ဖေ့ဘွတ်ခ်ပိုင်ရှင်ဖြစ်သူ ဇူကာဘတ်က ၎င်းရဲ့လူမှုကွန်ရက်ကြောင့် ထိခိုက်နစ်နာရသူတွေကို ပြန်တောင်းပန်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂
Meta အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က ၎င်းရဲ့လူမူကွန်ရက်တွေကို အသုံးပြုကြောင့် ထိခိုက်နစ်နာခဲ့ရသူများအပြင် ၎င်းတို့ရဲ့ မိသားစုများ၊ ဆွေမျိုးများကို ပြန်လည်တောင်းပန်လိုက်ကြောင်း သိရပါတယ်။
Meta ရဲ့ဖေ့ဘွတ်ခ်ကို အသုံးပြုမှုကြောင့် လူငယ်များ အနိုင်ကျင့်ခံရမှုများ တွေ့ကြုံခဲ့ရခြင်းအပြင် အွန်လိုင်းက တဆင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရခြင်းများ တွေ့ကြုံခဲ့ကြောင်း သတင်းများထွက်ပေါ်နေခဲ့ပါတယ်။ ဇူကာဘတ်ဟာ အဆိုပါထိခိုက်နစ်နာခဲ့ရသူအားလုံးကို ပြန်တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖေ့ဘွတ်ခ် တည်ထောင်သူ ဇူကာဘတ်က ၎င်းရဲ့လူမှုကွန်ရက်ကြောင့် လူငယ်များ၊ ကလေးငယ်များအပေါ် အနုတ် လက္ခဏာဆောင်တဲ့သက်ရောက်မှုများရှိခဲ့ခြင်းကို စိတ်မကောင်းဖြစ်ရကြောင်း၊ အဲဒီအတွက်လည်း ပြန်တောင်းပန် ကြောင်း ပြောဆိုခဲ့ပါတယ်။
ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကို သုံးစွဲရာမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားခံရခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ရခြင်း နဲ့ အခြားလူမူရေးအရထိခိုက်နစ်နာရခြင်းတွေနဲ့ပတ်သက်ပြီး နစ်နာသူများနဲ့ မိသားစုဝင်များကိုလျော်ကြေးပေးဖို့ အ စီအစဉ်မရှိသေးကြောင်း ၎င်းက ပြောပါတယ်။
"ကျွန်တော်တို့ရဲ့လူမှုကွန်ရက်အသုံးပြုရင်း ထိခိုက်နစ်နာခဲ့ရသူအားလုံးအတွက် အရာရာတိုင်းကို စိတ်မကောင်းဝမ်းနည်းဖြစ်ရတယ်။ မိသားစု ဒုက္ခရောက်တဲ့ပုံစံမျိုးနဲ့ မဖြတ်သန်းသင့်ဘူး။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ လူငယ်တွေကို ကာကွယ်ပေးနိုင်ဖို့ ရင်းနှီးမြှုပ်နှံ့မှုတွေ ကျယ်ပြန့်စွာ လုပ်ကိုင်သွားမယ်" လို့ ဇူကာဘတ်က ပြောပါတယ်။
အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ Dick Durbin က Meta အမှုဆောင်အရာရှိချုပ်နဲ့ လူမှုကွန်ရက်မီဒီယာအချို့ဟာ အွန်လိုင်းမှာ လူငယ်တွေရင်ဆိုင်နေရတဲ့အန္တရာယ်တွေအတွက် တာဝန်ယူသင့်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီအတွင်းရှိ ဗြိတိန်ကုန်တင်သင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ