ဖိလစ်ပိုင်နိုင်ငံတွင် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေမှာ (၃၅)ဦးထိ မြင့်တက်လာ
Pika (NSS) - ဖေဖော်ဝါရီ ၁၁
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေမှာ(၃၅)ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ(၁၁)ရက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် ကယ်ဆယ်ရေးသမားများသည် ရွှံ့နွံမြေများကို တူးဖော်ကာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ အဆိုပါမြေပြိုကျမှုသည် Davao de Oro ပြည်နယ် Maco မြို့ရှိ ရွှေတွင်းအပြင်ဖက်တွင် ဖေဖော်ဝါရီလ(၆)ရက် ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်များနှင့် မော်တော်ယာဉ်များ မြေအောက်တွင် ပိမိသွားခဲ့ကြောင်း သိရသည်။
Davao de Oro ပြည်နယ်အရာရှိ Edward Macapili က "ဒီမြေပြိုမှုကြောင့် လူ(၃၅)ဦး သေဆုံးခဲ့ပါတယ်။ အစောပိုင်းမှာတော့ လူ(၂၈)ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ နောက်ထပ်လူ(၇၇)ဦးက လက်ရှိ အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး လူ(၃၂)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ပြောခဲ့သည်။
မြေပြိုမှုများဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် လူ(၃ဝဝ)ကျော် ပါဝင်ကူညီခဲ့သော်လည်း မိုးသည်းထန်စွာရွာသွန်းမှု၊ ရွှံ့နွံများထူထပ်ခြင်းနှင့် နောက်ထပ်မြေပြိုကျမှုများ ဖြစ်ပွားလာနိုင်သည့် အန္တရာယ်များ ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ(၁၁)ရက် နံနက်ပိုင်းတွင် ပြန်လည်စတင်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများ ကျန်ရှိနေသေးသလားဆိုသည့်မေးခွန်းများကို Edward Macapili က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
၎င်းက "အသက်ရှင်ကျန်ရစ်သူတွေ ရှိဖို့က မဖြစ်နိုင်ပေမယ့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်နေပါတယ်။ ခက်ခဲမှုတွေရှိနေပေမယ့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကောင်းဆုံး ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံပြိုကွဲပါက ဒုက္ခသည်(၁ဝ)သန်းခန့် ဂျာမနီနိုင်ငံတွင်းသို့ ထွက်ပြေးလာနိုင်ကြောင်း Welt am Sonntag သတင်းစာ ဖော်ပြ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ