လက်နက်နှင့် ခဲယမ်းမီးကျည်များ သိုလှောင်ထားသည့်နေရာများကို ရုရှားဖက်က သိနေကြောင်း ယူကရိန်းစစ်ဘက် ဝန်ခံပြောဆို
Pika (NSS) - ဇန်နဝါရီ ၂၂
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတွင် သိုလှောင်ထားသော လက်နက်များနှင့် ခဲယမ်းမီးကျည်များ၏ နေရာကို ဖော်ထုတ်နိုင်စွမ်းရှိပြီး ယင်းနေရာများကို တိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူ ယူရီအစ်ဂ်နက်က ဝန်ခံပြောဆိုခဲ့သည်။
အဆိုပါအချက်ကြောင့် ယူကရိန်းတွင် လက်နက်နှင့် ခဲယမ်းမီးကျည်များအား ဆက်လက်သိုလှောင်ထားရှိခြင်းမှာ အဓိပ္ပါယ်မရှိကြောင်း ယူရီအစ်ဂ်နက်က ပြောခဲ့သည်။ ထို့အပြင် အမေရိကန်ထုတ် F-16 တိုက်လေယာဉ်များကို ယူကရိန်းသို့ထောက်ပံ့ပေးမည်ဆိုပါက အဆိုပါတိုက်လေယာဉ်များမှာလည်း ရုရှားအတွက် အဓိကပစ်မှတ်များ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ယူရီအစ်ဂ်နက်က သတိပေးပြောခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း အနောက်အုပ်စုနိုင်ငံများ၏ ခဲယမ်းမီးကျည်ထောက်ပံ့ပေးမှုများ ပြတ်လပ်ခြင်းနှင့် ပတ်သက်ပြီး ယူကရိန်းဖက်က ပြစ်တင်ပြောဆိုမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ရုရှားတပ်ဖွဲ့များ၏ ဖျက်ဆီး ပစ်မှုများကိုခံရမည့် ခြိမ်းခြောက်မှုများရှိနေသောကြောင့် ယူကရိန်းစစ်တပ်သည် ခဲယမ်းမီးကျည်အမြောက်အမြား ကို သိုလှောင်ထားနိုင်မည်မဟုတ်ကြောင်းလည်း ယူရီအစ်ဂ်နက်က အကြုံပြုပြောဆိုခဲ့သည်။
"ကျွန်တော်တို့တွေ ဒုံးကျည်အမြောက်အမြားကို သိုလှောင်ထားနိုင်မှာ မဟုတ်ပါဘူး။ ဒုံးကျည်တွေကို အခြား တစ်နေရာမှာ သိမ်းထားမယ်ဆိုရင်တောင် ရန်သူတွေက နောက်ပိုင်းမှာသိသွားမှာပါ" ဟု ယူရီအစ်ဂ်နက်က ပြောခဲ့သည်။
ရုရှားထောက်လှမ်းရေးများသည် သိုလှောင်ထားသည့်နေရာများကို ဖော်ထုတ်ရာတွင် ထိရောက်စွာလုပ်ဆောင်နိုင်သောကြောင့် ယူကရိန်းတွင် လက်နက်နှင့် ခဲယမ်းမီးကျည်များ သိုလှောင်ထားရှိရန်မှာ အဓိပ္ပါယ်မရှိကြောင်း ယူရီအစ်ဂ်နက်က ပြောခဲ့သည်။ ၎င်းက "F-16 တိုက်လေယာဉ်တွေကို ယူကရိန်းကို ရောက်ရှိလာပြီဆိုတာနဲ့ အဲဒါကလည်း ရန်သူတွေရဲ့ အဓိကပစ်မှတ်တွေ ဖြစ်လာပါလိမ့်မယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်၏ မိုးပျံပူဖောင်း(၆)လုံး၊ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များကို ကျွန်းအနီးတွင် တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ် အစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း