ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး စက္ကူစက်ညှပ်ပြီး ပွဲချင်းပြီးသေဆုံး
ဂျန်ဇက် / ကျော် (NSS) - ဇန်နဝါရီ ၉
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် Khok Phra Tha အရပ်ဒေသရှိ စက္ကူစက်ရုံတွင် မြန်မာအမျိုးသမီးတစ်ဦး စက္ကူစက်ညှပ်ကာ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
Khok Phra Tha အရပ်ဒေသရှိ စက္ကူစက်ရုံတွင် အလုပ်လုပ်နေသည့်မြန်မာအမျိုးသမီးသည် စက္ကူကြိတ်စက်ညှပ်ခဲ့သည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် Phanat Nikhom ရဲစခန်းတာဝန်ရှိသူများသည် စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အသက် ၃ဝ အရွယ်ရှိ မြန်မာအမျိုးသမီးသည် စက္ကူစက်ရုံတွင် အသုံးပြုသော စက္ကူကြိတ်စက်ညှပ်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါမြန်မာအမျိုးသမီးသည် စက်ရုံတွင်အလုပ်နေသည့်အချိန်က တစ်နှစ်နီးပါးသာ ရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးသူ၏ သူငယ်ချင်းများက သေဆုံးခဲ့သော မြန်မာအမျိုးသမီးသည် တစ်နေ့တာလုပ်ရမည့်အလုပ်များကို ပြီးစီးအောင်လုပ်ဆောင်ရန်အတွက် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းအစောကြီးကတည်းက စက်ရုံကို သွားရောက်ခဲ့ ကြောင်း၊ ၎င်းတို့စက်ရုံကိုရောက်ရှိချိန်တွင် မြန်မာအမျိုးသမီးကို စက္ကူကြိတ်စက်ညှပ်ကာ သေဆုံးနေသည်ကို တွေ့မြင်ရပြီး စက္ကူစက်အင်ဂျင်လည်း ပိတ်နေခဲ့ကြောင်း ပြောသည်။
"ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်ကတော့ အခင်းဖြစ်တဲ့နေရာ စက်ခန်းကအတွင်းပိုင်းမှာ အလင်းရောင်ကောင်းကောင်းမရှိတာရယ် ပူအိုက်နေတာရယ်ကြောင့် မူးလဲပြီးပြုတ်ကျမိတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားတယ်။ ကျွန်တော်တို့ကတော့ ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး လိုအပ်တာတွေလုပ်ဆောင်သွားမယ်။ နောက်ပြီး မနွေးလှိုင်ရဲ့မိသားစုဝင်တွေအတွက် နစ်နာကြေးရအောင်ကူညီပေးသွားမှာပါ"ဟု မြန်မာနိုင်ငံသားများအားကူညီပေးနေသည့် ကိုကျော်ကျော်က NSS ကိုပြောသည်။
အသက်သေဆုံးခဲ့သော မြန်မာအမျိုးသမီးသည် စက်ရုံကို အစောကြီးလာရောက်ကာ အလုပ်လုပ်သူဖြစ်သော် လည်း ဇန်နဝါရီ ၈ ရက်တွင် စက္ကူစက်အင်ဂျင် ပိတ်နေခဲ့ကြောင်း၊ မျှော်လင့်မထားသည့်အမှားအယွင်းဖြစ်ကာ အသက်သေဆုံးခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း စက်ရုံပိုင်ရှင်၏ ညီဖြစ်သူ Mr. Weeraphong Nokcharoen က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးရုံတက်ရောက်ကုသနေရတဲ့ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ကို ရာထူးက ထုတ်ပယ်သွားမှာမဟုတ်ဟုဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း