Netflix က ပရီမီယံကြေး စျေးနှုန်းမြှင့်ပြီးနောက် စတုတ္ထသုံးလပတ်အတွင်း စာရင်းသွင်းသူ ၁၃ သန်းကျော် ခုန်တက်
ရောင်နီ (NSS) - ဇန်နဝါရီ ၂၅
Netflix မှ အင်္ဂါနေ့ (ဇန်နဝါရီ ၂၃ ရက်) က ကြေညာချက်အရ စတုတ္ထသုံးလပတ်အတွက် စာရင်းသွင်းမှုပမာဏဟာ ၁၃ သန်းကျော်ထိ ခုန်တက်လာတယ်လို့ သိရပါတယ်။
ဒါဟာ ကုမ္ပဏီအနေနဲ့ Wall Street မျှော်မှန်းချက် ၈.၇ သန်း ထက် သိသိသာသာပိုမြင့်တက်လာတာဖြစ်ပါတယ်။ Netflix မှာ စာရင်းပေးသွင်းသူအများစုဟာ ဥရောပနဲ့ အာရှမှ ဖြစ်ပါတယ်။ အခုဆိုရင် Netflix မှာ စာရင်းသွင်းသူ ၂၆ဝ.၃ သန်းထိ စံချိန်တင် ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် Netflix ရဲ့စတော့ရှယ်ယာတွေဟာလည်း အင်္ဂါနေ့ (ဇန်နဝါရီ ၂၃ ရက်) နာရီပိုင်းအတွင်း ၇ ရာခိုင်နှုန်းကျော် ခုန်တက်သွားခဲ့တယ်လို့ သိရပါတယ်။
ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က စကားဝှက်မျှဝေအသုံးပြုမှု ပိတ်ပင်ခဲ့ပြီး အောက်တိုဘာလက ၎င်းရဲ့ ပရီမီယံကြော်ငြာမဲ့ အစီအစဉ်အတွကိ စျေးနှုန်းကို ၂၂.၉၉ ဒေါ်လာထိ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကုမ္ပဏီဟာ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အခုရလဒ်အရဆိုရင် ကုမ္ပဏီအတွက် မျှော်လင့်ချက် ကောင်းကောင်းရှိနေပြီလို့ ဆိုနိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားဇာတ်လမ်းတွဲ "Mr Queen" မှ ဟာသမင်းသမီး ချာချောင်းဟွာ ကိုယ်ဝန်ရှိကြောင်း ပရိသတ်ထံ အသိပေးလာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း