အမေရိကန်အစိုးရက ရုရှားနဲ့ စေ့စပ်ဆွေးနွေးဖို့ နိုင်ငံရေးဆန္ဒမရှိကြောင်း ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၁
အမေရိကန်အစိုးရဟာ ရုရှားနိုင်ငံနဲ့စေ့စပ်ဆွေးနွေးဖို့ နိုင်ငံရေးဆန္ဒ မရှိကြောင်း၊ ရုရှားနိုင်ငံရဲ့ရပ်တည်ချက်တွေကို သာ ဂရုစိုက်စောင့်ကြည့်နေကြောင်း ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ပြောပါတယ်။
၎င်းက "အမေရိကန်အစိုးရဟာ ရုရှားနိုင်ငံရဲ့ရပ်တည်ချက်တွေကို ကောင်းကောင်းသိပါတယ်။ သမ္မတပူတင်နဲ့ပတ်သက်ပြီး အဓိကအချက်အားလုံးကို အမေရိကန်အစိုးရ ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် အမေရိကန် အစိုးရဟာ ရုရှားနဲ့ စေ့စပ်ဆွေးနွေးမှုတွေ အမှန်တကယ် လုပ်ဆောင်လိုတဲ့ စိတ်ဆန္ဒမျိုးပြသတာမျိုးမရှိဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာအခြေနေပြဿနာပါ" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းဖို့ စေ့စပ်ဆွေးနွေးလိုတဲ့ဆန္ဒရှိဖို့ လိုအပ်ကြောင်း၊ အမေရိကန်ဟာ လက်ရှိအချိန်မှာလည်း စေ့စပ်ဆွေးနွေးရေးအတွက် လိုလားတဲ့ စိတ်ဆန္ဒရှိနေ ကြောင်းကို ပြသခြင်းမျိုးမရှိသေးကြောင်း ပက်ကောဗ့်က ပြောပါတယ်။
အမေရိကန်ဂျာနယ်လစ် တက်ကာ ကာဆန်နဲ့တွေ့ဆုံဆွေးနွေးမှုဟာ ရုရှား နဲ့ အနောက်အုပ်စုကြား ကျယ်ပြန့်တဲ့ ဆက်ဆံရေးလမ်းကြောင်းတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ၎င်းက ပြောပါတယ်။
ရုရှားသမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်ဂျာနယ်လစ်တစ်ဦးနဲ့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် အင်တာဗျူး လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ရုရှားသမ္မတပူတင်ဟာ သတင်းထောက်တက်ကာ ကာဆန် နဲ့ ၂ နာရီကျော် ကြာပြုလုပ်တဲ့အင်တာဗျူးအတွင်း ယူကရိန်းစစ်ပွဲ အပါအဝင် အမေရိကန်ဆက်ဆံရေးအခြေအနေတွေကို အဓိက ထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တက်ကာကာဆန်ဟာ ရုရှားသမ္မတပူတင်နဲ့အင်တာဗျူးကို လူမူကွန်ရက်မှာတင်ခဲ့ရာ တစ်ရက်အတွင်း ကြည့်ရှုသူ သန်း ၁ဝဝ ရှိခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံတွင် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေမှာ (၃၅)ဦးထိ မြင့်တက်လာ
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ