မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်အသစ်ကို စမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၅
မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနဖြစ်တဲ့ KCNA က ဇန်နဝါရီ ၂၄ ရက်မှာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်အသစ် စမ်းသပ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ ဇန်နဝါရီ ၂၄ ရက်ကတည်းက မြောက်ကိုရီးယားနိုင်ငံဟာ ဒုံကျည်တွေ စမ်းသပ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက “Pulhwasal-3-31” အမည်ရှိ ခရုဇ် ဒုံးကျည်အသစ်ကို စမ်းသပ်ခဲ့ကြောင်း၊ ဒုံးကျည်စမ်းသပ်မှုက အိမ်နီးချင်းနိုင်ငံတွေရဲ့လုံခြုံရေးကို သက်ရောက်မှုမရှိ ကြောင်း၊ အဆိုပါဒုံးကျည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်လျက်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါဒုံးကျည်စမ်းသပ်မှုဟာ နိုင်ငံလက်နက်စနစ် ခေတ်မီအောင်လုပ်ဆောင်တဲ့လုပ်ငန်းစဉ်တွေရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ အဆိုပါခရုဇ်ဒုံးကျည်ဟာ နျူကလီးယားတပ်ဆင်နိုင်စွမ်းရှိတဲ့ ဒုံးကျည်စနစ်အသစ် မျိုးဖြစ်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလမှာ နျူကလီးယား တင်ဆောင်ပစ်လွှတ်နိုင်စွမ်းရှိတဲ့ ခရုဇ်ဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ဖူးကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ခရုဇ်ဒုံးကျည် တွေကို ပဲ့ထိန်းဒုံးကျည်တွေထက်နှိုင်းယှဉ်ရင် စိတ်ဝင်စားမှုလျော့နည်းခဲ့ကြောင်း၊ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ပစ်မှတ်ထား ပိတ်ဆို့ခြင်းခံထားရတဲ့အတွက် ခရုဇ်ဒုံးကျည်တည်ဆောက်ရေးကို စိတ်ဝင်စားမှုလျော့နည်းခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ Pulhwasal-3-31 အမည်ရှိဒုံးကျည်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ဆောင်နေဆဲဖြစ်ပြီး နျူကလီးယားလက်နက်များ တပ်ဆင်ပစ်လွှတ်နိုင်စွမ်းရှိနေကြောင်း KCNA သတင်းဌာန က ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုံမှန်လေကြောင်းခရီးစဥ်တွင် လက်မခံသည့် အန္တရာယ်ရှိကုန်ပစ္စည်းများပါ သယ်ဆောင်နိုင်မည့် MNA ၏ ကုန်တင်လေယာဥ် ရန်ကုန်လေဆိပ်သို့ရောက်ရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ