ရပ်ထားသည့် (၆)ဘီးကားကို HIJET ယာဥ်မှ ဝင်တိုက်မိခဲ့ရာ လူ(၆)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၃၁
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရပ်ထားသည့် (၆)ဘီးကားကို HIJET ကားမှ ဝင်တိုက်မိခဲ့ရာ လူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာ ၃ဝ ရက်)၊ ည ၆ နာရီ ၃ဝ မိနစ်အချိန်တွင် ဘားအံမြို့၊ တောင်ကလေးအကျဉ်းထောင်အရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“(၆)ဘီးကားက ကျောက်တွေတင်တဲ့ကားပေါ့။ အဲဒီကားက ကားပျက်လို့ လမ်းဘေးမှာ ရပ်ထားတာကို ကောက်ရိတ်ပြီးပြန်လာတဲ့ HIJET ကားက မှောင်နေတော့ ဝင်တိုက်မိတဲ့သဘောပါ” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ဘားအံမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် HIJET ကားပေါ်၌ လိုက်ပါလာသည့် လူ(၈)ဦးအနက် လူ(၆)ဦးမှာ ထိခိုက် ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာက စုစုပေါင်းလူ(၈)ဦးပါတာ။ အဲဒီအထဲကမှ လူ(၆)ဦးက စိုးရိမ်ရတယ်။ ခေါင်းပေါက်သွားကြတဲ့လူတွေ များတယ်။ သူ့ရှေ့မှာလည်း ဆိုင်ကယ်(၂)စီးက အဲဒီရပ်ထားတဲ့ကားကို ရှောင်ရင်း မှောက်သွားသေးတယ်။ လူ(၃)ယောက် ထိခိုက်တာပေါ့။ အဲဒီနေရာက ဖြစ်လေ့မရှိပေမယ့် အဲဒီလမ်းပေါ်မှာတော့ ဖြစ်လေ့ရှိတယ်။ ဂရုစိုက်ပြီးမောင်းစေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ဘားအံမှ တောင်ကလေး စစ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘေးတွဲဆိုင်ကယ်အား လေထိုးနေသူတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း