အင်းစိန်မြို့နယ်တွင် တက္ကစီ နှင့် ဆိုင်ကယ်တို့တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ ပြင်းထန်ဒဏ်ရာရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် တက္ကစီ နှင့် ဆိုင်ကယ်တို့တိုက်မိရာမှ ဆိုင်ကယ်မောင်းသူအမျိုးသား ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်)၊ ည ၇ နာရီအချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ပြည်တော်သာလမ်းဆုံ၊ GTI ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အင်းစိန်ဘက်ကလာတဲ့ တက္ကစီက ရွှေပြည်သာဘက်ကမောင်းလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိတာပါ့။ ဆိုင်ကယ်ရဲ့ ဘယ်ဘက်ခြမ်းကို ဝင်တိုက်မိတာ။ အဲဒီလမ်းကွေ့မှာက လမ်းမီးမရှိတော့ ဝင်တိုက်မိတာပါ” ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၄၀)ကျော်ဝန်းကျင်အရွယ် ရှိ ဆိုင်ကယ်မောင်းနှင်သူအမျိုးသားတွင် ဝဲဘက်ခြေထောက် အရိုးကျိုးဒဏ်ရာနှင့် ပြင်ပထိခိုက်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့ ဆိုင်ကယ်က အမျိုးသားက ဘယ်ခြေထောက်ကြေမွပြီးအရိုးလည်းကျိုးတယ်။ အခြားဒဏ်ရာတွေလည်း နည်းနည်း ရတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ ဆိုင်ကယ်တော့ပျက်စီးသွားတာပေါ့။ အဲဒီနေရာက လမ်းမီးမရှိတော့ ခဏခဏဆိုသလို ဖြစ်လေ့ရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီဝယ်ယူသုံးစွဲမှုအခြေအနေကို Software စနစ်ဖြင့် ကြီးကြပ်စောင့်ကြည့်နိုင်ရေး အကောင်အထည်ဖော်ရန် စွမ်းအင် ဒုဝန်ကြီးတိုက်တွန်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း