မြောက်ကိုရီးယားအစိုးရက အနောက်ဖက်ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည်အများအပြားကို ထပ်မံပစ်လွှတ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂
မြောက်ကိုရီးယားနိုင်ငံသည် ဖေဖော်ဝါရီလ(၂)ရက်တွင် ၎င်း၏ နိုင်ငံအနောက်ဖက်ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည်အများအပြား ပစ်လွှတ်မှုကို ဖေဖော်ဝါရီလ(၂)ရက် နံနက်(၁၁)နာရီအချိန်တွင် တောင်ကိုရီးယားစစ်တပ်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။
ထို့အပြင် တောင်ကိုရီးယားစစ်တပ်သည် အမေရိကန်နိုင်ငံ နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ ထောက်လှမ်းရေးများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့ သည်။
တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက "မြောက်ကိုရီးယားရဲ့နောက်ထပ်လုပ်ဆောင်မှုတွေကို စစ်တပ်က အချိန်ပြည့်အနီးကပ်စောင့်ကြည့်နေပါတယ်။ ပြီးတော့ ဒုံးကျည်ပစ်လွှတ်မှုတွေကိုလည်း အနီးကပ် လေ့လာနေပါတယ်" ဟု ပြောခဲ့သည်။
မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာပြီးနောက် သုံးရက်အကြာတွင် ယခုကဲ့သို့ ပစ်လွှတ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၈)ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရေငုပ်သင်္ဘောပေါ်မှ မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်အမျိုးအစားအသစ် Pulhwasal-3-31 နှစ်စင်း စမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် ရေအောက်သုံး နျူကလီးယားလက်နက်စနစ်နှင့် လောင်စာဆီအခဲသုံး အသံထက်မြန်သည့် ပဲ့ထိန်း ဒုံးကျည်တို့ကို ပြီးခဲ့သည့်လအတွင်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ထုတ်ပြန် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု များတွင် ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခြင်းကို တားမြစ်ထားခြင်းမျိုးမရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ အီရန်လိုလားသောလက်နက်ကိုင်အဖွဲ့များကို ရက်အတန်ကြာ တုံ့ပြန်တိုက်ခိုက်ရန် အမေရိကန်အစိုးရ ခွင့်ပြု
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ