ရှမ်းမြောက်တိုက်ပွဲများသည် အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူရန် ကြိုးပမ်းခြင်းမျိုးဖြစ်ကြောင်း တပ်ချုပ် ပြော
Pearl (NSS) - ဇန်နဝါရီ ၂၁
ရှမ်းမြောက်တိုက်ပွဲများသည် အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူရန် ကြိုးပမ်းလာခြင်းမျိုးဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၎င်းက ယမန်နေ့ (ဇန်နဝါရီ ၂ဝ ရက်) တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အရှေ့မြောက်ပိုင်းဒေသ တွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ထိုသို့ဖြစ်ပေါ်နေခြင်းမှာ အာဏာကို ဥပဒေနှင့်အညီ ရရှိနိုင်ရန် ဆောင်ရွက်ခြင်းမပြုဘဲ ဖြတ်လမ်းနည်းဖြင့် ရယူရန် ကြိုးပမ်းလာခြင်းမျိုးဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် (၁ဝ၂၇ စစ်ဆင်ရေး)အမည်ဖြင့် ပြီးခဲ့သော ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသရှိ တပ်မတော် လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
လက်ရှိအခြေအနေတွင် MNDAA ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသရှိ လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် စသည့်ဒေသများကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
လက်ရှိတွင် နစက၏ မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖောင်ဆောင်မှုညှိနှိုင်းရေး ကော်မတီ(NSPNC) နှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် တရုတ်နိုင်ငံတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးချိန်အတွင်း နှစ်ဖက်ကြား၌ ဇန်နဝါရီလ ၁၁ ရက်၊ ည ၉ နာရီအချိန်မှစ၍ နှစ်ဖက်တပ်များ ချက်ချင်း အပစ်ရပ်စဲရန် နှင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ ထိတွေ့မှုများ မရှိစေရေးကိုလည်း သဘောတူညီထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံက အစ္စရေးနိုင်ငံကို (ICJ) တရားရုံးမှာ တရားစွဲ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ