နိုင်လား။

ဖြေ - ပေးနိုင်ပါတယ်။ နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွေ၊ သက်ဆိုင်ရာ နိုင်ငံပိုင်မီဒီယာ တွေနဲ့ အင်တာဗျူးလုပ်တဲ့အခါမှာလည်း ပြောပါ တယ်။ စားသုံးသူများကို ဘာများပြောချင်ပါသလဲဆိုတဲ့အချိန်မှာ ကျွန်တော်ပြောပါတယ်။ လက်ရှိမှာ နိုင်ငံ တော်အနေနဲ့ရော အသင်းအနေနဲ့ရော ပူးပေါင်းပြီး တော့ စားသုံးဆီတင်သွင်းမှုကို ပြည်တွင်းမှာ ဆီဖူလုံ အောင် ကျွန်တော်တို့တင်သွင်းနေပါတယ်။ ဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကိုလည်း ပိုပြီးတော့ အထွက် နှုန်းတွေတိုးလာအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းမှာဆီဖူလုံမှုကို ပြည်သူလူထု အနေနဲ့ စိတ်မပူပါနဲ့။ စားသုံးဆီကို ပြတ်လပ်မယ် ထင်ပြီးတော့ ပူပန်စိုးရိမ်စိတ်ကြီးစွာနဲ့ လိုတာထက် ပိုပြီးတော့ ဝယ်ယူစုဆောင်းတာမျိုး မလုပ်ကြဖို့ ကျွန်တော်အမြဲတမ်း ပြောပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟာကို စိုးရိမ်စိတ်နဲ့ဝယ်ယူစုဆောင်းရင်းနဲ့ စားသုံး ဆီဈေးနှုန်းတွေက မြင့်တက်သွားနိုင်တယ်ဆိုတဲ့ အကြောင်းကို အမြဲ message ပေးပါတယ်။ 


မေး - တစ်လကို တန်ချိန်(၇၀ဝဝဝ၀) (၈၀ဝဝဝ၀) လောက်လိုတယ်ဆိုတော့ လစဉ်လစဉ် တင်သွင်းမှု အတွက် နိုင်ငံခြားငွေကုန်ကျမှု ပျမ်းမျှ ဘယ်လောက်ရှိလဲ။ အဲဒီအတွက် နိုင်ငံခြားငွေကိုကော လုံလုံ လောက်လောက်ရရဲ့လား။

ဖြေ - နိုင်ငံခြားငွေကတော့ နိုင်ငံခြားဈေးနဲ့တွက်ရင် အခုချိန်မှာဆိုလို့ရှိရင် တစ်တန်ကို ပျမ်းမျှဒေါ်လာ (၁၀ဝဝ)နဲ့ ဆိုရင်တော့ နိုင်ငံခြားငွေ သန်း(၇၀)(၈၀)လောက်တော့ ရှိတာပေါ့။ နိုင်ငံခြားငွေကို နိုင်ငံတော် ကနေပြီးတော့ ယခင်တုန်းကတော့ ၅၀ ရာခိုင်နှုန်းကို (၂၁၀ဝ)နှုန်းနဲ့ရောင်းချပေးတယ်။ ကျန်တဲ့ ၅၀ ရာ ခိုင်နှုန်းကတော့ ပေါက်ဈေးနဲ့ရောင်းချပေးတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေစ ပြီး ၃၅ ရာခိုင်နှုန်းကို ၂၁၀ဝနဲ့ ထပ်မံရောင်းချ‌ပေးတယ်။ 


မေး - နောက်တစ်ခုက ပြည်ပကနေတင်သွင်းတဲ့ Quality ပိုင်း‌‌မှာ ပြည်သူလူထုရဲ့ သံသယတွေရှိ ပါတယ်။ ဆီက  Quality မီရဲ့လားပေါ့။ တစ်ခါတလေ မှာ ပြန်ကြော်ဆီတွေပြန်သုံးတာမျိုးတွေ အရည်အသွေး ညံ့ဖျင်းတဲ့ဆီတွေကိုသုံးတော့ လူတွေဟာ ကျန်းမာရေးထိခိုက်မှုဖြစ်တယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ ထောက်ပြချက်တွေလည်း တွေ့ရတယ်။ အဲဒါကကျတော့ ဆီအသင်းကိုပဲ အားလုံးကပြုံပြီးတော့ မြင်လာကြတယ်။ ဒါကိုကော ဆီနဲ့ပတ်သက်တဲ့ အရည်အသွေးပိုင်းကို ဘယ်လိုအာမခံချက်တွေနဲ့ သွင်းနေလဲ။

ဖြေ - အဲဒါနဲ့ပတ်သက်ပြီးတော့ ၂၀၁၀၊ ၂၀၁၁ ခုနှစ် ကတည်းက တင်သွင်းမှုပိုင်းမှာ ယခင်က ကျွန်တော်တို့ နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ တို့၊ တရုတ်တို့တင်သွင်းမှုဟာ စားအုန်းဆီ  Cloud Point 10 (IV 56) အဲဒီနောက်ပိုင်းမှာ ၂၀၁၁ လောက် ကနေစပြီးတော့ Cloud Point 8(IV 58)

ဖြစ်သွားတယ်။ Cloud Point လည်း ပိုမြင့်သွားတယ် IV လည်းပိုမြင့်သွားတယ်။ Cloud Point 

နည်းလေ ဆီ အရည်အသွေးကောင်းလေပဲ။ IV မြင့်လေ ဆီ အရည် အသွေးကောင်းလေပဲ။ အဲဒါကို ၂၀၁၁  ခုနှစ်လောက် တည်းကနေစပြီးတော့ ပြောင်းလဲတင်သွင်းလာတာ။ အိမ်နီးချင်းနိုင်ငံတွေတောင်မှ ပုံမှန် စားသုံးနေတာ Cloud Point 10 (IV 56)  ပဲစားတာ။ ကျွန်တော်တို့နိုင်ငံ အတွက်ကို special order မှာမှ နိုင်ငံခြားက လုပ်ပေးတာ။ ကိုဗစ်ကာလမှာဆိုရင် တော်တော်ခက်ခဲသွားတယ်။ ကျွန်တော်တို့အတွက် အော်ဒါလုပ်ပေးရတဲ့ စက်ရုံက ရှားတယ်။ သူတို့ဆီမှာက ပုံမှန်ထုတ်နေတာ Cloud Point 10 တွေချည်းပဲ ထုတ်နေတာ။ ကျွန်တော်တို့နိုင်ငံအတွက်ကို Cloud Point 8 ကိုသီး သန့် လုပ်ပေးရတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် တို့ကို ရောင်းတဲ့လူက တော်တော်ရှားသွားတယ်။ အဲဒီ တုန်းက ကိုဗစ်ဆိုတော့ ဟိုဘက်မှာလည်း စက်ရုံအလုပ်ရုံတွေက ပိတ်တဲ့အပိုင်း‌တွေ ပါတာပေါ့နော်။ အဲဒီ လိုမျိုးတွေအထိ ကျွန်တော်တို့က အရည်အသွေး ကောင်းတဲ့ဟာကို တင်သွင်းနေတာ။ ပြည်သူလူထုက ထင်နေတာက စားအုန်းဆီအညံ့တွေ လာတယ် ထင် နေတာ။ မဟုတ်ဘူး။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ တွေ တင်သွင်းတာထက် ပိုကောင်းတယ်။ မလေးရှား ဆိုလည်း Cloud Point 10 ပဲစားတာ။ အိန္ဒိယလည်း ဒါပဲ။ ကျွန်တော်တို့က သူတို့ထက်ပိုကောင်းတာကို ဝယ်ယူတင်သွင်းတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကို တင်သွင်းတဲ့ဆီက ပိုပြီးတော့ အရည်အသွေး ကောင်းတယ်။ အရည်အသွေးကောင်း မကောင်းကိုလည်း ကျွန်တော်တို့က FDA ကို အကြောင်းကြားပြီးသား။ စားအုန်းဆီရောက်ရှိလာတဲ့အခါမှာ မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းဆိုပြီး (MITS) ဆိုပြီးဖွဲ့စည်းထားတာ ရှိပါတယ်။ သူကနေပြီးတော့ သင်္ဘောတွေရောက်လာတဲ့အခါမှာ သင်္ဘောပေါ်မှာ ပါလာတာတွေကို စစ်တယ်။ ပြီးတော့မှ အထက်၊ အလယ်၊ အောက် ချိပ်ပိတ်တယ်။ ချိပ်ပိတ်ပြီးတော့ ကနဦးဓာတ်ခွဲခန်းမှာ စမ်းတယ်။ ကနဦး စစ်တာ မှန်တယ်ဆိုမှ အဲဒီဆီတွေကို ဆီကန်ထဲကိုထည့်တယ်။ ဆီကန်ထဲကိုရောက်တဲ့ အခါမှာလည်း အဲဒီလိုပဲ အ‌ပေါ်၊ အလယ်၊ အောက်ကို နမူနာယူပြီးတော့ ထပ်စမ်းတယ်။ ထပ်စမ်းပြီးတော့ တစ်ခါတည်းချိပ်ပိတ် မှတ်တမ်းမှတ်ရာတွေ တစ်ခါတည်းကပ်ပြီးတာနဲ့  FDA ကိုပို့လိုက်တယ်။ FDA မှာပြန်စစ်တယ်။ FDA မှာစစ်တဲ့အခါမှာ ခုနကျွန်တော်ပြောတဲ့ Cloud Point 8(IV 58) ဆိုတာမှန်သလား။ အဲဒါတွေမှန်တော့မှ စားသုံးလို့သင့်တယ်ဆိုပြီး ဖြန့်ဖြူးရောင်းချခွင့်‌ပေးတာပေါ့။ စနစ်တကျနဲ့ ဒီအပိုင်းမှာဆောင်ရွက် ထားပါတယ်။ အသင်းအနေနဲ့ရော နိုင်ငံတော်ဘက်ကရော ကျန်းမာရေးဝန်ကြီးဌာန ဘက်ကရော စနစ် တကျနဲ့ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် စားသုံးဆီ အရည်အသွေး ညံ့တယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး။ နောက်တစ်ခုက လူတွေပြောပြောနေတဲ့ မြောင်းဆီ မြောင်းဆီဆိုတာမျိုးပေါ့။ အဲဒါမျိုးတွေကို လည်း ရှင်းပြမယ်။ အမှန်ကတော့ မြောင်းဆီဆိုတာ တင်စားပြီးပြောတာပါ။ အဓိက က စားသုံးသူတွေကို လည်း အသိပညာပေးတာတွေ အများကြီးလုပ်ရဦး မယ်။ ဥပမာ အိမ်ရှင်မတွေက ဆီကိုအပြန်ပြန် သုံးနေတာပေါ့။ အိမ်မှာတစ်ခုခုကို ချက်လိုက်တယ်။ ကြော်လိုက်တယ်။ ပြီးရင် အဲဒီဆီလေးကို ပြန်ပြီးတော့ သိမ်းထားတယ်။ ပြီးရင်နောက်တစ်ခါ ပြန်ကြော်တယ်။ ဆီကအရောင်ပြောင်းနေပြီ ဆက်ချက်နေတုန်းပဲ။ အမှန်က မြောင်းထဲကို လွှင့်ပစ်ရတော့မယ့် ဆီတွေ။ နှစ်ပြန်လောက်ပဲကြော်တာ ကောင်းတယ်။ သုံးလေး ပြန်လောက်ကြော်ပြီးတဲ့အခါမှာ ဆီက အရောင်လည်း ပြောင်းသွားပြီ။ ဓာတ်တွေလည်းပြောင်းသွားပြီ။ စွန့်ပစ်ရမယ့်ဆီကို မစွန့်ပစ်ဘဲနဲ့ သုံးနေတဲ့အတွက်ကြောင့် မြောင်းဆီတွေကို သုံးစွဲနေတယ်ဆိုပြီး ပြောကြတာ ပေါ့။ အမှန်ကတော့ မြောင်းထဲကဆီကို ပြန်ပြီးတော့ လုပ်တာတော့မဟုတ်ပါဘူး။ အပြင်မှာကတော့ တင်စားကြတာပေါ့။ တရုတ်ပြည်ဘက်မှာတော့ မြောင်းဆီတွေကိုခပ်ပြီး ပြန်ချက်တာတို့ဘာတို့တော့ ကြုံဖူးတယ်။ ဒါပေမဲ့ ရပ်ကွက်ထဲမှာတော့ တစ်ခါမှ အဲဒီလိုမတွေ့ရပါဘူး။ 


မေး - ဆီနဲ့ပတ်သက်ရင် မလုပ်သင့်တာတွေလုပ်တဲ့ ဇာတ်လမ်းတွေလည်း ခဏခဏ ကြားရတယ်။ အသင်းက ကြီးကြပ်မှုအားကောင်းပေမယ့် အသင်းရဲ့‌ အောက်မှာမရှိတဲ့တချို့လူတွေကျတော့လည်း ထင် ရာစိုင်းနေကြတဲ့ သဘောပေါ့။ ဥပမာ ပြောရရင် အသုံးပြုပြီးသားဆီလိုဟာမျိုးတွေကို ပြန်ယူပြီးတော့ ဓာတုဆေးတစ်မျိုးထည့်ပြီး ပြန်ကောင်းအောင်လုပ်တာ မျိုးတွေ စသည်ဖြင့်ပေါ့။ သတင်းတွေကြားရတယ်။ သိမ်ကြီးဈေးမှာ ဝင်ဖမ်းတာမျိုးတွေပေါ့။ ဒီလိုဖြစ်စဉ်မျိုးတွေက အကြီးအကျယ် ပေါ်ပေါက်နေတော့ ဒီလို လုပ်တဲ့သူတွေနဲ့ ဆီအသင်းနဲ့ကို ရောထွေးရှုမြင်ပြီးတော့ ပြောလို့ရမလား။ ခွဲပြီးတော့ ဘယ်လိုပြောလို့ရမလဲ။

ဖြေ - ဓာတုအနံ့ဆိုတာရှိတယ်။ အနံ့အမျိုးမျိုးတွေ ရောင်းကြတာတွေရှိတယ်။ ဒီအနံ့အမျိုးမျိုးရောင်း တဲ့ဆိုင်တွေကတော့ တရားဝင်ရောင်းချနေတာပေါ့။ တရားဝင်ရောင်းချနေတယ်ဆိုတာ ဘာကိုဆိုလိုချင်လဲ ဆိုတော့ ဒီဓာတုအနံ့သည် မုန့်လုပ်တဲ့နေရာတွေမှာ သုံးတဲ့ဟာတွေ။ ဥပမာ ရေခဲမုန့်ဆိုရင် စတော်ဘယ်ရီ ရေခဲမုန့်၊ ဒူးရင်းသီးရေခဲမုန့်၊ သရက်သီးရေခဲမုန့်၊ ပူတင်းဆိုလည်း ပူတင်းတွေပေါ့ မုန့်လုပ်တဲ့နေရာမှာ ကိတ်မုန့်တွေလုပ်တဲ့နေရာမှာသုံးတယ်။ အဲဒီနေရာမှာ အနံ့ထည့်တာ။ ဒီအနံ့သည် FDA က စမ်းသပ်စစ်ဆေး ပြီးတော့ သူတို့ခွင့်ပြုထားတာ။ တရားဝင် FDA က စမ်းသပ်ပြီးတော့ ဒီအနံ့တွေကို ထည့်ခွင့်ပေးထားတာ။ ဒါတွေက ဘယ်နေရာမှာသုံးလဲဆို‌တော့ ရေခဲမုန့်လုပ်တဲ့ နေရာတွေမှာသုံးတယ်။ တခြားမုန့်တွေ အနံ့ထည့်တဲ့ နေရာတွေမှာသုံးတယ်။ စတော်ဘယ်ရီ ရေခဲမုန့် ဆို အနံ့လေးပဲထည့်လိုက်တာ။ ဒူးရင်းသီးဆိုလည်း အနံ့လေးပဲထည့်လိုက်တာ။ အဲဒီလိုပဲ မြေပဲထောပတ် ဆိုလည်း အနံ့လေးပဲသုံးလိုက်တာ။ ဒါတွေက တခြား မုန့်တွေလုပ်တဲ့အခါမှာ သုံးဖို့ ခွင့်ပြုထားတဲ့ဟာတွေ။ အဲဒါကို စားအုန်းဆီမှာကျတော့ ထည့်သွင်းခွင့်မရှိဘူး။ ဥပမာ စားအုန်းဆီထဲကို မြေပဲနံ့ထည့်လိုက်ရင် မြေပဲဆီ အနံ့ပေါက်သွားပြီ။ ဒါပေမဲ့ စားအုန်းဆီထဲကို ဒီ အနံ့ ထည့်လို့မရဘူး။ ထည့်လိုက်တာနဲ့ စားသုံးသူကို အန္တရာယ်ဖြစ်လား ဆိုတော့ အန္တရာယ်တော့မဖြစ်ဘူး။ ဒါပေမဲ့သူသည် စားသုံးသူကို လိမ်လည်ရောင်းချခြင်း ဖြစ်သွားတယ်။ ဥပမာ- စားအုန်းဆီဈေးနှုန်းကို ဒီ အနံ့လေးထည့်ပြီး မြေပဲဆီဈေးနှုန်း တက်ရောင်းလို့ သူသည် ပြစ်မှုမြောက်တယ်။ စားသုံးသူကာကွယ်ရေး ဥပဒေနဲ့ ငြိစွန်းတယ်။ စားသုံးသူကိုလိမ်လည် ရောင်း ချတဲ့ အပြစ်ဖြစ်သွားတယ်။ ကျွန်တော်တို့ကတော့ ဒါကိုမလုပ်ဖို့ကိုတော့ ကြပ်ကြပ်မတ်မတ်နဲ့ ဆောင်ရွက်ကြတာဖြစ်တယ်။ ဒါကတော့မလုပ်သင့်တဲ့ဟာတွေပေါ့နော်။ အဲဒါမျိုးလုပ်လို့ရှိရင် စားအုန်းဆီနဲ့ မြေပဲနံ့ နဲ့ ရောပြီး ရောင်းချင်လို့ရှိရင် တရားဝင်လုပ်ပါ။ ဥပမာ- စားအုန်းဆီက(၇၀)ရာခိုင်နှုန်းပါတယ် မြေပဲ က (၃၀) ရာခိုင်နှုန်းပါတယ် ရောတယ်ဆိုတာကို တရားဝင်ဖော်ပြရမယ်။ ဘူးသွတ်ဆီဖြစ်ရမယ်။ ပါကင် ပိတ်ထားရမယ်။ မြေပဲနံ့က ၃၀ ရာခိုင်နှုန်း ဘယ်လောက် ရာခိုင်နှုန်းဆိုတာ ဖော်ပြရမယ်။ ဥပမာ- မြေပဲနံ့က ၂၀ ရာခိုင်နှုန်းဆိုလည်း ၂၀ ရာခိုင်နှုန်းပါတယ် စားအုန်းဆီက ၈၀ ရာခိုင်နှုန်းဖော်ပြရမယ်။ ဒီပေါ်မှာပဲ တွက်ချက်ပြီးတော့ ရောင်းရမယ်။ စားသုံးသူကို အတိအလင်း ကြေညာရမယ်။ ဒါကိုလည်း စားသုံးသူ ကာကွယ်ရေးဥပဒေမှာ တစ်ခါတည်းပြဋ္ဌာန်းပြီးသား။ အဲဒီတော့ ကျွန်တော်တို့ကတော့ ရောနှောဆီ ရောင်းမယ် ဆိုရင်တော့ ဒီလိုခွက်မှောက်ခွက်လှန် ခွင့်မပြုပါဘူး။ တရားဝင် ဘူးသွတ်ပြီးတော့ FDA မှာ သွားပြီးတော့ မှတ်ပုံတင်ပြီးတော့မှ ရောင်းချဖို့ကို ခွင့်ပြုထားပါတယ်။ 

မေး -  ဆီနဲ့ ပတ်သက်ရင် ထုတ်လုပ်တဲ့ စက်ရုံကနေ စပြီးတော့ သင်္ဘော၊ သင်္ဘောကနေ ဖြန့်ချိရေး အဖွဲ့ တွေ ။ အဲဒီကနေ ဈေးထဲအထိ။ ဈေးထဲရောက်တော့ ဆီတွေက ပုံစံပြောင်းသွားတာမျိုးတွေ ၊ အဲဒီလိုမျိုးဖြစ်စဉ် လေးတွေ များသောအားဖြင့် တွေ့ရတယ်။ ဆိုလိုတာ က ဈေးထဲမှာရောင်းတဲ့ ဈေးသည်တွေကျတော့သူရောင်း တန်းဝင် အမြတ်ရဖို့တင်တာ။ စားအုန်းဆီကို  ပဲဆီဖြစ်အောင် Change ပစ်တာမျိုးတွေ။ ဒါမျိုးတွေ သက်တမ်းတစ်လျှောက်မှာ လေ့လာတွေ့ရှိမှုတွေ ရှိလား။

ဖြေ - အဲဒါမျိုးတွေ တချို့ကြားနေရတယ်။ အဓိက က ပြည်ပကနေ တင်သွင်းလာတယ်။ တင်သွင်းလာပြီး တော့ ကျွန်တော်တို့ဆီကို ရောက်တယ်။ FDAက စစ်ဆေးတယ်။ ဒီထိက ပြဿနာ မရှိသေးဘူး။ အဲဒီ ကနေ ဖြန့်ဖြူးလိုက်တယ်။ အဲဒီကနေ ဆီကန်တွေ ကနေ ပြန်ပြီးတော့ ပီပါတွေ ၊ ဒရမ်တွေနဲ့  ဖြန့်ဖြူးလိုက် တယ်။ အဲဒီ ဖြန့်ဖြူးတဲ့အပိုင်းမှာလည်း ဒီလောက် ပြဿနာမရှိသေးဘူး။ ဈေးကွက်ထဲရောက်သွားတဲ့ အခါမှာ ကျွန်တော်တို့ အတွေ့အကြုံအရဆို နည်းတော့ နည်းပါတယ်။ ဘာလို့ဆို အကုန်လုံးက ဒီအ တိုင်းကြီး ဖြန့်ဖြူးမှုအပိုင်းမှာ အကုန်လုံး သက်ဆိုင်ရာ သက်ဆိုင်ရာ အကုန်လုံးတစ်ခါတည်း ရောက်သွားကြတာ။ ဈေးတွေမှာ လက်လီရောင်းတာလည်း သူတို့ ခွက်မှောက်ခွက်လှန် ဖြစ်နေတာပေါ့နော်။ ခွက်မှောက် ခွက်လှန်ဖြစ်နေတဲ့အတွက်ကြောင့်မို့ ဈေးတွေမှာ တချို့ မသမာသူလုပ်တာတော့ အနည်းအကျဉ်းတော့ ရှိတော့ရှိမယ်ပေါ့နော်။ ဒါကို အတိအကျ တိုင်ကြားပါ ပြောပါဆိုတာကို အဲဒါမျိုး အတိအကျလာပြီးတော့ ပြောတာမျိုးမတွေ့ရဘူးပေါ့နော်။ အတိအကျ ဘယ် သူက ဘယ်လိုလုပ်နေပါတယ်။ ဘယ်လို ရောင်းနေပါ တယ်ဆိုတာမျိုးကို အတိအကျ ရောင်းနေတဲ့ဟာတွေ တွေ့ရင် ကျွန်တော်တို့ကို ပြောပါဆိုတဲ့အခါကျတော့ တစ်ယောက်မှလာပြီး ပြောပြတာမရှိဘူးပေါ့။  နောက်တစ်ခုက ဆီကန်ကနေထုတ်တဲ့အပိုင်းလေးလည်း ကျွန်တော် ပြောပြပါမယ်။ ဆီကန်ကနေ ပီပါတွေနဲ့ ထုတ်တဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ ပီပါအပြာတွေ က ရှင်းရှင်းပြောရရင် Chemical ပီပါတွေပဲ။ ဓာတု ဆေးဝါးတွေထည့်ထားတဲ့၊ ဓာတုပစ္စည်းတွေ ထည့် ထားတဲ့ ပီပါတွေ။ ဒါတွေကို ပြန်ပြီး ဆေးကြောပြီး သုံးနေရတဲ့ အပိုင်းတွေ ရှိတာပေါ့။ ဒါကြောင့်မို့ ကျွန် တော်တို့က စီးပွားကူးသန်းက စားသုံးသူရေးရာ ဦးစီးဌာနနဲ့ ကျွန်တော်တို့နဲ့ ညှိနှိုင်းပြီးတော့ အစားအ စာထည့်တဲ့ ပီပါတွေနဲ့ပဲသုံးသင့်တယ်ဆိုပြီးတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ရှိပါပြီ။ အဲဒီပီပါ တွေကို ကျွန်တော်တို့ ပြည်တွင်းမှာပဲ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ညှိနှိုင်းပြီး သူတို့ကိုကျွန်တော်တို့ ထုတ်ခိုင်းထားပါတယ်။ အဲဒီမှာ အခုလက်ရှိမှာ Popular ပလတ်စတစ်က ထုတ်နေပါတယ်။ သူတို့ ထုတ်ပြီးရောင်းချနေတယ်။ ကျွန်တော်တို့ဆီကလူ တွေလည်းသုံးနေပြီ။ အဲဒါက ဘာလဲဆိုရင် ပီပါအဝါ ကြီးတွေ။ International မှာ သုံးတာက စားသောက် ကုန်မှာ အဝါတွေနဲ့ပဲသုံးတာကို။ chemical 

ကျတော့ အပြာ ပီပါသုံးတာ။ အခုနောက်ပိုင်းကျတော့ ကျွန်တော်တို့က အဝါပီပါတွေပဲ သုံးနေပြီ။ စားသုံးဆီ ထည့်သွင်းလို့လည်း အန္တရာယ်မရှိဘူးပေါ့။ ဒီ chemical တွေ အန္တရာယ် မရှိတော့ဘူးပေါ့။ အဲဒါတွေ ကို ကျွန်တော်တို့က ပြောင်းလဲပြီးတော့ လုပ်နေပြီ။ နောက်ပိုင်းဆိုရင် အဖုံးကို စနစ်တကျ ဖုံးပြီးသယ်မယ်။ သယ်ဖို့လည်း လုပ်နေပါပြီ။ အဲဒါမျိုးလုပ်တဲ့အတွက်ကြောင့်မို့  End  User တွေဆီကိုရောက်တဲ့ အထိကတော့ ကြားမှာ မသမာမှုတွေ ဒီဆီကို မဟုတ်တာ လုပ်တာတွေ တော်တော်လေး လျော့နည်းသွားပါလိမ့်မယ်။ 


မေး - ဟုတ်ကဲ့ နောက်တစ်ချက်က ပြည်တွင်းမှာ နိုင်ငံရေးပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်လာခဲ့မယ်ဆိုရင် ပြည်တွင်း ဆီစားသုံးမှု အဆင်ပြေအောင် ဆီလုပ်ငန်း ရှင်များအသင်းအနေနဲ့ ဘယ်လို ပြင်ဆင်မှုတွေရှိလဲ။ ဘယ်လို အစီအစဉ်များရှိမလဲ။

ဖြေ - ကျွန်တော်တို့ Sector က ကျွန်တော်တို့မှာ အစကတည်းက ကိုဗစ်ကာလက ကြုံခဲ့ဖူးတယ်ပေါ့နော်။ ကိုဗစ်ကာလဆိုရင် တော်တော်ခက်ခဲပါတယ်။ ဘာလို့ ဆို ဟိုဘက်က ယိုးဒယား၊ မလေးရှားတို့၊ အင်ဒိုနီးရှား တို့မှာ စက်ရုံတွေ ပိတ်သွားမလောက်ထိကို ဖြစ်သွားတာပေါ့နော်။ ကျွန်တော်တို့ အဲဒီအချိန် ပိတ်သွားလောက်တဲ့အထိ ဖြစ်တယ်။ နောက်တစ်ခါ နိုင်ငံရေး အပြောင်းအလဲ တစ်ခါတည်းဖြစ်တယ်။ နိုင်ငံရေးကိစ္စလေးတွေ။ နိုင်ငံရေးအပြောင်းအလဲလေးတွေ ဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အချိန်က ၂၀၂၁ ခုနှစ်  နိုဝင်ဘာ လ၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ တောက်လျှောက်ပဲဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အခါ ကျွန်တော်တို့ အသင်းအနေနဲ့  ပြည်တွင်းမှာ စားသုံးဆီ ပြတ်လပ်သွားမှာကိုလည်း စိုးရိမ်တယ်။ ဈေးနှုန်းတွေ ကြီးမြင့်သွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ ဒီစားသုံး ဆီ တင်သွင်းတဲ့ကုမ္ပဏီတွေကို အကုန်ဖိတ်ခေါ်တယ်။ အဲဒီအချိန်မှာ လက်ရှိ တင်သွင်းနေတဲ့ လူတွေရော၊ နောက်ထပ် တင်သွင်းမယ့် ကုမ္ပဏီတွေရော တင် သွင်းပေးကြပါ။ ကျွန်တော်တို့ ဒီစားသုံးဆီ ပြတ်သွားလို့မရဘူး။ ပြည်ပကိုလည်း ကျွန်တော်တို့ တစ်ခါတည်း ချိတ်ဆက်ထားတယ်။ စက်ရုံ အလုပ်အရုံတွေ အားလုံးကို။ ပိတ်တဲ့စက်ရုံလည်းရှိတယ်။ မပိတ်တဲ့စက်ရုံလည်းရှိတယ်။ ဒါတွေကို ကျွန်တော်တို့က အကုန်ချိတ်ဆက်ထားတယ်။ ကျွန်တော်တို့နိုင်ငံက ကျွန်တော်တို့ ဝယ်ယူ ရရှိအောင် ကြိုးစားပြီးတော့ ဆောင်ရွက်တယ်။ အဲဒီလိုမျိုး ဆောင်ရွက်တဲ့အတွက်ကြောင့်မို့ ဒီကာလတွေမှာဆိုရင် ကျွန်တော်တို့ဆီမှာ စားသုံးဆီ ဈေးနှုန်းမကြီးမြင့် သလို မပြတ်သွားဖို့ ပုံမှန် ဝင်အောင် ကျွန်တော်တို့ဆောင်ရွက်နိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အခုလိုမျိုး အခြေအနေကစပြီး နောင်လာမယ့် အနာဂတ်မှာလည်း ပြည်တွင်းစားသုံး ဆီ ပြတ်လပ်မှုကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်။ 


အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နစကဥက္ကဋ္ဌ နှင့် ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီးတို့ နေပြည်တော်၌ ဆွေးနွေး

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved