စစ်လက်နက်ပစ္စည်းဝယ်ယူရေးနဲ့ပတ်သက်ပြီး အကျင့်ပျက်လာဘ်စားတဲ့ ယူကရိန်းစစ်ဘက်အရာရှိကြီးတစ်ဦးကို ဖမ်ဆီး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၄
ရုရှားနဲ့ စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ယူကရိန်းစစ်ဘက်ထိပ်တန်းအရာရှိကြီးများ အကျင့်ပျက်လာဘ်စားမှုတွေ ကျူးလွန်နေတယ်လို့ သတင်းများထွက်ပေါ်နေချိန်မှာပဲ ယူကရိန်းအစိုးရဟာ စစ်ဘက်ထိပ်တန်းအရာရှိကြီးတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
ယူကရိန်းဟာ လက်ရှိအချိန်မှာ ရုရှားနဲ့ နိုင်ငံစစ်ဖြစ်ပွားနေပြီး စစ်လက်နက်ပစ္စည်းတွေ ရယူနိုင်ဖို့ အမေရိကန် ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများထံကနေ အကူညီရယူနေကြောင်း သိရပါတယ်။
ဒါပေမယ့် အနောက်အုပ်စုနိုင်ငံများရဲ့ပံ့ပိုးကူညီမှုတွေကို ယူကရိန်းစစ်ဘက်ခေါင်းဆောင်တွေက အကျင့်ပျက် လာဘ်စားနေကြောင်း သတင်းတွေလည်း ထပ်မံထွက်ပေါ်နေပါတယ်။ ယူကရိန်းထောက်လှမ်းရေး နဲ့ ယူကရိန်း ရှေ့နေအဖွဲ့ရုံးတို့ဟာ အသွင်ယူထောက်လှမ်းခဲ့ပြီးနောက် ယူကရိန်းစစ်ဘက်အရာရှိကြီးတစ်ဦးကို အမေရိကန် ဒေါ်လာသန်း ၄ဝ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းဝယ်ယူရေးနဲ့ပတ်သက်ပြီး အကျင့်ပျက်လာဘ်စားခဲ့တယ်လို့ သံသယရှိကာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းအစိုးရဟာ လက်ရှိအချိန်မှာအဆိုပါ စစ်ဘက်အရာရှိကြီးကို ရာထူးက ထုတ်ပယ်ထားပြီး တရားစွဲသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်းစစ်ဘက်ထိပ်တန်းအရာရှိကြီးတစ်ဦးဟာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရမယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိနေကြောင်း သိရပါတယ်။
အဆိုပါအရာရှိကြီးဟာ စစ်လက်နက်ပစ္စည်းဝယ်ယူရေးနဲ့ပတ်သက်ပြီး အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
ယူကရိန်းသမ္မတဟာ စစ်တပ်အတွင်းဖြစ်ပွားနေတဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို ကိုင်တွယ်နိုင်ခြင်းမရှိသလို အကျင့်ပျက်လာဘ်စားမှုရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ကာကွယ်ရေးဝန်ကြီး ရက်နီကောဗ့်ကို စက်တင်ဘာလအတွင်း ရာထူးက ထုတ်ပယ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်ခဲ့ရာ ကာကွယ်ရေးဝန်ကြီး အသစ်က စစ်တပ်အတွင်းဖြစ်ပွားနေတဲ့အကျင့်ပျက်လာဘ်စားမှုတွေကို နှိမ်နင်းသွားမယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၁ဝ၂၇ စစ်ဆင်ရေး ရည်မှန်းချက် နဲ့ ကွန်ဖက်ဒရိတ်အသွင် နယ်မြေများ ဖြစ်ပေါ်လာခြင်း၏ အန္တရာယ်များ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ