လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး
Pearl (NSS) - ဒီဇင်ဘာ ၈
လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် ပြီးခဲ့သော ဒီဇင်ဘာ လ (၆)ရက်၊ နယူးဒေလီမြို့တွင်ကျင်းပသော မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ၌ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာဗီနေးမိုဟန်ကွာထရာနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် အပါအဝင် နယ်နိမိတ်ဆိုင်ရာများ နှင့် နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ နှင့် အိန္ဒိယ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ကြား မကြာခင်၌ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
အလားတူ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ကောင်စစ်ဆိုင်ရာ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးလွင်ဦးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာအား သွားရောက်တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပေါင်းစည်းချိတ်ဆက်မှု ကဏ္ဍအပါအဝင် အကျိုးတူပူးပေါင်းဆောင် ရွက်မှုများ ပိုမိုမြှင့်တင်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း