Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ အီရန်လိုလားသောလက်နက်ကိုင်အဖွဲ့များကို ရက်အတန်ကြာ တုံ့ပြန်တိုက်ခိုက်ရန် အမေရိကန်အစိုးရ ခွင့်ပြု

ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂ 

အမေရိကန်အစိုးရသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံတို့ရှိ အီရန်လိုလားသောလက်နက်ကိုင်အဖွဲ့များကို ရက်ပေါင်းများစွာ တိုက်ခိုက်ရန်ခွင့်ပြုပေးလိုက်ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သော အမေရိကန်အစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုလိုက်သည်။ 

ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ အီရန်လိုလားသော လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ရာတွင် ၎င်းတို့နိုင်ငံအတွင်းရှိ အီရန်နိုင်ငံသားများနှင့် အခြားစစ်ဘက်ဆိုင်ရာအဆောက်အဦးများကိုလည်း တိုက်ခိုက်မည့်အစီအစဉ်များလည်း ခွင့်ပြုပေးထားကြောင်း အမေရိကန်အစိုးရက ပြောသည်။


ပြီးခဲ့သောရက်ပိုင်းက ဆီးရီးယား နှင့် နယ်စပ်ချင်းထိစပ်နေသော ဂျော်ဒန်နိုင်ငံ နယ်စပ်အနီးရှိ အမေရိကန် တပ်ဖွဲ့ဝင်များ ဒရုန်းများဖြင့် အတိုက်ခံရပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်တုံ့ပြန်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

"ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်သားတွေ အတိုက်ခံရမှုတွေ အတွက် အမေရိကန်အစိုးရရဲ့လက်တုံ့ပြန်မှုတွေက အဆင့်များစွာရှိနေတယ်။ အဲဒီအဆင့်တွေကို အချိန်တန်ကြာ လုပ်ဆောင်သွားမယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်က ပြောသည်။

အမေရိကန်အစိုးရအနေဖြင့် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို တိုက်ခိုက်မည့်အချိန်ဇယားနှင့်ပတ်သက်ပြီး အသေးစိတ်သတင်းထုတ်ပြန်ခြင်းမျိုးမရှိကြောင်း၊ CBS သတင်းဌာန က ဆိုသည်။ 

အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံထံမှ အကူအညီများ ရရှိနေသော အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် အမေရိကန် နှင့် အစ္စရေးနိုင်ငံတို့ကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်များ အကြိမ်ပေါင်း ၁၅ဝ ကျော် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်သားသုံးဦး သေဆုံးမှုနှင့် အမေရိကန်စစ်သား ၄ဝ ဦး ဒဏ်ရာရခြင်းကို အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ စိတ်ဆိုးဒေါသဖြစ်နေပြီး သမ္မတဂျိုးဘိုင်ဒန်လည်း ဖိအားများဖြင့် ရင်ဆိုင်နေရ ကြောင်း အမေရိကန်အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖေ့ဘွတ်ခ်ပိုင်ရှင်ဖြစ်သူ ဇူကာဘတ်က ၎င်းရဲ့လူမှုကွန်ရက်ကြောင့် ထိခိုက်နစ်နာရသူတွေကို ပြန်တောင်းပန်

RELATED POSTS
RECENT POSTS
ရေတပ်စွမ်းရည်မြှင့်တင်မည့် အင်ဒိုနီးရှားက အိန္ဒိယ၏ ရေငုပ်သင်္ဘောများကို မျက်စိကျနေ
29 Sep 2024
တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ နဲ့ အီရန်ကို ခြိမ်းခြောက်လိုက်တဲ့ အစ္စ ရေးဝန်ကြီးချုပ် နေတန်ရာဟု
29 Sep 2024
နစကရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်နဲ့ သူပုန်အုပ်စုရဲ့တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းတည်ထားတဲ့ NLD ရဲ့ (၃၆)နှစ်ပြည့် ကြေညာချက်၊ နေပြည်တော် ထန်းတပင် VIP နားက သတိပြုဖွယ်ဖြစ်ရပ်နဲ့ စစ်မှုထမ်းကိစ္စ၊ ကုမ္ပဏီ(၁၄ဝ)နီးပါးထဲက (၅၉)ခု (၂၇-၉-၂ဝ၂၄)
28 Sep 2024
ဟီလီနီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၄၃ ဦးသေဆုံးပြီး လူပေါင်းများစွာ အခက်အခဲ ကြုံနေ
28 Sep 2024
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် သေဆုံး
28 Sep 2024
ဝိုင်ဖိုင်ကြိုးတက်ပြင်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား
27 Sep 2024
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
27 Sep 2024
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved