မှော်ဘီမြို့တွင် အိမ်စီးကားတစ်စီး ဘီးပေါက်၍ လမ်းဘေးဓာတ်တိုင်ဝင်တိုက်ခဲ့ရာ (၃)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်း၊ မှော်ဘီမြို့တွင် အိမ်စီးကားတစ်စီး ဘီးပေါက်၍ လမ်းဘေးဓာတ်တိုင်ဝင်တိုက်ခဲ့ရာ (၃)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဂရုဏာကမ်းလက်လူမှုကယ်ဆယ်ကူညီရေး ပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂၀ ရက်)၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် မှော်ဘီမြို့၊ ရန်ကုန်-ပြည်ကားလမ်းပေါ် ဆေးရုံကွေ့အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်စီးကားက ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲနဲ့ လမ်းဘေးက ဓာတ်တိုင်ကို အရင်ဝင်တိုက်တာ။ ပြီးတော့ ရေမြောင်းထဲကို ထိုးကျသွားတာပါ”ဟု ဂရုဏာကမ်းလက်လူမှုကယ်ဆယ်ကူညီရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက် ပါလာသည့် လူ(၃)ဦးတွင် ထိခိုက်ဒဏ်ရာအနည်းရရှိခဲ့ပြီး ကားလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာက (၃)ယောက်ပါတာ။ (၃)ယောက်လုံးက ပွန်းပဲ့ဒဏ်ရာလောက်ပဲရတာ။ ကားကတော့ တော် တော်လေးပျက်စီးသွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အား ဂရု ဏာကမ်းလက်လူမှုကူညီရေးအသင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်ဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျပ်သိန်း ၂၅၀ ကျော်ဖြင့် EV ကား ရရှိနိုင်မည့် ပြိုင်ပွဲပြုလုပ်မည်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း