မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့မှု မိုးညှင်းမြို့၌ဖြစ်ပွားခဲ့
ကျော် (NSS) - ဒီဇင်ဘာ ၆
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မြို့ရှောင်လမ်းပေါ်၌ ယနေ့ (ဒီဇင်ဘာလ ၆ ရက်)၊ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
ယနေ့၊ နံနက် ၉ နာရီခန့်က မိုးညှင်းမြို့၊ မိုးညှင်းတက္ကသိုလ်အနီး မြို့ရှောင်လမ်းပေါ်တွင် အမျိုးသမီးတစ်ဦးနှင့်၎င်း၏သား(၃)ဦးတို့ လမ်းလျှောက်နေ စဥ် မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။
"သူတို့ သားအမိလေးယောက်လမ်းလျှောက်နေတုန်းပေါက်ကွဲသွားတာ။ ပေါက်ကွဲတဲ့အသံအကျယ်ကြီးပဲ ကလေးနှစ်ယောက်ဆိုရင် ထိထားတာမြင်မကောင်းဘူး။ သူတို့ရဲ့အမေနဲ့နောက်ထပ်ကလေးအငယ်ဆုံးတစ်ယောက်ကလွတ်တယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဥ်တွင် အသက်(၆)နှစ်အရွယ်ရှိ ကလေးငယ်သည် ဝမ်းဗိုက်ပေါက်ထွက်သွားသဖြင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက မိုညှင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် သေဆုံးသူကလေးငယ်၏ အစ်ကိုဖြစ်သူတွင်လည်း မိုင်းစများထိမှန်မှုကြောင့် ခြေထောက်ကျိုးကာ မျက်နှာတွင်လည်း ဒဏ်ရာများရရှိထားသဖြင့် လူမှုကူညီရေးအသင်းဝင်များက မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သဖြင့် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ကူညီပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီအရောင်းဆိုင်များသို့ ဆီဖြန့်ဝေပေးရန် ဆီတင်သင်္ဘော(၈)စီးထက်မနည်း အဆင်သင့်ရောက်ရှိနေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း