လက်နက်ကိုင်တိုက်ပွဲများဖြစ်နေမည်ဆိုပါက လူ့အခွင့်အရေးမှေးမှိန်အားနည်းနေမည်ဟု ဒုတပ်ချုပ် သတိပေး
Pearl (NSS) - ဒီဇင်ဘာ ၁၁
အခြေခံလူ့အခွင့်အရေးရရှိရန် မည်မျှပင် ကြိုးပမ်းသော်လည်း လက်နက်ကိုင်တိုက်ပွဲများဖြစ်နေမည်ဆိုလျှင် လူ့အခွင့်အရေး မှေးမှိန် အားနည်းနေမည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သတိပေးပြောကြားထားခြင်းဖြစ် သည်။
၎င်းက ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်)တွင် နေပြည်တော်၌ ကျင်းပသော (၇၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ ရေးနေ့အခမ်းအနား၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်မက်ဖြစ်ပွားမှုနှင့် မငြိမ်းချမ်းမှုများ၊ နိုင်ငံအချင်းချင်း အားပြိုင်မှုများနှင့် စွက်ဖက်ခြယ်လှယ်ကျူးကျော်လိုမှုများ၊ ကပ်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များနှင့် ယင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် လူသားများ၏ အခြေခံလူ့အခွင့်အရေးများ ထိပါးခံနေကြရသည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူ့အခွင့်အရေးတို့သည် အပြန်အလှန် ပတ်သက်ဆက်နွယ်မှုရှိနေပြီး ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုရှိမှသာ အခြေခံလူ့အခွင့်အရေးများကိုလည်း ပိုမိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
နစကအနေဖြင့်လည်း နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ လျော့နည်းပပျောက်ပြီး ငြိမ်းချမ်းမှုရရှိရန် အား ထုတ်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အခြေခံလူ့အခွင့်အရေးများရရှိရန် မည်မျှပင် တိုက်တွန်းကြိုးပမ်းကြသော်လည်း တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေလျှင်၊ ဆူပူအကြမ်းဖက်မှုများ လက်နက်ကိုင်တိုက်ပွဲများဖြစ်နေမည်ဆိုလျှင် အဆိုပါဒေသများတွင် လူ့အခွင့်အရေးများသည်လည်း မှေးမှိန်အားနည်းနေမည်ကို သတိထားကြရမည်ဖြစ် ကြောင်းဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံသားအားလုံး၏အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းပြောကြားထားသည်။
လက်ရှိတွင် နိုင်ငံတွင်းဖြစ်ပွားနေသော စစ်ပွဲများကြောင့် လူပေါင်း သိန်းနှင့်ချီ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့လုပ်ရပ်တွေ လုပ်ဆောင်နေခြင်းကို ရပ်တန့်ဖို့ အမေရိကန်တောင်းဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း