မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ပတ်သတ်ပြီး လူ ၉ ဦးကို ဗီယက်နမ်တရားရုံး သေဒဏ်ပေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၂
ဗီယက်နမ်အစိုးရဟာ နယ်စပ်ဖြတ်ကျော်ကာ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းဖို့ ကြိုးပမ်းနေတဲ့ ဗီယက်နမ်နိုင်ငံသား ၉ ဦးကို သေဒဏ်ပေးခဲ့သလို အခြားနှစ်ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
ဗီယက်နမ်နိုင်ငံငဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ဥပဒေများချမှတ်ထားတဲ့နိုင်ငံဖြစ်ပြီး ကွပ်မျက်မှုတွေကိုလျိုဝှက်လုပ်ဆောင်ကြောင်း သိရပါပါတယ်။ Nghe An ပြည်နယ်တရားရုံးဟာ မူးယစ်ဆေးဝါးမှုနဲ့ဆက်နွယ်ပြီး စွဲချက်တင်ခံရသူတွေကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
သေဒဏ်ပေးခံရသူတွေမှာ နယ်စပ်ဖြတ်ကျော်ကာ မူးယစ်မှောင်ခိုတင်သွင်းဖို့ ကြိုးပမ်းနေတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါ Tran Thi Mau ဦးဆောင်တဲ့ မူးယစ်ဂိုဏ်းဟာ လာအိုနိုင်ငံက မူးယစ်ဆေးဝါးတွေကို ဝယ်ယူပြီး တောလမ်းထဲကနေ ဗီယက်နမ်နိုင်ငံကိုတင်သွင်းကာ နိုင်ငံအတွင်း ပြန်လည် ဖြန့်ချိရောင်းချဖို့ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါမူးယစ်ဂိုဏ်းဟာ ၂ဝ၂၁ ခုနှစ်နောက်ပိုင်းနဲ့ ၂ဝ၂၂ ခုနှစ်အတွင်း စိတ်ကြွဆေးပြားတွေ၊ ဟီရိုအင်းတွေ အပါအဝင် မူးယစ်ဆေးဝါး ၁ဝ၅ ကီလိုဂရမ် မှောင်ခိုတင်သွင်းရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်နိုင်ငံ ဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးနေပြီး သေဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်နိုင်ငံဟာ မူးယစ်ဆေးဝါးအမှုနဲ့ဆက်နွယ်ပြီး သေဒဏ်ပေးမှုအများဆုံးပြုလုပ်နေတဲ့နိုင်ငံတွေထဲမှာ ဦးဆောင်နေတဲ့နိုင်ငံဖြစ်ကြောင်း သိရပါတယ်။
ဟိုချီမင်းတရားရုံးဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းက တောင်ကိုရီးယားနိုင်ငံသားနှစ်ဦးနဲ့ တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းဖို့ကြိုးပမ်းနေတဲ့ လူပေါင်း ၁၈ ဦးကို သေဒဏ်ပေးခဲ့ကြောင်း သိရပါ တယ်။ ဗီယက်နမ်နိုင်ငံဟာ ၂ဝ၁၃ ခုနှစ် နောက်ပိုင်းတည်းက မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး သေဒဏ်ပေးခံရသူ တွေကို သေနတ်နဲ့ပစ်သတ်မယ့်အစား ဆေးထိုးသတ်ဖို့ ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နောက်တစ်ချီတိုက်ဖို့အတွက် အတင်းအဓမ္မ လူသစ်စုဆောင်းနေတဲ့မြောက်ပိုင်း(၃)ဖွဲ့၊ ဟိုပုန်း-စံဖူးရွာက လက်နက်မှောင်ခိုကားတန်း ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲအခြေအနေများ၊ ပြည်သူ့လုံခြုံရေးစနစ်ကို ကြောက်လန့်စိုးရိမ်နေတဲ့ NUG အဖွဲ့ (၂၂-၁-၂ဝ၂၄)
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း