လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်သည် (၁၉)ဆနီးပါးမြင့်တက်လာကြောင်း UNOCHA ပြော
ယွန်း (NSS) - ဒီဇင်ဘာ ၁၉
လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်များသည် အာဏာမရယူမီ လွန်ခဲ့သောသုံးနှစ်ကထက် (၁၉)ဆနီးပါးမြင့်တက်လာကြောင်း UNOCHA က ခန့်မှန်းထုတ်ပြန်ထားသည်။
UNOCHA က ဒီဇင်ဘာလ(၁၈)ရက်တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်အစီအစဉ်တွင် အထက်ပါကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
နိုင်ငံတွင်းရှိ လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးရှိသည့် လူဦးရေ (၁၈ ဒသမ ၆)သန်းသည် လူသားချင်းစာနာမှုအကူ အညီများ လိုအပ်လျက်ရှိပြီး အဆိုပါလိုအပ်ချက်များ သည် ပြီးခဲ့သည့်နှစ်(၂၀၂၂ ခုနှစ်)ကထက် လူဦးရေတစ်သန်းများလာကြောင်း သိရသည်။
ထို့ပြင် တပ်မတော်ကအာဏာမရယူမီ လွန်ခဲ့သောသုံးနှစ်ကထက် လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်သည် (၁၉)ဆနီးပါးမြင့်တက်လာကြောင်း UNOCHA က ခန့်မှန်းထုတ်ပြန်ထားသည်။
ကလေးသူငယ်များအနေဖြင့် အဆိုပါအကျပ်အတည်းကာလကို ရင်ဆိုင်ခဲ့ရပြီး အိုးအိမ်မဲ့ဖြစ်ရခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့်ဆုံးရှုံးခြင်း၊ စားနပ်ရိက္ခာမလုံလောက်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းများကြောင့် ကလေးသူငယ်(၆)သန်းသည် အကူအညီများလိုအပ်နေကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးအဆင်မပြေမှုများကြောင့် မိသားစုအများအပြားသည် ငွေကြေးဆိုင်ရာဒုက္ခများကို ရင်ဆိုင်နေရပြီး စိုက်ပျိုးရေးအခက်အခဲများနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ပြည်သူများအတွက် အခက်အခဲများပိုမိုများပြားလာကြောင်း UNOCHA ကဆိုထား သည်။ လူသားချင်းဆိုင်ရာစာနာမှုများအတွက် လိုအပ်ချက်များမြင့်တက်လာခြင်းကြောင့် လာမည့် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၅ ဒသမ ၃ သန်းအား အရေးပေါ်ကူညီမှုများဆောင်ရွက်ရန်လျာထားပြီး အဆိုပါကူညီမှုများအတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ရွာရှိတပ်ဖွဲ့ဝင်များကို သေနတ် ပြန်လည်ကိုင်ဆောင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း