နမ့်ဆန်မြို့ရှိ တပ်မတော်၏ ဗျူဟာကုန်းကို TNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်ပြီးနောက် ရရှိခဲ့သော လက်နက်ခဲယမ်းများကို ထုတ်ပြန်လာ
မြူနစ် (NSS) - ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ တပ်မတော်၏ ဗျူဟာကုန်းကို TNLA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ပြီးနောက် ရရှိခဲ့သော လက်နက်ခဲယမ်းများကို အသိပေးထုတ်ပြန်ထားသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ယမန်နေ့(ဒီဇင်ဘာလ ၁၇ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
နမ့်ဆန်မြို့နှင့်တစ်ဝိုက်တွင် အခြေချထားသည့် တပ်မတော်၏ စခန်းကုန်း၊ စခန်းငယ်များကို ဒီဇင်ဘာလ ၁၀ ရက်မှစတင်ကာ TNLA ပူးပေါင်းအဖွဲ့နေဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့စတင်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်တွင် နမ့်ဆန်မြို့နှင့်တစ်ဝိုက်ရှိ တပ်မတော်၏ စခန်းအားလုံးကို သိမ်း ပိုက်နိုင်ခဲ့ကြောင်း TNLA အဖွဲ့က ထုတ်ပြန်ထားသော်လည်း ၎င်းအခြေအနေများနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
ထို့ပြင် နမ့်ဆန်မြို့တိုက်ပွဲအတွင်း တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင် စုစုပေါင်း (၆၄)ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု TNLA အဖွဲ့က ထုတ်ပြန်ထားသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA အနေဖြင့် နမ့်ဆန်မြို့နှင့်တစ် ဝိုက်ကို သိမ်းပိုက်ပြီးနောက်ပိုင်းတွင် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမျိုးစုံ အများအပြားကိုလည်း အသိပေးထုတ်ပြန်ထားသည်။
MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အ ရှေ့မြောက်ပိုင်းအတွင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့အနေ ဖြင့် တပ်မတော်၏လုံခြုံရေးစခန်းများကို သိမ်းပိုက်ထားနိုင်မှု များရှိခဲ့ပြီး နှစ်ဖက်ကြားတွင်လည်း ယခုအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့နှင့် နစက၏ NSPNC ကြားတွင် နိုင်ငံရေးအရဖြေရှင်းရန် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သော်လည်း နှစ်ဖက်ကြား၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ကားတစ်စီး လမ်းလယ်ရှိ ထန်းပင်အားဝင်တိုက်မိပြီးနောက် ဝါယာရှော့ဖြစ်ကာ မီးလောင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ