ပင်လယ်နီအတွင်းရှိ ဗြိတိန်ကုန်တင်သင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
Pika (NSS) - ဇန်နဝါရီ ၂
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်း၏ ရေတပ် တပ်ဖွဲ့များသည် ပင်လယ်နီအတွင်း သွားလာနေသော အမည်မသိဗြိတိန်ကုန်တင်သင်္ဘောတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖေဖော်ဝါရီလ (၁)ရက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသအပေါ်လုပ်ဆောင်နေသော အစ္စရေး၏ ထိုးစစ်ဆင်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင် အဖွဲ့က ယခင်က ထုတ်ဖော်ပြောခဲ့သည်။
ယီမင်နိုင်ငံ Hodeidah မြို့ အနောက်ဘက်တွင် ဗြိတိန်ကုန်တင်သင်္ဘောတစ်စင်း၏ ညာဖက်ခြမ်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဆိုသည့်သတင်းများကိုရရှိခဲ့ကြောင်း ဗြိတိန်ရေကြောင်းကုန်သွယ်မှုစစ်ဆင်ရေးအဖွဲ့(UKMTO) က ဖေဖော်ဝါရီလ(၁)ရက် အစောပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။
သို့သော်လည်း သင်္ဘောပေါ်ပါ အမှုထမ်းများအားလုံး ဘေးကင်းကြောင်း (UKMTO) က ဆက်လက် ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ ထိုးစစ်ဆင်မှုများ နှင့် ပိတ်ဆို့ထားမှုများကို မရပ်တန့် မချင်း ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဗြိတိန်တို့သည် ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းခဲ့ပြီး ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို ပူးတွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ(၁၉)ရက်ကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီ ၂ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း